The Kanpetlet Township Hotel and Tourism Department said that it is working to launch the trekking trip to Khaw-nu-soum Mount as a tourist destination.
At the moment, travelers can drive to a location ten miles away from the foot of the mount from either Kanpetlet Route or Mindat Route from which they can trek four miles 2 furlongs to the summit of the mount. The department is working on to build three resting places, which can house up to 10 people at a time.
During the pandemic when tourism businesses were suspended, the Kanpetlet Township Hotel and Tourism conducted three survey studies to search for new trekking routes to Khaw-nu-soum Mount, also called Vitoria Mountain.
The authorities will build a 12-mile trekking route from Aye Camp, Mindat City, build railing and stairs at Kawlaung waterfall in Kanpetlet township, and implement boat and raft trips in Kyindwe City.
Travelers can also reach the summit of the mount by either car or motorbike, but this trekking route is for those who love hiking.
Khaw-nu-soum, also known as Nat Ma Taung or Vitoria Mountain, around 10,500 ft high, is an important territory for the ecosystem and biodiversity with rare and threatened wildlife species living there.
It has the potential to become a popular destination.
Written by Ko Myo
ခေါနူးစုမ်(ဝိတိုရိယ)တောင်ထိပ်သို့ ခြေလျင် တက်ရောက်နိုင်ရန် စီစဉ်နေကြောင်း ကန်ပက် လက်မြို့နယ်၊ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
လက်ရှိတွင် ခေါနူးစုမ်တောင်သို့ ကန်ပက်လက် လမ်းကြောင်းမှလည်းကောင်း၊ မင်းတပ် လမ်း ကြောင်းမှ လည်းကောင်း သွားရောက်နိုင်ပြီး တောင်ခြေ(၁၀)မိုင်အထိ ကတ္တရာလမ်း ရှိကြောင်းသိရသည်။ အဆိုပါလမ်းမှ တောင်ထိပ်အထိ (၄)မိုင်(၂)ဖာလုံ ခရီးစဉ်တွင် ခြေလျင်တောင်တက် (Trekking) သွားရောက် မည့်သူများအတွက် နေရာ (၃)ခုတွင် လူ(၁၀)ဦး အနားယူနိုင်သည့် ကွပ်ပျစ်များထားရှိရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
COVID-19 ကာလအတွင်း ခရီးသွားလုပ်ငန်းများ ရပ်နားထားချိန်တွင် ကန်ပက်လက်မြို့နယ် ၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ခေါနူးစုမ်(ဝိတိုရိယ) တောင်ထိပ်သို့ တက်ရောက် နိုင်မည့် ခြေလျင်တောင်တက် (Trekking) လမ်းကြောင်းသစ်ကို ရှာဖွေမှုများ ပြုလုပ်ကာ စမ်းသပ်တောင်တက်မှု (၃)ကြိမ် ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။
ခြေလျင်တောင်တက်လိုသူများအတွက် မင်းတပ်မြို့ အေးစခန်းမှ(၁၂)မိုင် (Trekking)လမ်းအား တောင်ထိပ်အထိ လမ်းကြောင်းရေးဆွဲ၍ ကန်ပက်လက် မြို့နယ်ရှိ ကောလောင်း ရေတံခွန် တွင် လက်ရန်းနှင့် လှေကားထစ်ပြုလုပ်ကာ ကျင်ဒွေးမြို့တွင် အပျော်စီးလှေနှင့် ဖောင်စီးနိုင်ရန် ဆောင်ရွက်သွားမည်ဟုသိရသည်။
ခေါနူးစုမ်(ဝိတိုရိယ)တောင်ထိပ် အထိ ကားဖြင့် သော်လည်းကောင်း၊ ဆိုင်ကယ်ဖြင့် သော်လည်း ကောင်း သွားလာနိုင်ပြီး သဘာဝအလှများ ခံစား၍ ခြေလျင်တောင်တက်လိုသူများအတွက် စိတ်အေးချမ်းစွာ တက်ရောက်နိုင်ရန် စီစဉ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
နတ်မတောင် (ခေါနူးစုမ်) တောင်သည် အမြင့်ပေ ၁၀၅၀၀ခန့်ရှိပြီး ချင်းပြည် နယ်တွင် အမြင့်ဆုံး တောင်မကြီး တစ်ခုဖြစ်ကာ ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ အရေး ပါသည့် နယ်မြေတစ်ခုလည်းဖြစ်သည်။
ဧရာဝတီမြစ်၏ စီးဝင်မြစ်လက်တက်များ မြစ်ဖျားခံရာ ရေဝေရေလဲတောင်ကြောများ တည်ရှိခြင်း၊ သစ်တောဂေဟစနစ်နှင့် တောင်ပေါ် ဂေဟစနစ်တို့အရ ထူးခြားအရေးပါသည့် မြေ သားဖွဲ့စည်းမှု တောင်တစ်ခုဖြစ်ခြင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ မျိုးတုန်း ပျောက်ကွယ်လု နီးပါးဖြစ်သည့် မျက်ခုံးဖြူငှက်ပြာခြောက် ကျက်စားရာ မူလ နေရင်း ဒေသဖြစ်ခြင်းအပါအဝင် သစ်ခွမျိုးစိတ် ပေါင်း ၉၀ကျော်နှင့် နို့တိုက်သတ္တဝါများ ၊ တွားသွားသတ္တဝါများ ၊ ရှားပါးလိပ်ပြာများ တောင်ပေါ်ရှိရှားပါးငှက်မျိုးစိတ်များရှိသောကြောင့် ခရီးသွားလုပ်ငန်းအတွက် စိတ်ဝင်စားစရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။