HomeBusiness16,350 Acres Taken Back from Companies for Failing to Implement Anything

16,350 Acres Taken Back from Companies for Failing to Implement Anything

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

The government has taken back 16,450 acres of land it has granted to private companies for various purposes such as plantation or livestock breeding, because companies failed to implement anything on the granted lands, according to the Central Committee of Land Management.

It has taken back a total of 1,567,619.13 acres out of 2,342,600 acres it has granted to companies.

The committee held its 28th meeting on July 21 where Dr. Aung Thu, Union Minister of the Ministry of Agriculture, Livestock and Irrigation, who chair the committee urged the members of the committee to take back the permit if the company fails to do anything with the granted lands in four years or to renew the permit if they do, and collect the taxes.


သတ်မှတ်ကာလအတွင်း လုပ်ငန်းဖော်ထုတ် လုပ်ကိုင်ခြင်း မရှိသည့် (၁၆၄၅၀)ဧကအား ပြန်လည် သိမ်းဆည်းမည်ဖြစ်ကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ မှသိရသည်။

အထူးအဖွဲ့များ၏စစ်ဆေးတွေ့ရှိချက်များအရယခင်ခွင့်ပြုဧရိယာ(၂၃၄၂၆၀၀)ဧကအနက် စည်းကမ်းချက်နှင့်ညီညွတ်မှုမရှိ၍ ပြန်လည်သိမ်းဆည်းခဲ့သည့် မြေဧရိယာ စုစုပေါင်းမှာ(၁၅၆၇၆၁၉ ဒသမ ၁၃)ဧက ရှိပြီဖြစ်ကြောင်းမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ မှသိရသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၂၈ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်နေ့ကကျင်းပခဲ့သည်။

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ကိုင်ခွင့် ရယူထားပြီး စည်းကမ်းချက်သတ်မှတ် ကာလ(၄)နှစ်ပြည့် မြောက်ပြီးချိန်အထိ မြေပြင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိသော လုပ်ကိုင် ခွင့်ချထားမြေများအား ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်း နိုင်ရေးနှင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ထားသော မြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေးနိုင်ရေး လုပ်ငန်းများ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ကိုင်ခွင့်ရသူများထံမှ မြေခွန်တော် ကြွေးကျန်များ ပြေကြေစွာ ကောက်ခံရရှိရန် လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ရန် ဥပဒေပြဋ္ဌာန်း ချက်အတိုင်း တိတိကျကျ ဆောင်ရွက်ရန်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကပြောသည်။

လုပ်ငန်းဖော်ထုတ် လုပ်ကိုင် လျက်ရှိသော ဧရိယာများအား ၂၀၁၂ ခုနှစ် ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် အညီ ယင်းဥပဒေ စတင်အသက် ဝင်သည့် နေ့မှစ၍ နောက်ကြောင်းပြန် ကောက်ခံသွားရန် မြေခွန်ကောက်ခံခြင်း နည်းဥပဒေ ၂ (ခ) အရ အထူးအဖွဲ့များ ဖွဲ့စည်း၍ မြေပြင်အမှန်စိုက် ဧကများ သိရှိရန် စိစစ်ဆောင်ရွက်ပြီး အမှန်စိုက်ဧကကို စည်းကြပ်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img