HomeBusinessLocalBorder Trade Increases by $816 Million in Q4 2019

Border Trade Increases by $816 Million in Q4 2019

Myanmar’s border trade increased by $816.195 million in the last quarter of 2019 compared to the same period a year earlier, according to data from the Ministry of Commerce. 

“Compared to the volumes in previous years, our foreign trade is gradually increasing,” Vice President U Myint Swe said during a monthly meeting with local business leaders.

Between November 1 and December 27, border trade volume topped $2.724 billion, with exports contributing $1.951 billion and imports $774.184 million. During the same period in 2018, border trade totaled $1.98 billion, $1.253 billion of which came from exports and $654.774 million from imports.

Myanmar has 18 border trade posts including Muse, Myawaddy, Chin Shwe Haw, Kan Pite Tee and Htee Khee.

၂၀၁၉ နောက်ဆုံးသုံးလတာကာလတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှှု ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ သန်း ၈၀၀ ကျော် ပိုမို

  မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ  ကုန်သွယ်မှှုစာရင်းများအရ ၂၀၁၉ ခုနှစ် နောက်ဆုံးသုံးလတာကာလအတွင်း ကုန်သွယ်မှှုမှာ ယခင်နှစ် အလားတူကာလထက် ကုန်သွယ်မှှု အမေရိကန်ဒေါ်လာ ၈၁၆ ဒသမ ၁၉၅ သန်း ဖိုး ပိုမိုကုန်သွယ်မှှု ပြုလုပ်နိုင်ခဲ့ကြောင်း စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ စာရင်းများအရ သိရသည်။

ယခင်နှစ်တွေထက်စာရင် နိုင်ငံရဲ့ ကုန်သွယ်မှှု ပမာဏတွေက နှစ်စဉ် တိုးတက်လာလျက်ရှိ နေပါတယ်။ အဲဒီမှာ အဓိကကတော့ နယ်စပ်ကုန်သွယ်ရေးတွေက အရေးပါတဲ့ အနေအထားမှာ ရှိနေပြီး နိုင်ငံအတွင်းမှာ ရှိတဲ့ SMEs လုပ်ငန်းတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် တင်သွင်းလာမယ့် ကုန်ပစ္စည်းတွေကို ယှဉ်ပြိုင်နိုင်စေဖို့ တားဆီးအရေးယူမှှုတွေကိုလည်း ကြိုးစားပြုလုပ်သွားမှာ ဖြစ်ပါတယ်ဟု ဒုတိယ သမ္မတ ဦးမြင့်ဆွေက UMFCCI တွင် ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောသည်။

  ၂၀၁၉ နိုဝင်ဘာ ရက်မှ ဒီဇင်ဘာ ၂၇ အထိ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှှုစာရင်းများအရ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၉၅၁ ဒသမ ၅၀၄ သန်း ရှိခဲ့ပြီး သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၇၇၃ ဒသမ ၁၈၄ သန်း စုစုပေါင်း ကုန်သွယ်မှှု ပမာဏ အမေရိကန် ဒေါ်လာ ၂၇၂၄ ဒသမ ၆၈၈ သန်း ရှိခဲ့သည်။  ၂၀၁၈ နိုဝင်ဘာ ရက်မှ ဒီဇင်ဘာ ၂၇ အထိ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှှုများမှာ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၂၅၃ ဒသမ ၇၁၉ သန်း ရှိခဲ့ပြီး သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၆၅၄ ဒသမ ၇၇၄ သန်း ရှိခဲ့ကာ စုစုပေါင်း ကုန်သွယ်မှှု ပမာဏ အမေရိကန် ဒေါ်လာ ၁၉၈၀ ဒသမ ၄၉၃ သန်း ရှိခဲ့ကြောင်း သိရသည်။ 

  မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ၁၈ ခုရှိပြီး မူဆယ် မြဝတီ  ချင်းရွှေဟော် ကံပိုက်တီး နှင့် ထီးခီး နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ  အရေးပါသော ကုန်သွယ်ရေး စခန်းများဖြစ်သည်။ 

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img