10 New Sectors Given Priority in Export Strategy

0
311

Myo Sandar

Myanmar started drafting a National Export Strategy (NES) in 2013 and has been implementing the strategy since 2015. When the current NES ends, the Ministry of Commerce will extend it for five more years, with 10 additional sectors placed on the priority list.
The new prioritized sectors include agricultural products, food processing, textiles and garment, industry and power, fishery products, forestry products, digital products and services, logistics services, quality management, trade information services and innovation and entrepreneurship.
“We are still lagging behind other countries in exports but we are working to accelerate them. We are implementing the 2020-2025 NES to reduce the government’s role in doing this,” Deputy Minister of Commerce U Aung Htoo said at a January 31 press conference held by the ministry in Yangon.
The government is poised to form an export promotion board, which will work in cooperation with other government bodies at Union and regional levels.
Permanent Secretary for Commerce U Aung Soe said the NES will help micro, small and medium sized enterprises (MSMEs), exporters and distributors find new markets.
Under the National Export Strategy 2015-2020, five sectors are prioritized, including rice, beans, oil seeds and rubber; tourism and finance; fruits and vegetables; gems and jewelry; and handicrafts.
Foreign trade volume increased to over $35 billion in fiscal 2018-2019 from $27 billion in 2015-2016, the beginning of the current Export Strategy, according to data from the Commerce Ministry. This year’s foreign trade target is $43 billion.


Myanmar Summary

အမျိုးသားပို့ကုန်မဟာဗျူဟာကဏ္ဍ ၁၀ ခုဖြင့် ငါးနှစ်စီမံကိန်းဆက်လက်အကောင်အထည်ဖော်မည်

 

ပထမဆုံးအမျိုးသားပို့ကုန်မဟာဗျူဟာစီမံကိန်း(NES)ဖော်ဆောင်ရန် ၂၀၁၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ကာ ၂၀၁၅ ခုနှစ်မှစတင်ပြီး ငါးနှစ်အကြာအထိ လက်တွေ့အကောင်အထည်ဖော်သည့်အဆင့်ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက်အလားအလာရှိသော ပို့ကုန်များတိုးတက်ရေးရည်မှန်းချက်ဖြင့် ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ငါးနှစ်စီမံကိန်းတစ်ရပ်ကို ဆက်လက်ဖောင်ဆောင်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ငါးနှစ်ကြာမည့်စီမံကိန်းအတွက် ဦးစားပေးကဏ္ဍအပါအဝင် အထောက်အကူပြုကဏ္ဍများပါသည့် စုစုပေါင်း ကဏ္ဍ ၁၀ ခုခန့်ကို ထည့်သွင်းထားသည်။ ယင်းကဏ္ဍများတွင် လယ်ယာ ထွက်ကုန်ပစ္စည်းအခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍနှင့် တီထွင်ဆန်းသစ်မှု နှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်း ကဏ္ဍတို့ ပါဝင်သည်။

“ သူများနိုင်ငံ တွေရဲ့ ပို့ကုန်တွေကိုတော့ လိုက်လို့မမီသေးပါဘူး။ ဒေသတွင်းမှာ နည်းတယ် နည်းပေမယ့် စနစ်တကျနဲ့ အခုလိုဆောင်ရွက်နိုင်ပြီး တဖြည်းဖြည်းနဲ့ အရှိန်အဟုန်ရလာမှာ ဖြစ်တဲ့အတွက် ဆက်ကာဆက်ကာ ဆောင်ရွက်ရမှာပါ။ ငါးနှစ်ပြီး နောက်ထပ် ငါးနှစ် အရှိန်အဟုန်မြှင့်သထက်မြှင့်ပြီးတော့ အစိုးရက ပံ့ပိုးပေးစရာ ဦးဆောင်ပြီးတော့ အကောင်အထည်ဖော်ပေးစရာ မလိုတဲ့အထိကို ဆက်လုပ်သွားမှာပါ” ဟု အဆိုပါဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

ဒုတိယအကြိမ် အကောင်အထည်ဖော်မည့်စီမံကိန်းနှင့်ဆိုင်သည့် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၃၁ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင်ပြုလုပ်ခဲ့ပြီး အဆိုပါစီမံကိန်းအပြင် ပို့ကုန်မြှင့်တင်ရေး ဘုတ်အဖွဲ့ကို လည်း ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ကာ ထိုသို့ ပို့ကုန်မြင့်တင်ရေးဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအပါအဝင် အခြားပြည်နယ်နှင့် တိုင်းအစိုးရများပါပူးပေါင်းပါဝင်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း  ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆက်လက်ပြောသည်။

ယခု NES စီမံကိန်းကြောင့် အငယ်စား၊အသေးစားနှင့်အလတ်စား MSMEs လုပ်ငန်းများနှင့် ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်းများတွင် ပို့ကုန်တင်ပို့ရောင်းချသူများသည့် ဈေးကွက်အသစ်များကို ရရှိနိုင်သည့် အခွင့်အရေးများရရှိမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ဆက်လက်ပြောကြားခဲ့သည်။

ယခင်က ဆောင်ရွက်ခဲ့သည့် NES ၂၀၁၅-၂၀၂၀ စီမံကိန်းတွင် ဆန်စပါး ၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ၊ ရော်ဘာ၊ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဘဏ္ဍာရေးကဏ္ဍ ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ၊ ကျောက်မျက်နှင့်လက်ဝတ်ရတနာကဏ္ဍ၊ လက်မှုအနုပညာပစ္စည်းကဏ္ဍတို့ကို အဓိကပို့ကုန်များအဖြစ် ဦးစားပေးဆောင်ရွက်ခဲ့ပြီး ယင်းပို့ကုန်နှင့်ကဏ္ဍများကိုလည်း ဆက်လက်တိုးတက်ရေးဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၅-၂၀၂၀  (၅) နှစ်အကြာစီမံကိန်း၏ စတင်အကောင်အထည်ဖော်သည့် ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံခန့်သာရှိခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများနှင့် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံကျော်အထိ ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းများ အရသိရသည်။ ပို့ကုန်တင်ပို့မှှုအနေဖြင့်လည်းနှစ်စဉ် တိုးတက်ခဲ့ကြောင်း ဝန်ကြီးဌာန၏ နှစ်အလိုက်စာရင်းများတွင် နှှိုင်းယှဉ်ကြည့်နိုင်သည်။

Previous articleLagonpyin Project to Start Supplying Water in 2022
Next articleDigital Payments Launched for SME Registration