11 Local Banks to Provide SME Loans

0
769
Reuters

 

Five more banks will join Phase 2 of the JICA-funded two-step SME loan program, taking the number of participating banks to 11. The banks will use K14 billion funding from JICA to provide loans to local SMEs.
The 11 banks include Myanmar Citizens Bank, Myanmar Economic Bank, KBZ Bank, CB Bank, AYA Bank, First Private Bank, United Amara Bank, SME Development Bank, MAB Bank, MOB Bank and Naypyidaw Municipal Bank.
Enterprises that meet the requirements set under the SME Development Law enacted in 2015 are eligible to apply for the loans.
Those ineligible include farmers – who have access to loans from Myanmar Agricultural Development Bank – real estate services, financial and insurance services, entertainment businesses and weapons makers.
SMEs can borrow up to K50 million at 8.5 to 13 percent, depending on the size of the collateral.
The terms of the loans are for one to five years. At least 80 percent of total loan amount must be used for fixed capital purposes and the remainder for working capital.
During the program’s Phase 1, six local banks lent a total of K57.634 billion to 269 SMEs. Under Phase 2, loans worth K83.258 billion have been granted to 489 SMEs as of November 2019.


Myanmar Summary

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်(၁) အရ ပြည်တွင်းဘဏ် (၆) ခုတွင် အသေးစားအလတ်စားလုပ်ငန်းများကို ထုတ်ချေးခဲ့ရာမှ စီမံကိန်းအဆင့်(၂)အရ ပြည်တွင်းဘဏ် (၁၁) ဘဏ်တွင် ထုတ်ချေးပေးနိုင်စီစဉ်လိုက်သည်။

စီမံကိန်းအဆင့်(၂)အရ ဂျပန်ယန်း သန်း (၁၀၅၀၀) နှင့် ညီမျှသည့် မြန်မာကျပ် ၁၄၀ ဘီလီယံကျော်ကို အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များ (SMEs)ကို ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ထားသည်။

စီမံကိန်းအဆင့်နှစ်တွင် ထုတ်ချေးနိုင်မည့် ပြည်တွင်းဘဏ်များမှာ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ် ၊ မြန်မာ့စီးပွားရေးဘဏ် ၊ သမဝါယမဘဏ် ၊ ဧရာဝတီဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ယူနိုက်တက် အမရာဘဏ် ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် နေပြည်တော်စည်ပင်ဘဏ်တို့မှ ထုတ်ချေးပေးသွားမည်ဖြစ်သည်။

အဆိုပါ ဘဏ်များတွင်  SMEs လုပ်ငန်းများသည် ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့သော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းဖွံ့ွဖြိုးတိုးတက်ရေးဥပဒေနှင့် ညီညွတ်သည့် လုပ်ငန်းများ ချေးငွေလျှောက်ထားနိုင်ကြောင်း သိရသည်။

ယင်းချေးငွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မီသည့် လယ်သမားများ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းများ၊ အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများ၊ အရက်ဆိုင်များနှင့်စားသောက်ဆိုင်လုပ်ငန်းများ၊ ဖြေဖျော်မှုတင်ဆက်မှုလုပ်ငန်းများနှင့် လက်နက်ခဲယမ်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းများမှလွဲပြီး ကျန်အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ အနေဖြင့် ချေးယူနိုင်မည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

SMEs လုပ်ငန်းများသည်  ကျပ် သန်း (၅၀၀) အထိ အများဆုံးထုတ်ချေးနိုင်ပြီး အတိုးနှုန်းမှာ အပေါင်ပစ္စည်းအပေါ်မူတည်ပြီး အနည်းဆုံး ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် အများဆုံး ၁၃ ရာခိုင်နှုန်းသတ်မှတ်ထားကြောင်း သိရသည်။

ချေးငွေသက်တမ်းကို အနည်းဆုံး ၁ နှစ်မှ အများဆုံး ၅ နှစ်အထိ သတ်မှတ်ထားပြီး ပုံသေရင်းနှီးငွေအတွက် ချေးငွေ၏ ၈၀ ရာခိုင်နှုန်းကို အသုံးပြုရမည်ဖြစ်ပြီး လည်ပတ်ရင်းနှီးငွေအတွက် ချေးငွေ၏ ၂၀ ရာခိုင်နှုန်းကို အသုံးပြုရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည် ။

JICA SME နှစ်ဆင့်ချေးငွေအဆင့် – ၁ အရ ပြည်တွင်းဘဏ်ခြောက်ဘဏ်မှတဆင့် ကျပ် ၅၇၆၃၄ သန်း ၊ လုပ်ငန်းရှင် ၂၆၉ ဦးကို ထုတ်ချေးခဲ့ပြီး အဆင့် – ၂ အရ ယမန်နှစ်နိုဝင်ဘာလကုန်အထိ  လုပ်ငန်းရှင် ၄၈၉ ဦး ၊ ငွေကျပ် ၈၃,၂၅၈ သန်း ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။

SOURCEMyo Sandar /Myanmar Business Today
Previous articleChin Lailenpi Airport to Be Completed in May
Next articleCBM Allows Interbank Money Market Transactions