HomeBusinessAuthorities Order Micro Financiers Not to Forcibly Ask for Payment

Authorities Order Micro Financiers Not to Forcibly Ask for Payment

 The Microfinance Business Supervisory Committee has instructed microfinance companies not to forcibly ask for the repayment of loans and interests during the pandemic and urged them to reschedule the payment timeframe considering the situation where customers’ livelihoods and businesses are very vulnerable.

“We don’t demand immediate payment. We know debtors are having difficulties. But, we just contact to see when they can make the payment so that we can input the data as part of the procedure. If they can’t make the payment, we will just wait,” a female officer from a microfinance company based in Bahan Township, said. 

The committee has also issued an order on April 6 requiring all the microfinance companies to follow the local rules and regulations and stop all the process of granting or collecting loans in groups, accepting saving, membership application, or conducting awareness-raising training. 

However, this renewed instruction was out after news of fighting being broke out for forcibly demanding the repayments from members by some microfinance businesses. 

“Due to the COVID-19, businesses are not good and could not make enough money to meet the ends. However, microfinance companies informed us to make payment as I borrow some cash to buy a phone under installment payment. It would be nice if they wait a bit longer,” a client of a micro financier said. 

There are around 193 microfinance organizations with a total of 4.6 million-member operating in 252 townships and 30,000 villages, according to data from the Microfinance Business Supervisory Committee.  

Written by Ko Myo


ကိုဗစ်-19ကပ်ရောဂါ ကျရောက်နေချိန်ကာလ တွင် အသေးစား ငွေရေးကြေးရေးအဖွဲ့များ အနေဖြင့် အသင်းဝင်များထံမှ ချေးငွေအတိုးနှင့် အရင်းကို အတင်းအကြပ်မကောက်ခံကြရန် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီက ညွှန်ကြားသတိပေးခဲ့သည်။ 

ကိုဗစ်ကာလအခြေအနေများကြောင့် အသင်း ဝင်များ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ နှင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်မှု အားနည်း နေသောကြောင့် အတိုးနှင့်အရင်းကို အတင်းအကြပ်ကောက်ခံတာမျိုးမလုပ်ကြရန်နှင့် ပြန်ပြီးပေးဆပ်နိုင်မည့်အချိန်ကို ညှိနှိုင်းပြီးမှသာ ကောက်ခံကြရန် အောက်တိုဘာလ ၁၃ရက် ရက်စွဲဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့က ပိုက်ဆံကိုအတင်းပြန်မတောင်းပါဘူး။ ဒီကာလမှာ ချေးသူတွေအနေနဲ့ ခက်ခဲနေကြတာ သိပါတယ်။ ဒါပေမယ့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စတွေကြောင့် ချေးငွေပြန်ပေးနိုင်မယ့်ရက်ကို လှမ်းမေးပြီး စာရင်းသွင်းပေးရုံသာရှိပါတယ်။ မပေးနိုင်သေးရင်လည်း ထပ်မံစောင့်ဆိုင်းပေးဖို့သာ ရှိပါတယ်”ဟု ဗဟန်းမြို့နယ် အခြေစိုက် အသေးစားငွေချေးကုမ္ပဏီတစ်ခုမှ တာဝန်ခံက ပြောသည်။ 

ကိုဗစ်ကာလတွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းများအနေဖြင့်  သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ဒေသန္တရ အမိန့်များကို လိုက်နာဆောင်ရွက်ရန်၊ လူစုလူဝေးဖြင့် ချေးငွေထုတ်ခြင်း၊ ကောက်ခံခြင်း၊ စုငွေလက်ခံခြင်း၊ အသင်းဝင်လက်ခံခြင်းနှင့် ငွေကြေးအသိပညာပေးခြင်းလုပ်ငန်းစဉ်များကို ဆိုင်းငံ့ထားရန် ယခုနှစ် ဧပြီလ(၆) ရက်နေ့ ကတည်းက ကနဦးထုတ်ပြန်ခဲ့သည်။ 

သို့သော် ချေးငွေလုပ်ငန်းအချို့မှ အသင်းဝင်များထံ အတင်းအကြပ်ငွေကြေးတောင်းခံခြင်း စကားများရန်ဖြစ်ခြင်းများ ဆက်လက်ဖြစ်ပေါ်လာမှုကြောင့် ကိုဗစ်ကာလတွင် ငွေးချေး ငွေယူကိစ္စများနှင့် ချေးငွေပြန်တောင်းသည့်ကိစ္စများကို ညှိနှိုင်းဆောင်ရွက်ရန် သက်ဆိုင်ရာက ညွှန့်ကြားခဲ့ခြင်း ဖြစ်သည်။ 

“ကိုဗစ်ဖြစ်တော့ အလုပ်အကိုင်တွေအဆင်မပြေတော့ဘူး။ ဝင်ငွေအပြည့်မရတော့ဘူး။ စားဝတ်နေရေး ခက်ခဲလာပါတယ်။ ဒါပေမယ့် အရစ်ကျစနစ်နဲ့ ဖုန်းဝယ်ထားမိတဲ့အတွက် လစဉ်ချေးငွေတွေ ပြန်ဆပ်ဖို့ အကြောင်းကြားတာတွေ ရှိနေပါတယ်။ ပြန်ဆပ်ကာလကို ခဏလောက် စောင့်ပေးနိုင်ရင် ကောင်းမယ်”ဟု ချေးငွေရယူထားသူတစ်ဦးက ပြောသည်။

ချေးငွေလုပ်ငန်းလုပ်ကိုင်သူများအတွက် ကိုဗစ်ကာလတွင် လိုက်နာရန်အချက်များကို သက်ဆိုင်ရာ ချေးငွေကော်မတီမှ ညွှန့်ကြားချက်များကိုတိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဒေသန္တရအမိန့်များ ထုတ်ပြန်ခဲ့ပြီး မလိုက်နာပါက အသေးစားငွေရေးကြေးရေး စီမံခန့်ခွဲရေး နည်းလမ်း များဖြင့်အရေးယူဆောင်ရွက် သွားမည်ဟု သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အသေးစားငွေရေး ကြေးရေး အဖွဲ့ အစည်း(၁၉၃) ဖွဲ့ခန့်က တစ်နိုင်ငံလုံးအတိုင်းအတာရှိမြို့နယ်(၂၅၂) မြို့နယ်၊ ကျေးရွာပေါင်း(၃၀၀၀၀)ကျော်၌ အသင်းသားဦးရေ(၄.၆) သန်းကျော်ကို ငွေကြေးဝန်ဆောင်မှု ပေးနေကြောင်း အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img