HomeBusinessA $180 Mln Water Treatment Plant to Be Implemented

A $180 Mln Water Treatment Plant to Be Implemented

A water treatment plant will be built in Hlegu Township, Yangon, using $180 million budget borrowed from ADB Bank, according to U Maung Maung Win, Deputy Minister of the Ministry of Planning, Finance, and Industry.

“This project is for water resources  and will be implemented in five years starting from December this year,” the deputy minister said.

ADB Bank will provide the loan with an eight-year grace period with a one percent annual interest rate and 24 years of repayment with a 1.5 percent annual interest rate.

Yangon supplies water to residents from reservoirs including Hlawgar, Phuugyi, Ngamore Yeik, and Gyo Phyu. Aiming to increase water supply to 90 percent of city residents by 2025, the Yangon City Development Committee is implementing a number of projects besides Lagonpyin.

The Kokko Myitwa River water treatment and supply project will supply water to 16 townships in Yangon starting in 2025.

At present, Yangon, a city of over 5.2 million people, provides over 200 million gallons of water per day to its residents, and water consumption is estimated to increase 2.05 percent annually.

Written by Tayzar Bhone Myint/ Translated into English by Min Thu Aung


ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် ရန်ကုန်မြို့တော် ရေဖူလုံရေး စီမံကိန်းကို ADB ထံမှ အမေရိကန်ဒေါ်လာသန်း ၁၈၀ ချေးငွေယူ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွတ်တော်တွင် ဇူလိုင်လ ၁၇ ကပြောကြားလိုက်သည်။

“ယခုစီမံကိန်းဟာ ရေအရင်းမြစ်ပိုင်းမှာ  ဆောင်ရွက်မယ့် စီမံကိန်းဖြစ်ပါတယ် စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီးလှည်းကူးမြို့နယ်မှာ ဆောင်ရွက်မှာဖြစ်ပြီးတော့ စီမံကိန်း ကာလဟာ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ၅ နှစ်ဖြစ်ပါတယ် “ ဟု  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

စီမံကိန်းအတွက် ချေးငွေ ချေးယူဖို့ ချေးငွေဆိုင်ရာစည်းကမ်းချက်များမှာဆိုင်းငံ့ကာလ ၈နှစ်၊ ပြန်ဆပ်ကာလ ၂၄ နှစ် စုစုပေါင်း ၃၂နှစ် ဖြစ်သည်။ အတိုးနှုန်းမှာ တစ်နှစ်လျှင် ဆိုင်းငံ့ကာလအတွင်း ၁ ရာခိုင်နှုန်းဖြစ်ပြီး၊ ပြန်ဆပ်ကာလအတွင်း ၁.၅ ရာခိုင်နှုန်းဖြစ်သောကြောင့်ချေးငွေ၏ Grant element တွက်ချက်ရာတွင် ၄၈ ရာခိုင်နှုန်း ခန့်ရှိသည်။

စီမံကိန်းတွင်ငမိုးရိပ်ဆည်အတွင်း တစ်ရက်လျှင် ရေဂါလံ ၁၈၀ သန်း ရယူနိုင်မည့်  ရေယူအဆောက်အအုံသစ်တစ်ခုတည်ဆောက်ခြင်း၊ ၀.၉ ကီလိုမီတာ ရှည်လျားပြီး ၂၄၀၀ မီလီမီတာအချင်းရှိသော ရေယူဥမင်လှိုဏ်ခေါင်းတစ်ခုတည်ဆောက်ခြင်း၊  180  MGD/ 4MVA စွမ်အားရှိသော ဓာတ်အားခွဲရုံတစ်ခုတည်ဆောက်ခြင်းနှင့် ၂၄၀၀ လီမီတာအချင်းရှိပြီး ၁၇.၁ကီလိုမီတာရှည်လျားသော ပင်မရေပိုက်လိုင်းတစ်ခု တည်ဆောက်ခြင်းတို့ ပါဝင်သည်။ထို့အပြင် ၂၇၀၀ မီလီမီတာအချင်းရှိပြီး ၂.၀ ကီလိုမီတာ ရှည်သော ရေခေါ်ဥမင်လှိုဏ်တစ်ခု တည်ဆောက်ခြင်း၊ ၂၄၀၀မီလီမီတာအချင်းရှိပြီး ၁၅.၉ကီလိုမီတာရှည်သော ကမ္ဘာမြေဆွဲအားစနစ်ဖြင့် စီးဆင်းစေမည့်ရေပိုက်လိုင်းတစ်ခု တည်ဆောက်ခြင်းလုပ်ငန်းများလည်းပါသည်။။

လက်ရှိမှာတွင် ရန်ကုန်မြို့တွင်  ရေပေးဝေရမယ့် မြို့နေ လူဦးရေသည် YCDC & JICA Master Plan  2017 အရ နှစ်စဉ် ၂.၀၉ ရာခိုင်နှုန်းခန့် တိုးပွားလျက်ရှိသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img