AYA, SCB Partner for Cross-Border Payments, Fund Transfers

0
336

 

Ayeyarwady Bank (AYA) and Thailand’s Siam Commercial Bank (SCB) signed a memorandum of understanding January 8 to provide cross-border payment and fund transfer services between the two countries.
Under the agreement, the partners will develop cross-border payments for workers and SMEs’ cross-border transactions to encourage the use of formal cross-border channels.
The two parties also agreed to explore Thai baht-Myanmar kyat direct conversion to support and serve their clients from both countries.
The heads of the central banks of Myanmar and Thailand in October signed an agreement for kyat-baht direct conversion for cross-border payments. The two central banks have also agreed to cooperate for innovation, reforms and payments in the financial sector to ensure safer and securer cross-border payments.
SCB, Thailand’s first local bank and its most profitable bank for nine consecutive years, established its representative office in Yangon in 2012. It has been working to support FDI into Myanmar and has provided over $200 million in trade credit to local partner banks.
AYA Bank, established in 2010, is the second-largest bank in Myanmar with 258 branches, over 2.5 million customers and K6.75 trillion in assets and K130 billion in paid-up capital.
Thailand is the third biggest investor in Myanmar with projects worth $11 billion.


မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများ (Cross Border Payments) ဖြင့် ငွေလွှဲလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဧရာဝတီဘဏ် (AYA) နှင့် ထိုင်းနိုင်ငံ၏ ဘဏ်တစ်ခုဖြစ်သည့် စိုင်ယမ်ကော်မာရှယ်ဘဏ် (SCB) တို့ ဇန်နဝါရီ ၈ ရက်တွင် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့သည်။

ယင်းနားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ ဘဏ်များတွင် ဘဏ်ဝန်ဆောင်မှု သုံးစွဲသူများအတွက် ထိုင်းဘတ်နှင့် မြန်မာကျပ်ကို တိုက်ရိုက်လဲလှယ်သုံးစွဲနိုင်ရေးအတွက် ပူးပေါင်းခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ထု့ိပြင် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာလုပ်သားများနှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဘဏ်မှတဆင့် ငွေပေးချေနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ထိုင်းနိုင်ငံဗဟိုဘဏ်တို့အကြားနယ်စပ်ဖြတ်ကျော် ငွေပေးေချေမှုများအတွက် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေတိုက်ရိုက်လဲလှယ်သုံးစွဲနိုင်ရေး နားလည်မှုစာချွန်လွှာကို  ၂၀၁၉ အောက်တိုဘာတွင် လက်မှတ်ရေးထိုးခဲ့ သည်။  အဆိုပါနားလည်မှုစာချွန်လွှာကို အောက်တိုဘာ ၁၈ ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ IMF-WBE နှစ်ပတ်လည်အစည်းအဝေးတွင် မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဌနှင့် ထိုင်းနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌတို့က လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

အဆိုပါ MoU တွင် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ငွေပေးချေခြင်းများအတွက် ကျပ်ငွေ နှင့် ဘတ်ငွေ အသုံးပြုမှုမြှင့်တင်ရန်နှင့် ယင်းသို့အသုံးပြုနိုင်ရန် မူဘောင်များရှာဖွေချမှတ်သွားရန် သဘောတူညီချက်ပါ ရှိကြောင်း ထိုင်းနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

ယင်းအပြင် မြန်မာနှင့် ထိုင်းရှိ ဗဟိုဘဏ်များသည် ဘဏ္ဍာရေးကဏ္ဍတွင် ဆန်းသစ်တီထွင်ခြင်းများ၊ ပြုပြင်ပြောင်းလဲခြင်းများ ၊ ငွေပေးချေရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားပြီး ယင်းသို့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေရေးလုပ်ငန်းစဉ်များကို ပိုမိုလုံခြုံနိုင်မည်ဖြစ် ကြောင်း ထိုင်းနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

ထိုင်းအခြေစိုက်ဘဏ် SCB သည် မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်၍ ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံတွင် အမြတ်အများဆုံးဘဏ်အဖြစ် ကိုးနှစ်ဆက်တိုက်ဦးဆောင်နေသည့် ပထမဆုံးဘဏ်ဖြစ်ကြောင်း သိရသည် ။

ထို့ပြင်SCBဘဏ်သည် မြန်မာဘဏ်များနှင့် အဆက်အသွယ်ဘဏ်လုပ်ငန်းများထူထောင်ထားရှိပြီး လက်ရှိအချိန်ထိကုန်သွယ်ရေးအတွက် မြန်မာဘဏ်များကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ သုံးစွဲထားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် လည်း ချိတ်ဆက်ပေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဧရာဝတီဘဏ်ကို ၂၀၁၀ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး လက်ရှိတွင် ဘဏ်ခွဲပေါင်း ၂၅၈ ဘဏ် ရှိပြီး ဘဏ်ဝန်ဆောင်မှုအသုံးပြုသူ ၂ သန်းခွဲရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံထားပြီး တတိယအများဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံလည်းဖြစ်သည်။

SOURCEMyo Sandar /Myanmar Business Today
Previous articleCBM Allows Interbank Money Market Transactions
Next articleLegal Ownership Secured for 10,000 Used Cars in Three Months