60-Ton Weight Cap for Imported Heavy Machinery

0
233
Zarni Min Naing/MBT

Ei Thandar Tun

The Ministry of Commerce recently announced via a statement that a 60-ton weight cap applies to all imported construction and commercial-use machinery. The weight restriction is in line with bridge load limit in Myanmar.
Companies must ensure that they do not damage roads and bridges when moving their heavy machinery from one place to another. If the combined weight of machinery and transport vehicle exceeds 60 tons, the machinery must be dismantled and transported part by part, according to the ministry’s announcement.
Moreover, only service providers who offer a warranty, spare parts and after-sale services will be allowed to import heavy machinery. Importers must have a space of at least three acres for warehouse, repair workshop and sales center.
Importers are required to report annually to the Department of Road Transport Administration information including the brand and quantity of the machinery they import as well as where it will be used and which company will use it.
Imported machinery must be brand-new and of a model year no more than three years old, and the import quantity must be in line with requirements set by the Motor Vehicle Import Supervisory Committee..


Myanmar Summary

ယခုနှစ်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများနှင့် လုပ်ငန်းသုံး ယန္တရားများကို အရောင်းပြခန်းတွင် ရောင်းချရန် တင်သွင်းမည်ဆိုပါက တန်ချိန် ၆၀ ထက်မပိုသည့် ယန္တရားယာဉ်များကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တင်သွင်းလာသည့် လုပ်ငန်းသုံးယန္တရားများ၏ Vehicle Weight သည် တန် ၆၀ထက် မပိုရန် သတ်မှတ်ရခြင်းမှာ မြန်မာနိုင်ငံ၏ လမ်းတံတားများ ခံနိုင်ဝန်ကြောင့်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ယန္တရားများကို ရန်ကုန်ဆိပ်ကမ်းမှ သိုလှောင်ရုံသို့လည်းကောင်း၊ အရောင်းစင်တာသို့ လည်းကောင်း၊ အရောင်းစင်တာမှ ဝယ်ယူပြီး သက်ဆိုင်ရာ လုပ်ငန်းခွင်သို့လည်းကောင်း ပြောင်းရွှေ့ရာတွင် လမ်းတံတားမပျက်စီးစေရန် ဝန်တင်ယာဉ်များဖြင့် တင်ဆောင်ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ပြောင်းရွှေ့ရာတွင် ယန္တရားများနှင့် သယ်ယူပို့ဆောင်ဝန်တင်ယာဉ် နှစ်မျိုးပေါင်း အလေးချိန် သည် တန်ချိန် ၆၀ ထက် ကျော်လွန်ခြင်းမရှိရန်နှင့် ကျော်လွန်ပါက အပိုင်းလိုက်ဖြုတ်၍ ခွဲခြားသယ်ယူရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တင်သွင်းလာသော ယန္တရားများကို သတ်မှတ်ထားသော အရောင်းပြခန်းတွင်သာ ထားရှိရမည်ဖြစ်ပြီး ရောင်းချခြင်းမပြုမီ လမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်း မပြုလုပ်ရန် သတ်မှတ်ချက်များ ပါရှိသည်။

ထို့ပြင် ယန္တရားအသစ်များအတွက် လိုအပ်သည့် အာမခံမှှု ၊ အပိုပစ္စည်းများ (Spare Parts) ရောင်းချနိုင်ရန် ၊ ရောင်းချပြီးဝန်ဆောင်မှှုပေးနိုင်ရန် (After Sales Services) တို့ ဆောင်ရွက်နိုင်မည့် အလုပ်ရုံတည်ထောင်နိုင်သူကိုသာ ယန္တရားစက်များ တင်သွင်းရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်ယန္တရားသိုလှောင်ရုံ၊ ယာဉ်ယန္တရား စက်ပြင်အလုပ်ရုံနှင့် ယာဉ်ယန္တရား အရောင်းပြခန်းနေရာ ၃ ခု ပေါင်း ဧရိယာသည် ၃ဧက ရှိပါက လုပ်ငန်းဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ရောင်းချလိုသည့် ကုမ္ပဏီအနေဖြင့် ရောင်းချမည့် စက်ယန္တရား အမှတ်တံဆိပ်၊ အရေအတွက်၊ အသုံးပြုမည့်လုပ်ငန်းတည်ရှိရာဒေသ၊ ရောင်းချမည့် ကုမ္ပဏီ၏ လုပ်ငန်းအမျိုးအစား အစရှိသည်တို့ကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ နှစ်စဉ် တင်ပြရမည်ဖြစ်သည်။

တင်သွင်းမည်ဆိုပါက ယန္တရားများ၏ Model Year မှာ လက်ရှိရောက်ရှိ ခုနှစ်မှ ၃နှစ်အတွင်း အသုံးမပြုရသေးသည့် ယာဉ်များကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး တင်သွင်းရာတွင်လည်း Lett of Credit ငွေလွှဲ စာတမ်းဖြင့် ပေးချေသည့်စနစ် (သို့) Telegraphic Transfer ကြေးနန်းငွေလွှဲပို့နည်းစနစ်ဖြင့် တင်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရောင်းချလိုသည့် ယန္တရား အရေအတွက်နှင့် စပ်လျဉ်း၍ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သတ်မှတ်သည့် အရေအတွက်အတိုင်းသာ တင်သွင်းရမည်ဖြစ်သည်။

ယန္တရားများ တင်သွင်းရာတွင် တင်သွင်းခွင့်ပြုသည့် လိုင်စင်သက်တမ်းကာလအတွင်း မြန်မာနိုင်ငံ အရောက် တင်သွင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များထံမှ လုပ်ငန်းလုပ်ကိုင်ခွင့်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်သည်။

အရောင်းပြခန်းဖွင့်လှစ်ထားသူမှာ တင်သွင်းခွင့်လိုင်စင်ရယူပြီးဖြစ်၍ ဝယ်ယူသူမှ ဝယ်ယူခွင့်ပါမစ် လျှောက်ထားရယူခြင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည်ဖြစ်သည်။

အရောင်းပြခန်းဖွင့်လှစ်ကာ ရောင်းချမည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ထားသည့် အထက်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာမှုမရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေစည်းမျဉ်းများအပြင် အခြားသော တည်ဆွဲဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ စီမံခန့်ခွဲမှုကော်မတီဆုံးဖြတ်ချက်ဖြင့် အရောင်းပြခန်း ဖွင့်လှစ်ခွင့်ရုတ်သိမ်းခြင်း ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ရပ်ဆိုင်းခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SOURCEEi Thandar Tun/Myanmar Business Today
Previous articlePower Access for Every Village in Yangon Region by Yearend
Next articleFollowing in the Footsteps of Leonardo da Vinci