HomeBusinessAgri product exports increased by $500 million 

Agri product exports increased by $500 million 

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Agricultural product exports of Myanmar this year has increased by $500 million compared to the same period last year, according to the Ministry of Investments and Foreign Economic Relations. 

The Ministry said, “Agricultural product exports are in the satisfactory condition generating more than $3.31 billion in the first ten months of the 2019-2020 fiscal year, representing a $500 million increase compared to the same period of 2019-2020 fiscal year.”

Agricultural products represent 22 percent of the total export and major agricultural exports are wholegrain rice, broken rice, bean, corn, fruits and vegetable, sesame, tea, and sugar. 

Myanmar exported the agricultural products mainly to China, Singapore, Malaysia, Philippines, Bangladesh, India, Indonesia, and Sri Lanka. 

Overall export has also increased by $2 billion reaching the total amount of $30 billion by the end of August. However, the volume of imports has also significantly increased seeing a $1.5 billion trade deficit, according to data from the Ministry of Investment and Foreign Economic Relation. 

Written by Ko Myo


ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးပို့ကုန် တင်ပို့မှုသည် ယမန်နှစ်ကထက် တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ကျော်မြင့်တက်လာခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ 

“ပြည်ပသို့ စိုက်ပျိုးပို့ကုန်များ တင်ပို့နိုင်မှု အခြေ အနေမှာ ကျေနပ်အားရဖွယ် ကောင်းလှ ပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ ၁၀ လအတွင်း စိုက်ပျိုးပို့ကုန်များမှ အမေရိကန်‌ဒေါ်လာ ၃.၃၁ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ပါသည်။ အဆိုပါ ပမာဏသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် အမေရိကန်‌ဒေါ်လာသန်း ၅၀၀ ကျော် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်”ဟု အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စိုက်ပျိုး‌ရေးသည် မြန်မာနိုင်ငံ့၏ ပို့ကုန်ကဏ္ဍတွင် အဓိကဦးဆောင်လျက်ရှိပြီး စုစုပေါင်းပို့ကုန်၏ ၂၂ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက် ရှိကြောင်း ပြည်ပသို့ အဓိကတင်ပို့သော သီးနှံများမှာ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပဲခြမ်း၊ ပြောင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ နှမ်း၊ လက်ဖက်ခြောက်၊ သကြားနှင့် အခြားစိုက်ပျိုးထွက်ကုန်များ ဖြစ်ကြောင်း သိရသည်။ 

ထုတ်ကုန်အများစုကို တရုတ်၊ စင်ကာပူ၊ မလေး ရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီး ရှား နှင့် သိရိလင်္ကာနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ 

ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာ့ပို့ကုန်ဝင်ငွေ သည် ယခင်နှစ်ကထက် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ တိုးတက်ခဲ့ကာ သြဂုတ်လကုန်အထိ ကုန်သွယ်ဝင်ငွေ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံရှိခဲ့ကြောင်း သိရသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေသည် ယခုနှစ်ဘဏ္ဍာနှစ်အတွင်း ပို့ကုန်ပမာထက် သွင်းကုန်ပမာဏ မြင့်တက်နေခဲ့သောကြောင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ ဖြစ်ပေါ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img