18-Point Requirement for Integrated Fish-Chicken Farming

0
176

In October of last year, Myanmar Fisheries Federation called for a ban on integrated fish-chicken farming, in which chicken are raised over fish ponds. However, the practice has yet to be terminated.
As farmers have been unable to immediately separate fish and chicken sections on their farms, Myanmar Livestock Breeding Federation on January 6 adopted an 18-point requirement for this type of integrated farming.
The ban urged by Myanmar Fisheries Federation is aimed at ensuring consumer safety; breeding practices with no bearing on consumer safety will therefore be allowed.
Key points include limiting the number of chicken raised at integrated farms to 100 for meat chicken and 800 for layers. Fish raised at these farms can only be caught and sold in the market 21 days after chicken bred over the ponds are produced.
“We will follow the requirements to help both chicken breeding and fish breeding,” said Dr. Kyaw Htin, first vice president, Myanmar Livestock Breeding Federation.
The controversial farming practice started spreading in Myanmar 10 years ago. Breeders in Yangon have used it to breed over six million chicken and 50 percent of the fish in the market.
As fish-chicken integrated farming is not accepted by foreign buyers, it has been a hindrance to Myanmar’s fisheries exports. Myanmar Fisheries Federation hence called for a ban on the practice during a meeting with Vice President U Myint Swe.
“Before, breeders who used this practice would feed the fish nothing but chicken feces. Now they have started feeding them,” said Dr. Kyaw Htin. “Moreover, we are seeing increased production of chicken and eggs making the country self-sustained for domestic consumption.”


Myanmar Summary

ငါးမွေးမြူရေး လုပ်ငန်းများတွင် ကြက်တွဲဖက်မွေးမြူခြင်းများ နောက်ပိုင်းတွင် မရှိစေရန် မွေးမြူရေးလိုင်စင် စတင်ချပေးသည်နှင့် တစ်ပြိုင်နက် ကြိုတင် သတ်မှတ်ပေးရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် မှ ယမန်နှစ်အောက်တိုဘာလအတွင်းက တောင်းဆိုခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံအတွင်း ကြက်နှင့်ငါးတွဲဖက်၍ မွေးမြူသူများ အနေဖြင့် အလေ့ကျင့်ကောင်း ၁၈ ချက်ဖြင့် စတင်ကာ မွေးမြူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက်နေ့တွင် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က အတည်ပြုခဲ့သည်။

လက်ရှိတွင် ကြက်ခြံနှင့် ငါးတွဲဖက်မွေးခြင်းများကို သီးခြားစီ ခွဲ၍ မွေးမြူခြင်းမဆောင်ရွက်နိုင်မီကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းသော ထုတ်ကုန်များ အဖြစ် ထုတ်လုပ်နိုင်ရေး ဦးစားပေးဆောင်ရွက်သင့်သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တင်ပြထားသည်။

အဆိုပါမွေးမြူရေး စနစ်တွင် စားသုံးသူနှင့် မွေးမြူသူများပါ ထိခိုက်မှှုမရှိစေသည့် အချက်များဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

အတည်ပြုလိုက်သည့် အချက်များတွင် ငါးတစ်ဧကမွေးမြူရာတွင် အသားစားကြက်  အကောင်ရေ တစ်ရာထက် ပိုမိုမထည့်ရန် နှင့် ဥစားကြက်ဖြစ်ပါက အကောင်ရေ ၈၀၀ ထက် ပိုမိုမထည့်ရန် သတ်မှတ်ထားသည်။ မွေးမြူထားသည့်ငါးကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်မီ ကြက်ကိုထုတ်လုပ်ပြီး ၂၁ ရက်အကြာမှ တင်ပို့ရန် စသောအရေးပါသည့် အချက်များအပါအဝင် အချက် ၁၈ ချက်ကို လိုက်နာရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

“ ကိုယ့်ရဲ့ လုပ်ငန်းစဉ်အရ လိုက်နာရမယ့်အပိုင်းတွေကို လိုက်နာသွားမယ်။ ဒီလိုလိုက်နာခြင်းအားဖြင့် သူ့ရဲ့ ငါးမွေးမြူရေးရော ကြက်မွေးမြူရေးရော အောင်မြင်အောင်လုပ်ဆောင်နိုင်မယ့်အတွက် ဒါကိုလုပ်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဌ (၁) ဒေါက်တာကျော်ထင်ကပြောသည်။

မြန်မာနိုင်ငံတွင်း ကြက်ငါးတွဲဖက်မွေးမြူခြင်းမှာ လွန်ခဲ့သည့် ၁၀ နှစ်နီးပါးမှ စတင်ကာ တွင်ကျယ်လာခဲ့ပြီး လက်ရှိတွင် ကြက်ငါးမွေးမြူမှှုအဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြက်ကောင်ရေ သိန်း ၆၀ကျော် ရှိနေပြီး ငါးများမှာ ဈေးကွက်အတွင်းရှိပမာဏ ၏ ၅၀ ရာခိုင်နှှုန်းခန့်ရှိကြောင်း သိရသည်။

ကြက်ငါးတွဲဖက်မွေးမြူခြင်းအားဖြင့် ပြည်ပနိုင်ငံများသို့ မွေးမြူရေးငါးများတင်ပို့ရာတွင် အဟန့်အတားများစွာ ဖြစ်ပေါ်စေနိုင်သည့်အတွက် အဆိုပါတွဲဖက်မွေးမြူခြင်းများ မပြုလုပ်ရန် အစိုးရအနေဖြင့် တားမြစ်ပေးသင့်ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ သမ္မတနှင့် တွေ့ဆုံပွဲတွင် တင်ပြတောင်းဆိုထားသည်။

“ အရင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတော့ ကြက်ငါးတွဲမွေးတဲ့ နေရာမှာ ဘာအစာမှ မကျွေးပဲနဲ့ မွေးခဲ့တာရှိတယ်။ အခုဆိုရင် အဲဒီလိုမဟုတ်တော့ဘူး ။ အစာတွေကို တွဲဖက်ပြီးတော်တော်လေး ကျွေးလာတယ်။ ပြီးတော့ အခုဆိုရင် ကြက်သားနဲ့ ဥ ထုတ်လုပ်ရေးတွေမှာလည်း အများကြီးတိုးတက်လာတယ်။ အရင်ကဆိုရင် ပြည်ပနေတင်သွင်းရတာတွေရှိပေမယ့် အခုဆိုရင် တစ်ခါတစ်လေ နယ်စပ်တွေကိုတောင်ပြန်ပို့နေရတာရှိနေပြီ” ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဌ (၁) ဒေါက်တာကျော်ထင်က ပြောသည်။

SOURCETin mg Oo /Myanmar Business Today
Previous articleWave Money Records K6 Trillion in Transactions
Next articleYangon to Cancel Self-help Electrification Programs