CarsDB Auto Show to Provide One Stop Service

0
380

By Ei Thandar Tun / Myanmar Business Today

The 7th CarsDB Auto Show Yangon 2019, will showcase vehicles from 14 auto brands. The brands included BAIC, Borgward, Chevrolet, Ford, GAC, Gold AYA, Hyundai, Isuzu, Jaguar, Land Rover, Mitsubishi, Nissan, Suzuki and Toyota.

“The show will provide a one stop service where visitors can learn all of the services from buying a car to payment methods. Banks will be there to provide loans so customers can buy the car under an installment payment,” said U Myo Thiha, Operation Manager of CarsDB.

The show will bring together all services and service providers including automakers, distributors, automobile services, banking services and insurance services. The show is organized with the aim of helping the automobile industry within the country to further develop.

In addition to brand new cars, the show will also include used cars, auto parts and services, and vehicle-related services.

The event will be held at the One Entertainment Park from 10 a.m. to 8 p.m. from November 15 to 17.

CarsDB has been organizing automobile shows since 2017 with shows selling over 1,300 units.

ခုနှစ်ကြိမ်မြောက် မော်တော်ယာဉ်ကားအရောင်းပြပွဲတွင် Brand New ကားအမှတ်တံဆိပ်ပေါင်း ၁၄ခုမှ ဝင်ရောက်ပြသမည်

          CarsDBမှ ကြီးမှူးကျင်းပပြုလုပ်မည့် ခုနှစ်ကြိမ်မြောက် မော်တော်ယာဉ်ကားအရောင်းပြပွဲ(CarsDB Auto Show Yangon 2019) တွင် Brand New ကားအမှတ်တံဆိပ်ပေါင်း ၁၄ခုမှ ဝင်ရောက်ပြသသွားမည်ဖြစ်သည်။

ပြပွဲအတွင်း Brand New ကားမှတ်တံဆိပ်များဖြစ်သည့် BAIC , Borgward , Chevrolet , Ford , GAC , Gold AYA , Hyundai , Isuzu , Jaguar , Land Rover, Mitsubishi , Nissan , Suzuki နှင့် Toyota အစရှိသည့် ကုမ္ပဏီများမှ ဝင်ရောက်ပြသသွားမည်ဖြစ်သည်။

          “ ဒီပြပွဲမှာ ကားနဲ့ပတ်သတ်တဲ့ ဝန်ဆောင်မှုတွေအပြင် ကားတွေကို အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်အောင် ဘဏ်ကလည်း ဝင်ရောက်ပြသသွားမှာဖြစ်တဲ့အတွက် လာရောက်လေ့လာတဲ့သူတွေအနေနဲ့ တစ်နေရာထဲမှာ ဝင်ရောက်လေ့လာနိုင်မှာဖြစ်တယ်” ဟု CarsDB က Operation Manager ဦးမျိုးသီဟက ပြောသည်။

         ကားထုတ်လုပ်သူများ၊ ဖြန့်ဖြူးရောင်းချသူများ၊ ကားနှင့် ဆက်စပ်သည့် လုပ်ငန်းများ၊ မော်တော်ယာဉ်အရစ်ကျ ဝယ်ယူနိုင်သည့် ဘဏ်နှင့် အာမခံလုပ်ငန်းများ ဈေးကွက်အတွင်းရှိ လိုအပ်သော မော်တော်ယာဉ်နှင့် သက်ဆိုင်သော ဝန်ဆောင်မှုအမျိုးမျိုးကို တစ်နေရာတည်းတွင် စိတ်ကြိုက်ဝယ်ယူနိုင်ရန်နှင့် မော်တော်ယာဉ်လုပ်ငန်းစုကို ဖွံ့ဖြိုးတိုးတက်စေရန်  ပြပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ပြပွဲတွင် Brand New ကားများသာမက တစ်ပတ်ရစ်ကားများ၊ မော်တော်ယာဉ် အပိုပစ္စည်းရောင်းချသောဆိုင်များ၊ မော်တော်ယာဉ်နှင့် ဆက်စပ်သော ဝန်ဆောင်မှုအမျိုးမျိုးကို ဆောင်ရွက်ပေးသည့် လုပ်ငန်းများမှာလည်း ပြပွဲတွင် ပါဝင်ပြသသွားမည်ဖြစ်သည်။

         ယင်းပွဲကို နိုဝင်ဘာလ ၁၅ရက်နေ့မှ ၁၇ရက်နေ့အထိ သုံးရက်တိုင်တိုင် The One Entertainment Park၌ နံနက် ၁၀နာရီမှ ည ၈နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

         CarsDBမှ ပြုလုပ်သည့် မော်တော်ယာဉ်အရောင်းပြပွဲကို ၂၀၁၇ခုနှစ်မှ စတင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ပြုလုပ်သည့်  ကားအစီးရေ ၁၃၀၀ကျော် အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံအထိ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

Previous articleIndia’s Bean Demand Increases Local Bean Prices
Next articleSky Suites Luxury Condo Expo Hits K6 Billion in Sales