AutoShow Mandalay 2020 to Showcase International Brands

0
186

AutoShow Mandalay 2020, to be hosted by automobile marketplace CarsDB at Mandalay Convention Centre during March 6-8 from 10 a.m. to 8 p.m., is set to bring new and used cars to a gathering of car lovers, auto dealers and participants from auto-related industries.
The event will showcase all types of motor vehicles and offer them on installment plans, allowing consumers to choose what they want.
Featured brands include BAIC, DFSK, Ford, GAC, Gold AYA, Hyundai, Isuzu, Jaguar, Land Rover, Mazda, Mercedes-Benz, Mitsubishi, Nissan, Suzuki and Volvo. Test drives will be available.
In addition to the automakers, spare parts shops and auto service providers will also display their services.
CarsDB has previously organized seven auto shows including Auto Show Yangon 2019, during which over 620 cars worth $18 million were sold.
Launched in January 2012, Cars DB lists over 10,000 cars on its website and has over 200,000 monthly users on its website and application. It also offers local news, car reviews and articles, tax-related information, motor directory and car parts and accessories marketplace.

CarsDB က ကြီးမှူး၍ ကားချစ်သူများ၊ ကားရောင်းသူများ၊ ကားနှင့် ဆက်စပ်သော လုပ်ငန်း လုပ်ကိုင်နေသူများအတွက်ရည်ရွယ်ပြီး မော်တော်ယာဉ်အရောင်းပြပွဲကြီးတစ်ရပ်ကို Mandalay Convention Centre တွင် မတ်လ ၆ရက်မှ ၈ရက်အထိ သုံးရက်တိုင်တိုင် နံနက် ၁၀နာရီမှ ည၈နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ကားထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများမှ ဈေးကွက်အတွင်းရှိ ကားသစ်များ၊ တပတ်ရစ်ကားများ ရောင်းချခြင်း၊ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့်အစီအစဉ်အပါအဝင် မော်တော်ယာဉ်နှင့် သက်ဆိုင်သော ဝန်ဆောင်မှုအမျိုးမျိုးကို တစ်နေရာထဲတွင် စိတ်ကြိုက်ရွေးချယ်နိုင်ရန် CarsDB Autoshow Mandalay 2020 မော်တော်ယာဉ်အရောင်းပြပွဲကြီးကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် Brand New ကားအသစ် အမှတ်တံဆိပ်များဖြစ်သည့် BAIC, DFSK, Ford, GAC, Gold AYA, Hyundai, Isuzu, Jaguar, Land Rover, Mazda, Mercedes-Benz, Mitsubishi, Nissan, Suzuki, Volvo အစရှိသည့် ကားအမှတ်တံဆိပ်ပေါင်းစုံမှ ပါဝင်ပြသသွားမည်ဖြစ်ပြီး ယင်းကားများကို စမ်းသပ်မောင်းနှင်မည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။
ထို့ပြင် မော်တော်ယာဉ် အပိုပစ္စည်းရောင်းချသောဆိုင်များ၊ မော်တော်ယာဉ်နှင့် ဆက်စပ်သောဝန်ဆောင်မှု အမျိုးမျိုးကို ဆောင်ရွက်ပေးသည့် လုပ်ငန်းများမှလည်း ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။
CarsDB က ကြီးမှူးပြီး ကားအရောင်းပြပွဲ ခုနှစ်ခုအထိ ကျင်းပခဲ့ပြီး ယမန်နှစ်က CarsDB Auto Show Yangon 2019 ကိုလည်း နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့ရာ ကားအစီးရေ ခြောက်ရာ့နှစ်ဆယ်ကျော် ၊ ကန်ဒေါ်လာဆယ့်ရှစ်သန်းကျော်ဖိုးအထိ ရောင်းချခဲ့ကြောင်း သိရသည်။
မော်တော်ယာဉ်ရောင်းသူနှင့် ဝယ်ယူသူများကို Online မှတစ်ဆင့် တိုက်ရိုက်ချိတ်ဆက်ပေးသည့် CarsDB ကို ၂၀၁၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် CarDB မှ ကားရောင်း ဝယ်ခြင်းများကိုသာမက ကားနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် မော်တော်ယာဉ် သတင်းများနှင့်ဆောင်းပါးများ၊ ကားလမ်းညွှန်နှင့် အခွန်နှင့် သက်ဆိုင်သော သတင်းများကိုလည်း တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

SOURCEEi Thandar Tun/Myanmar Business Today
Previous articleDaNa Facility Unveils Report on Kachin State’s SME Ecosystem
Next articleYangon’s Chicken Demand Drops over Salmonella Report