HomeInvestment & FinanceBeing a Top Improver Country a Good Sign: State Counsellor

Being a Top Improver Country a Good Sign: State Counsellor

Tin Mg Oo/Myanmar Business Today

State Counsellor Daw Aung San Suu Kyi hailed Myanmar’s place among the top 20 improver countries in the World Bank’s Ease of Doing Business 2020 list at the Centennial Celebration of the Union of Myanmar on November 22 in Naypyidaw.
“Myanmar got 468 points in the World Bank’s Ease of Doing Business Report 2020 released on October 24, compared to 435 points the previous year. Moreover, the country’s ranking also moved up six places to 171,” said the State Counsellor.
Pointing out that this success was the result of joint efforts by the Myanmar people and government, she urged all stakeholders to join forces and continue the good work.
The State Counsellor went on to say that micro, small and medium enterprises play a critical role in the development of human resources as well as the country’s economic development, and that the government is trying to support them for sustainable development.
Last year, the country adopted the Myanmar Sustainable Development Plan 2018-2030. Government officials also started meeting with the World Bank’s Doing Business team with the goal of improving the country’s ranking to above the 100th place by 2020.
According to World Bank estimates, Myanmar’s GDP growth will increase to 7 percent this fiscal year from 6.7 percent in 2018-2019 and 6.4 percent in 2017-2018 and 2016-2017.


Myanmar Summary

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှုလွယ်ကူ ရန် ပြုပြင်ပြောင်းလဲမှု တိုးတက်မှုအရှိဆုံး နိုင်ငံ ၂ဝ တွင် မြန်မာနိုင်ငံပါဝင်ခဲ့ခြင်းသည် ရလဒ်ကောင်းတစ်ခုဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ၂၂ တွင် နေပြည်တော်တွင် ပြုလုပ်သည့် UMFCCI
နှစ် ၁ဝဝ ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။
”၂ဝ၁၉ အောက်တိုဘာ ၂၄ မှာ ထုတ်ပြန် ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု ၂ဝ၂ဝ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ရမှတ်က ၄၆၈ ရရှိခဲ့ပါတယ်။ ယခင်နှစ်က ရမှတ် ၄၃၅ ထက် ပျမ်းမျှရမှတ် ၃၃ တိုးတက်ရရှိခဲ့ပြီး ယခင်နှစ်ရရှိခဲ့တဲ့ အဆင့် ၁၇၁ ဆင့်မှ အဆင့်ခြောက်ဆင့် တိုးတက်လာခဲ့ပါတယ်”ဟု ¤င်းက ပြောသည်။
ယခုအောင်မြင်မှုမှာ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်တစ်ခုဖြစ်ပြီး အဆိုပါရလဒ်များကို ဆက်လက်ထိန်းသိမ်း ကာ မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းကဏ္ဍ အသီးသီး ပုံစံအသီးသီးတို့တွင် ပိုမိုလွယ်ကူ စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်အားစိုက် ကြိုးစားသွားကြရန် လိုအပ်ကြောင်း၎င်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ၂ဝ၁၈-၂ဝ၃ဝ (Myanmar Sustainable Development Plan)
ကို ၂ဝ၁၈ ခုနှစ်မှာ ချမှတ်ခဲ့သည်။ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း များသည် ဆင်းရဲမှုလျှော့ချရေးနှင့် လူ့စွမ်း အားအရင်းမြစ် စွမ်းဆောင်ရည် မြင့်မားမှု တို့အတွက် အဓိကနေရာတွင် ရှိနေပြီး အဆိုပါ လုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် အရည် အသွေး တိုးတက်စေဖို့အတွက် ဆောင်ရွက် ပေးလျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။
မြန်မာအနေဖြင့် အဆင့်တိုးတက်လာရေး Doing Business Mission
နှင့်၂ဝ၁၈ ခုနှစ်က စတင်တွေ့ဆုံခဲ့သည်။ ၂ဝ၁၇ ခုနှစ် မှစတင်ကာ ၂ဝ၂ဝ ခုနှစ်အရောက်တွင် Ease of Doing Business
သတ်မှတ်ချက် တွင် အဆင့် ၁ဝဝ အောက်ရောက်ရှိရေး မျှော်မှန်းခဲ့ခြင်းဖြစ်ပြီး Report
ထွက်လာ သည့်အခါတွင်တော့ အဆင့် ခြောက်ဆင့်ခန့် မြင့်တက်လာခြင်းဖြစ်သည်။
ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည့် မြန်မာ နိုင်ငံ၏ GDP
တိုးတက်မှုနှုန်းအရ တိုးတက် လာစရာရှိနေပြန်သည်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍနှစ်မှာလည်း အလားတူ အတိုင်းရှိနေခဲ့သည်။ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာ နှစ်မှာတော့ ၆ ဒသမ ၇ ရာခိုင်နှုန်းတက်လာ ခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်တွင်တော့ ၇ ရာခိုင် နှုန်းအထိ တက်လာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားခဲ့ခြင်းလည်း ဖြစ်သည်။

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img