Ei Thandar Tun/Myanmar Business Today
AIA Myanmar has struck a partnership agreement with AYA Financial Group and Max Myanmar Group (AFG-MAX), under which AIA Myanmar will serve as the exclusive provider of life, health and wellness products and services to AFG-MAX’s retail customer and business partner ecosystem.
AIA Myanmar is one of five foreign-owned life insurers granted an insurance license by the Ministry of Planning and Finance at the end of November.
“This partnership will help AIA deliver on our brand promise of helping Myanmar people live healthier, longer, better lives,” said AIA Myanmar CEO Nhon (Luc) Ly.
AIA and AFG-MAX will focus on making strong social impact and providing insurance propositions to Myanmar people, leveraging on AIA’s deep insurance experience across Asia-Pacific and AFG MAX’s local expertise.
“We are extremely pleased to enter into the partnership with AIA, one of the largest life insurers in the world,” said U Zaw Zaw, Chairman of AYA Financial Group and Max Myanmar Group. “We strongly believe that AIA and AFG-MAX will create the synergy needed to help us make a significant contribution to the lives of people in Myanmar.”
The partners also announced their ambition to “light up the lives of Myanmar people” by providing underprivileged families with electricity access and aid for their children’s education. The companies will also donate solar panels to rural villages.
Having studied Myanmar’s insurance market since 2012, AIA plans to provide technology-enabled insurance services and organize campaigns to raise awareness about insurance among the general public.
Myanmar Summary
ပြည်တွင်းတွင် အာမခံဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် AIA Myanmar သည် AYA Financial Group ,MAX Myanmar Group တို့နှင့် အကျိုးတူပူးပေါင်း
နိုင်ငံခြားသားရာနှုန်းပြည့် ပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီ (၅) ခု၊ အသက်နှင့် အထွေထွေအာမခံလုပ်ငန်းလုပ်ကိုင်မည့် ဖက်စပ်ကုမ္ပဏီ (၆) ခုကို နိုဝင်ဘာ (၂၈ )တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲတွင် နိုင်ငံခြားသား ရာခိုင်နှုန်းပြည့် ပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီ (၅) ၊ ဖက်စပ်လုပ်ငန်းများအဖြစ် အသက်အာမခံကုမ္ပဏီ (၃) ခုနှင့် အထွေထွေအာမခံကုမ္ပဏီ (၃) ခုတို့ကို အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပေးအပ်ခဲ့သည်။
နိုဝင်ဘာလ ၂၈ ရက်တွင် နိုင်ငံခြားသားရာနှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီများအဖြစ် AIA Myanmar က လိုင်စင်ရရှိခဲ့ပြီး စီးပွားရေးဆိုင်ရာလုပ်ဖော်ကိုင်ဖက်အဖြစ် AYA Financial Group, MAX Myanmar Group နှင့်ပူးပေါင်းလိုက်ကြောင်း သိရသည်။
“ ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်ရမယ်ဆိုတဲ့ ကျွန်တော်တို့ AIA ရဲ့ ကတိ အတိုင်း မြန်မာပြည်သူလူထုအတွက် ဒီပူးပေါင်းမှုဟာ အထောက်အပံ့ ဖြစ်ပါလိမ့်မယ်” ဟု AIA Myanmar ၏ CEO ဖြစ်သူ Nhon (Luc) Ly က ပြောသည်။
အာရှပစိဖိတ် ဒေသတစ်လျောက် AIA ၏ အတွေ့အကြုံကောင်းများနှင့် AFG-MAX ၏ နိုင်ငံအတွင်း ကျွမ်းကျင်မှုတို့ ပေါင်းစည်းခြင်းဖြင့် မြန်မာပြည်သူလူထုကို အာမခံဆိုင်ရာ ဝန်ဆောင်မှုများကို ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အကြီးဆုံးအသက်အာမခံအဖွဲ့တွေထဲကတစ်ခုဖြစ်တဲ့ AIA နဲ့ အကျိုးတူ ပူးပေါင်းခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ AIA နဲ့ AFG-MAX ပူးပေါင်းမှုဟာ ကျွန်တော်တို့လိုအပ်နေတဲ့ပူးပေါင်းမှုမျိုးဖြစ်ပြီး သိသိသာသာ ပံ့ပိုးကူညီသွားနိုင်မယ့် ညှိနှိုင်းဆောင်ရွက်မှု ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ အခိုင်အမာ ယုံကြည်ပါတယ်” ဟု AYA Financial Group နှင့် Max Myanmar Group တို့၏ ဥက္ကဌဖြစ်သူ ဦးဇော်ဇော် က ပြောသည်။
ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အာမခံဝန်ဆောင်မှုသာမက လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုရှိစေရန်လုပ်သွားမည့်အကြောင်းလည်း ဆိုထားသည်။ “မြန်မာပြည်သူများ၏ ဘဝများကို ထွန်းလင်းရန်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ချို့တဲ့နွမ်းပါးသော မိသားစုများအား လျှပ်စစ်ဓာတ်အားပံ့ပိုးပေးခြင်းဖြင့် ၎င်းတို့၏ ကလေးများ ပညာသင်ကြားရေးကို အထောက်အကူပြုစေရန် မြန်မာနိုင်ငံရှိ ကျေးရွာများသို့ နေစွမ်းအင်သုံး ဆိုလာပြားများ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အာမခံလုပ်ငန်းတွင် နှစ်၁၀၀ ရှိခဲ့ပြီးဖြစ်သော အာမခံကုမ္ပဏီသည် မြန်မာပြည်ဈေးကွက်အတွက် ၂၀၁၂ ခုနှစ်အတွင်းက စတင်လေ့လာခဲ့ကြောင်းသိရသည်။ အာမခံဝန်ဆောင်မှှုများကိုပေးရာတွင် စာရွက်မပါတော့သည့် ဖုန်းများကတစ်ဆင့် အာမခံဝယ်ယူနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး အာမခံလုပ်ငန်း ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။