by Ei Thandar Tun
AYA Bank announced that it is soon to launch its AYA Pay mobile wallet. Designed to meet the growing needs of a mobile population, the platform will harness the latest financial technology solutions to deliver reliable, secure and instantaneous payments, according to the bank.
“We hope that soon AYA Pay’s unique financial ecosystem will be available everywhere, enabling users, merchants and agents alike to benefit from safe, instantaneous and reliable monetary transactions across Myanmar. We hope this will further support the growth of our nation and support [the] economy.” said AYA Bank managing director U Myint Zaw.
The user experience with AYA Pay has been simplified to allow everyone to enjoy effortless access to a financial ecosystem merging e-commerce with personal banking features, the bank said via a release.
To ensure the highest level of safety, AYA Pay will integrate a series of reliable security features, instant user notifications and a biometric scanner for an even faster and more secure digital wallet solution.
AYA Pay customers will be able to transfer funds through AYA Pay Agent shops and purchase merchandise and services from AYA Pay merchants in one click, using either a unique QR code or mobile phone number.
AYA Payကို မြန်မာနိုင်ငံအနှံ့အပြားတွင် မကြာမီ စတင်အသုံးပြုနိုင်မည်
ဧရာဝတီဘဏ်မှ မိုဘိုင်းသုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် Mobile Wallet တစ်ခုဖြစ်သည့် AYA Payကို မြန်မာနိုင်ငံအနှံ့အပြားတွင် မကြာမီ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဧရာဝတီဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် AYA Pay အတွက် နိုင်ငံတစ်ဝှမ်းမှ ကုန်သည်များနှင့် ကိုယ်စားလှယ်များကို ဖိတ်ခေါ်လျက်ရှိပြီးငွေပေးချေမှုကို အချိန်နေရာမရွေး ဆောင်ရွက်နိုင်ရန် နောက်ဆုံးပေါ် ဘဏ္ဍာရေးဆိုင်ရာ နည်းပညာ ဖြေရှင်းချက်များကို ထည့်သွင်းအသုံးပြုထားကြောင်း သိရသည်။
“ သုံးစွဲသူတွေ၊ မိတ်ဖက် ကုန်သည်တွေ နဲ့ ကိုယ်စားလှယ်တွေအားလုံး AYA Pay ရဲ့ တမူထူးခြားတဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဂေဟစနစ်တစ်ခုကို မြန်မာနိုင်ငံ အနှံ့အပြားမှာ မကြာခင်ရရှိအသုံးပြုနိုင်တော့မှာပါ။ ဒီ App ဟာကျွန်တော်တို့ နိုင်ငံနဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အထောက်အပံ့တစ်ခု ဖြစ်လာမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဧရာဝတီဘဏ်၏ စီမံခန့်ခွဲမှုဒါရိုက်တာ ဦးမြင့်ဇော်က ပြောသည်။
ငွေပေးချေမှုတစ်ခုစီအတွက် သီးသန့် QR ကုတ်တစ်ခု သို့မဟုတ် ငွေလွှဲပြောင်းရန် ဖုန်းနံပါတ် တစ်ခုကို အသုံးပြုကာ မိတ်ဖက်ကုန်သည်များထံမှ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ဝယ်ယူနိုင်မည်ဖြစ်ပြီး AYA Pay ကိုယ်စားလှယ်ဆိုင်များမှတဆင့်လည်း ငွေလွှဲနိုင်မည် ဖြစ်သည်။
သုံးစွဲသူများအတွက် အမြင့်မားဆုံးသော လုံခြုံစိတ်ချရမှုကို ပေးအပ်နိုင်ရေးအတွက် မြန်ဆန်ကာ လုံခြုံစိတ်ချရသည့် Digital Wallet Solution များ ဖြစ်သည့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ သုံးစွဲသူထံသို့ အချိန်နှင့်တပြေးညီပေးပို့မည့် အသိပေးချက်များနှင့် ဇီဝဗေဒဆိုင်ရာစစ်ဆေးသည့် Scannerများ ကို App တွင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သုံးစွဲသူအဖြစ် စာရင်းသွင်းရန် မိမိတို့၏ ဖုန်းနံပါတ် နှင့် မှတ်ပုံတင်သာ လိုအပ်ပြီး စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် ဆိုင်ပိုင်ရှင်များသည် AYA Pay ၏ မိတ်ဖက် ကုန်သည်၊ ကိုယ်စားလှယ် သို့မဟုတ် နှစ်မျိုးလုံး အဖြစ် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။