The Chief Minister of Yangon has urged business leaders to develop a strategy for livestock breeding and agriculture.
“The livestock and agriculture sectors have exports potential and can contribute to GDP growth. If we act fast, we can increase exports,” U Phyo Min Thein said at a December 8 monthly meeting between the Vice President of Myanmar and local business leaders.
Chinese provinces and cities including Yunnan and Shanghai are interested in buying agricultural products and meat from Myanmar. Yangon’s chief minister suggested that businessmen secure export contracts instead of waiting until goods reach border trade posts to negotiate prices.
“We import pork as domestic pig breeding cost and pork prices are higher than in other countries,” said the chief minister. “We need to try to produce pork and chicken at affordable prices and then increase production for exports. To do this, we need to adopt a development strategy for the livestock sector.”
The Myanmar Livestock Federation has called for a ban on pork imports as neighboring countries are having an outbreak of swine flu, which has claimed thousands of pigs.
The federation also called for government support to acquire new technology, loans, land use, market and pure breeds. It asked the government not to ban controversial mixed livestock breeding practices, in which fish are bred in a lake with a poultry farm upon it, as they help create jobs for local people while producing affordable fish and chicken. However, foreign buyers do not accept such breeding practices.
Taken together, the exports of agricultural, animal and fishery products rank third among Myanmar’s exports. Agriculture and livestock have good potential and the government has shown that it has big ambitions for both sectors by including them in the 2015 National Export Strategy.
Myanmar Summary
စိုက်ပျိုးရေး မွေးမြူရေးအတွက် မဟာဗျူဟာတစ်ရပ် စနစ်တကျ ရေးဆွဲဆောင်ရွက်သင့်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်တိုက်တွန်း
စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍအတွက် မဟာဗျူဟာတစ်ရပ် ကို စနစ်တကျ ရေးဆွဲကာ ဆောင်ရွက် သင့်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာလ ၈ ရက်တွင် ပြုလုပ်သည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။
“ ပို့ကုန်ကဏ္ဍမှာ စိုက်ပျိုးရေး မွေးမြူရေး ကဏ္ဍက GDP တိုးတက်ဖို့အတွက် အမြန်ဆုံး ဆောင်ရွက်နိုင် တဲ့ ကဏ္ဍမှာ ရှိပါတယ်။ ဒါကို မြန်မြန်လုပ်နိုင်မယ်ဆိုရင် ပို့ကုန်မြှင့်တင်ဖို့ လုပ်နိုင်မှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
လက်ရှိတွင် ပြည်တွင်းတွင် ထွက်ရှိသော စိုက်ပျိုးရေး ထုတ်ကုန်များ ၊ အသားများကို တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ် ၊ ရှန်ဟိုင်းပြည်နယ် နှင့် အခြားသော ပြည်နယ်များကလည်း တင်သွင်းရန် စိတ်ဝင်မှှုများရှိနေကြောင်း သိရသည်။ ထို့အတူ တင်ပို့သည့်နယ်စပ်ရောက်မှ ဈေးဖြတ်စေခြင်းထက် သီးနှံကုန် သွယ်မည့်နိုင်ငံနှင့် ပြည်တွင်းဈေးကွက်မှာပင်စာချုပ်ချုပ်ဆိုတင်ပို့စေသည့်စနစ်ကို ကျင့်သုံးသင့်ကြောင်း ၎င်းကထောက်ပြသည်။
မွေးမြူရေး ထုတ်ကုန်များကို စတင်မွေးမြူမည့်အချိန်မှ မျိုးကောင်းမျိုးသန့်ရရှိရေး ၊ ကျွေးမွေးမည့် အစာများကို စနစ်တကျ ဆောင်ရွက်ခြင်း ၊ မွေးမြူမည့်မြေနေရာများ ဖော်ဆောင်ခြင်း စသည့်မွေးမြူရေးနှင့်ဆိုင်သည့် လုပ်ငန်းစဉ်များကိုလည်း သုံးသပ်ပြသည်။
“မွေးမြူရေးနဲ့ ပတ်သက်ရင် ပြည်ပကနေ ဝက်တင်ပို့နေတဲ့ ကိစ္စတွေရှိပါတယ် ပြည်တွင်းမှာက စရိတ်စကတွေ ပိုကုန်နေတဲ့ အနေထားဖြစ်နေတဲ့ အတွက် ဈေးနှှုန်းကွာနေတာတွေရှိတယ်။ ဒါ့ကြောင့် ကြက်နဲ့ ဝက်က ဈေးနူန်း သင့်တင့်တဲ့ နှှုန်းထား တစ်ခုနဲ့ ပြည်တွင်းမှာလည်း ရောင်းချနိုင်ဖို့ ပြည်ပကိုလည်း တင်ပို့ရောင်းချနိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါတွေနဲ့ ပါတ်သက်ပြီး တကယ့်ကို မဟာဗျူဟာတစ်ခု ချမှတ်ပြီးဆောင်ရွက်နိုင်မယ်ဆိုရင် မွေးမြူရေး ကဏ္ဍက ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုုးတိုးတက်ရေးအတွက် အများကြီး အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ပြည်ပ နိုင်ငံများ၌ အာဖရိက ဝက်အပြင်းဖျားရောဂါများလက်ရှိတွင် ဖြစ်ပွားနေသည့်အတွက် ပြည်ပနိုင်ငံများမှ ဝက်နှင့် ပတ်သက်သော ပစ္စည်းများတင်သွင်းခြင်းကို တားမြစ်ပိတ်ပင်ပေးရန် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အဆိုပါ အစည်းအဝေးတွင် တင်ပြတောင်းဆိုခဲ့သည်။
ထို့ပြင် လိုအပ်မှုများရှိနေသော နည်းပညာများ ၊ ချေးငွေများ ၊ မြေယာ အသုံးချမှှုများ ၊ ဈေးကွက်ခိုင်မာရေး မျိုးကောင်းမျိုးသန့်ရရှိရေးများကို ပံ့ပိုးကူညီပေးရန် တောင်းဆိုခဲ့သည်။ ကြက်နှင့်ငါး တွဲဖက်မွေးမြူရေးလုပ်ငန်းများသည် လက်ရှိတွင် အခြေခံပြည်သူများ စားဝတ်နေရေး ချောင်ချိရေးအတွက် ဈေးနူန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိသည့်အပြင် အလုပ်အကိုင်အခွင့်လမ်းများစွာကိုလည်း ဖန်တီးပေးထားနိုင်သည့်အတွက် ယခုလိုကြက်နှင့်ငါးတွဲဖက်မွေးမြူခြင်းကို ချက်ခြင်းမရပ်တန့်ရန် တင်ပြတောင်းဆိုခဲ့သည်။
လယ်ယာထွက်ကုန် ၊ တိရစ္တာန်ထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်း ကဏ္ဍအလိုက် တင်ပို့မှှုအားလုံး ပေါင်းသည် ကုန်စည်တင်ပို့မှှုသည် နိုင်ငံ၏ အများဆုံးပို့ကုန်အမယ် အလိုက်စာရင်းတွင် တတိယနေရာတွင် တတိယနေရာတွင် ရှိနေပြီး ရေခံမြေခံကောင်းများရှိခြင်းနှင့် ဈေးကွက်အချက်အခြာကျသည့် နေရာတွင်ရှိသည့်အတွက် ယင်းကဏ္ဍနှစ်ရပ်လုံးအတွက် အစိုးရ၏ ရည်မှန်းချက်သည် ကြီးကြီးမားမားရှိသည်။ ယင်းကုန်စည်နှစ်ခုလုံးသည် ၂၀၁၅ ခုနှစ်ကစတင်ဖော်ဆောင်ခဲ့သောပို့ကုန်မဟာဗျူဟာတွင်လည်း ထည့်သွင်းခဲ့ပြီး ယင်းနောက်တွင် ပို့ကုန်ပစ္စည်းနှစ်မျိုးလုံး၏ တင်ပို့မှှုပမာဏသည် နှစ်တစ်နှစ်ချင်းတွင် ကုန်သွယ်မှှု သိသိသာသာမြင့် တက်လာခဲ့သည်။