(English text below)
ခရီးသည်တင်ယာဉ်တစ်စီးလျှင် ခရီးသည် ၂၅ဦးသာ တင်ဆောင်ရမည်
ကိုရိုနာဗိုင်းရပ် ဖြစ်ပွားနေသည့်အတွက် ပြင်ပသို့ သွားလာနေသည့် ခရီးသည်များ ရောဂါကူးစပ်မှုမဖြစ်ပေါ်စေရန်အတွက် ခရီးသည်တင်ယာဉ်တစ်စီးလျှင် ခရီးသည် ၂၅ဦးသာ တင်ဆောင်ရန်အတွက် COVID-19 ကာကွယ်ထိန်းချူပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ထုတ်ပြန်ထားကြောင်း Power Eleven ကုမွဏီမှ သိရသည်။
ယာဉ်ပေါ်တွင် လိုက်ပါစီးနှင်းသည့် ခရီးသည်များ နှားခေါင်းစည်းမဖြစ်မနေတပ်ဆင်၍ စီးနင်းရမည်ဖြစ်သည့်အတွက် နှာခေါင်းစည်းမပါရှိသူများကို ယာဉ်ပေါ်တွင် ရောင်းချပေးခြင်း၊ အခမဲ့ပေးဝေခြင်းများ ပြုလုပ်ရမည့်အပြင် လက်သန့်ဆေးရေကိုလည်း ယာဉ်အတက် အဆင်းတွင် အဖြစ်မနေထားရှိပေးရန် ညွှန်ကြားထားကြောင်း သိရသည်။
ထို့ပြင် ယာဉ်တစ်ခေါက် ပြေးဆွဲပြီးတိုင်း ယာဉ်ပေါ်တွင် ပိုးသတ်ဆေး ဖြန်းရမည်ဖြစ်သည်။
လက်ရှိတွင် သယ်ယူပို့ဆောင်ရေးအတွက် ကုမွဏီပေါင်း ၂၀ကျော်မှ ခရီးသည်များအဆင်ပြေစေရန်အတွက် ဝန်ဆောင်မှုပေးနေလျက်ရှိပြီး လိုအပ်ပါက ခရီးသည်တင်ယာဉ်များကို တိုးမြှင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
To curb the spread of coronavirus, the National Committee on Prevention, Control and Treatment on COVID-19 has ordered passenger buses not to carry more than 25 passengers.
Passengers must wear face masks or the buses must sell them face masks if the passengers do not have the face mask and make sure hand sanitisers available near the bus’s door. Moreover, the buses must be disinfected after each drive.
Now, there are over 20 companies providing mass transportation services and planning to increase more buses if necessary.