HomeBusinessAir KBZ Offers Round Trip at Half Price

Air KBZ Offers Round Trip at Half Price

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Air KBZ launched a special promotion called “Tawat Pay, Atwar Apyan Khayee” offering the roundup trip ticket at half of the price.

The airline will sell the tickets between August 14 and 20. The tickets will be eligible until September 30.

The tickets are for Myanmar national only. The passengers must book the tickets before at least the head of departure date and there will be only one-time date change and flight time change free, but must be made at least 03 days before departure at the Air KBZ ticketing counter only.

The promotion covers the flights to and from Yangon, Mandalay, Heho, Tachileik, Thandwe,  Kawthaung, Nyaung U, Lashio, Naypyidaw, Khamti and Kalay.

The tickets can be purchased at Air KBZ’s website, mobile app, K7Chatbot, sales counters, or agents.

Air KBZ is flying to and from 17 cities in the country with eight ATR72-600 flights and now 210 flights a week during the pandemic.

Written by Tayzar Bhone Myint/ Translated into English by Min Thu Aung


KBZ လေကြောင်း လိုင်းသည်ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်တွင်းခရီးသွားများ အဆင်ပြေစေရန်“တစ်ဝက်ပေး အသွား/အပြန် ခရီး” အထူးလက်မှတ်များကို ဩဂုတ် ၁၄ ရက်မှ ၂၀ ရက်အထိ ရောင်းချပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ခရီးသွားလာနိုင်မည့် ကာလမှာ ဩဂုတ် ၁၄ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ဖြစ်ကာ အထူးလက်မှတ် ဈေးနှုန်းများ ဖြစ်သောကြောင့် ထိုင်ခုံနေရာ အကန့် အသတ်များနှင့်အတူ Terms and Conditions သတ်မှတ်ချက်များ ရှိသည်။

Air KBZ လေကြောင်းလိုင်းသည် ခရီးသည်များအတွက် လက်ရှိပျံသန်း ပြေးဆွဲလျက်ရှိသည့် ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်၊ သံတွဲ၊ ကော့သောင်း၊ ညောင်ဦး၊ လားရှိုး၊ နေပြည်တော်၊ ခန္တီးနှင့် ကလေးမြို့ အစရှိသည့် ခရီးစဉ် ၁၁ ခုသို့ အသွား ခရီးစဉ် တစ်ကြောင်းဝယ်ယူပါက ခရီးစဉ်တူ အပြန်လက်မှတ်အား လေဆိပ်အခွန်ခမှအပ ကျန်အဖိုးအခ များပေးဆောင်ရန်မလိုသည့် (ခရီးစဉ် တစ်ကြောင်းစာနှုန်းထားဖြင့် အသွား/အပြန် လက်မှတ်ရရှိနိုင်မည့်) “တစ်ဝက်ပေး အသွား/အပြန်ခရီး” အထူးအစီအစဉ် ပြုလုပ်ခြင်းဖြစ်ပြီး သွားရောက်လိုသည့် ခရီးစဉ်များကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

ခရီးသည်များသည် ခရီး သွားမည့်ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ခရီးစဉ်အချိန်ပြောင်းလဲခြင်း (တစ်ကြိမ်) တို့ကို ခရီးသွားမည့် ရက်မတိုင်မီ သုံးရက် ကြိုတင်၍ အကြောင်းကြားခြင်းဖြင့် အခမဲ့ပြုလုပ် နိုင်မည်ဖြစ်သည်။

ခရီးသည်များအနေဖြင့် အဆိုပါ လက်မှတ်များကို Air KBZ ၏ Website – www.airkbz.com ၊ Mobile App ၊ K7Chatbot ၊ နယ်ရုံးခွဲများနှင့် လက်မှတ် အရောင်းကောင်တာများ တွင် တိုက်ရိုက်ဝယ်ယူရရှိနိုင်မည် ဖြစ်သလို Air KBZ ၏ လက်မှတ် အရောင်းကိုယ်စားလှယ်များထံတွင် လည်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Air KBZ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၇ မြို့သို့ ATR72-600 လေယာဉ် ရှစ်စင်းဖြင့် ပျံသန်းပြေးဆွဲလျက်ရှိပြီး လက်ရှိ ခရီးစဉ် အချိန်ဇယားများအရ တစ်ပတ်လျှင် လေကြောင်းခရီးစဉ် ပေါင်း ၂၁၀ ခန့်ပြေးဆွဲလျက်ရှိသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img