မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါစမ်းသပ်မူများတွင် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာစေရန်အတွက် Good Neighbours International မှတစ်ဆင့် ကျန်းမာရေး စောင့်ရှောက်မူ လက်လှမ်းမီမှုရှိရေး ရန်ပုံငွေနှင့် အလှူရှင်များဖြစ်သည့် ဗြိတိန် ဆွီဒင် အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့က အမေရိကန်ဒေါ်လာ ခုနှစ်သိန်း တန်ဖိုးရှိ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။ COVID-19 သံသယ လူနာများအား အမျိုးသားကျန်းမာရေး ဓါတ်ခွဲခန်းမှ ရောဂါရှိမရှိ စမ်းသပ်မူများလုပ်ဆောင်ရာတွင် စွမ်းရည်ပိုမိုကောင်းမွန်လာစေရေး အတွက် အမေရိကန်ဒေါ်လာ ခုနှစ်သိန်း တန်ဖိုးရှိ စမ်းသပ်ပစ္စည်းကရိယာများ ၊ ဓါတ်စမ်းပစ်စည်းနှင့် အခြားဓါတ်ခွဲခန်းသုံးပစ္စည်းများ ဝယ်ယူခဲ့သည်။ ပထမအသုတ်ပစ္စည်းများအဖြစ် (COVID-19 စမ်းသပ်ပစ္စည်း (real-time PCR tests) ၅၀၀၀ကျော် ၊ ဓါတ်ခွဲရန် နမူနာကို ပို့ဆောင်သည့် VTM...
လတ်တလော ဖြစ်ပွားလျှက်ရှိနေသော COVID-19 အတွက် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတုန့်ပြန်ရေး မဟာဗျူဟာ အတွက် ဦးစားပေးချက် လေးရပ်ကို ဥရောပသမဂ္ဂ (EU)က ချမှတ်ခဲ့သည်။ ပထမဦးစွာ ကုသနည်းသစ်များနှင့် ကာကွယ်ဆေးထုတ်လုပ်ရန် အရင်းအမြစ်များကို စုပေါင်း အသုံးချရမည်ဖြစ်ပြီး ရလဒ်များကို တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် အများပိုင်အဖြစ် သက်မှတ်သင့်ကြောင်း၊ ဒုတိယအချက်အနေဖြင့် ဘဏ္ဍာရေးနှင့် ငွေကြေးသုံးစွဲမှုကို လှုံ့ဆော်နှိုးရန် နည်းလမ်းများကို ညှိနှိုင်းလုပ်ဆောင်၍ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကို ကာကွယ်ခြင်းဖြင့် စီးပွားရေးထိခိုက်မှုကို ကန့်သတ်လျှော့ချရန် လိုအပ်ကြောင်း၊ တတိယအချက်အနေဖြင့် ကျန်းမာရေးအာဏာပိုင်များ၏ သဘောတူညီချက်ရသည်နှင့်တစ်ပြိုင်နက် နယ်စပ်များကို စနစ်တကျ ပြန်လည်ဖွင့်ပေးရန် ညှိနှိုင်း၍ အစီအစဉ်ချမှတ်ထားသင့်ကြောင်း၊ နောက်ဆုံးအနေဖြင့် သတင်းအချက်အလက်မှားများ ဖြန့်ဝေနေခြင်းကို ဆန့်ကျင်တိုက်ဖျက်ရန် ပူးပေါင်းရန်လိုကြောင်း ဥရောပသမဂ္ဂကဆိုသည်။ ကမ္ဘာပေါ်ရှိနိုင်ငံများစွာသည် COVID-19...
Covid-19 ရောဂါ ကာကွယ်တားဆီးရေးတွင် လိုအပ်သည့် ပစ္စည်းများဖြစ်သည့် Surgical Mask၊  PPE ဝတ်စုံ တို့ကိုလည်းကောင်း၊ လူနာကုတင်၊ ဆေးရုံသုံး အသက်ရှုစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများကို တင်သွင်းမည်ဆိုပါက သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ တင်သွင်းခွင့်ပြုထားကြောင်း ကုန်သွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ Covid-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ရောဂါကာကွယ်ရေးအတွက် လိုအပ်သော ဆေးဝါးများနှင့် ဆေးပစ္စည်းများ ပြည်တွင်း၌ လုံလောက်မှုမရှိသည့်အပြင် ပြည်ပမှ တင်သွင်းရာတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနအနေဖြင့် ကုန်ပစ္စည်းများ ပြည်ပမှ မှာယူတင်သွင်းရာတွင် လုပ်ငန်းလွယ်ကူလျင်မြန် ချော့မွေ့စေရန်အတွက် လိုင်စင်လျှောက်ထားရန် လိုအပ်သည့်...
ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရာတွင် အခရာကျမည့် ကာကွယ်ရေးပစ္စည်းများကို ဝယ်ယူခွင့်ရရှိရေးအတွက် နိုင်ငံအသီးသီး၏ အဝယ်တော်အဖွဲ့အစည်းများသည် အခြားနိုင်ငံများနှင့် အချင်းများကာ ဝယ်ယူခွင့် ရရှိရေးဆောင်ရွက်နေကြရကြောင်း ဂျာမနီနိုင်ငံ ကျန်းမာရေးဝန်ကြီး Jens Spahn က ပြောသည်။ ဥရောပနိုင်ငံများအတွက် ရည်ရွယ်ထားသည့် ကာကွယ်ရေးနှာခေါင်းစည်းများကို အမေရိကန်တာဝန်ရှိသူများက ဝယ်သွားသည်ဆိုသည် သတင်းများနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ "တရုတ်နိုင်ငံမှာ ဒီနှာခေါင်းစည်းတွေဝယ်ယူခွင့်ရဖို့ လူတွေ တကယ်ကြီး စကားများ၊ ရန်ဖြစ်နေကြတယ်ဆိုတဲ့ သတင်းတွေ ကြားတယ်မဟုတ်လား" ဂျာမနီနိုင်ငံအတွက် သယ်ယူပို့ဆောင်ရေးလုပ်ပေးနေသော ကုမ္ပဏီကို သွားရောက်ကြည့်ရှုရင်း၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ "ဒါဟာ ကောင်းတဲ့အရာတော့မဟုတ်ဘူး။ ဒါပေမဲ့ ဝယ်လိုအားတွေ အများကြီး ရှိနေတယ်ဆိုတာကို ပြနေတယ်" ဂျာမနီနိုင်ငံအနေဖြင့် အသွားအလာကန့်သတ်မှုများ ပြုလုပ်ထားသလို ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်သော စမ်းသပ်မှုများလည်း ပြုလုပ်နေရာ...
ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကို ဧပြီ ၁ ရက်မှ စတင်၍ အွန်လိုင်းမှ လျှောက်ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။ ထိုသို့ ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားလိုသည့် လုပ်ငန်းရှင်များသည့် လိုင်စင်လျှောက်ထားခြင်းကို ငွေပေးသွင်းခြင်း ၊ လိုင်စင်ပြန်လည်ထုတ်ယူခြင်းများကို အွန်လိုင်းမှ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယခင်က အွန်လိုင်းမှ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကို CMP (အထည်ချုပ်) လုပ်ငန်းများကိုသာ ခွင့်ပြုခဲ့သည်။ လက်ရှိတွင် ပြည်သူများလိုအပ်သည့် သွင်းကုန်ပစ္စည်းများဖြစ်သည့် ဆေးနှင့် ဆေးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဓါတ်မြေသြဇာ၊ စားအုန်းဆီနှင့် ဆီထွက်ပစ္စည်း၊ နို့နှင့် နို့ထွက်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းများ၊ စွမ်းအင်သုံးပစ္စည်းများ၊ချောဆီ၊ ဆိုင်ကယ်၊ စက်ဘီးများနှင့် ပို့ကုန်ကဏ္ဍတွင် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၊ ခဲသတ္တု၊သကြား၊ သဘာဝဓါတ်ငွေ့၊ နှင့်အခြားကုန်ပစ္စည်းများကိုပါ အွန်လိုင်းမှ လိုင်စင်လျှောက်ထားခွင့်ပြုလိုက်ခြင်း...
Covid-19 ၏ သက်ရောက်မှုကြောင့် ထိခိုက်နစ်နာမှုရှိသည့် စီးပွားရေးလုပ်ငန်းများကို အစိုးရမှ ကျပ် ဘီလီယံ (၁၀၀) ထုတ်ချေးပေးမည်ဖြစ်ပြီး အဆိုပါ ချေးငွေထုတ်ချေးခြင်းကို ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်သွားမည်ဖြစ်ပြီး ချေးငွေလျှောက်ထားခြင်းကို ဧပြီ ၉ ရက်အထိ နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။ ယင်းသို့ ချေးငွေလျှောက်ထားရာတွင် Covid-19 ၏ အကျိုးသက်ရောက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများကို ထုတ်ချေးမည်ဖြစ်ပြီး အတိုးနှုန်းမှာ ၁ ရာခိုင်နှုန်းသတ်မှတ်ထားကာ ချေးငွေသတ်တမ်းမှာ တစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ဧပြီ ၁ ရက်တွင် အဆိုပါချေးငွေလျှောက်ထားသူ စုစုပေါင်း (၅၀) ခန့်ရှိပြီး စုံစမ်းမေးမြန်းသူ (၁၅၄) ဦးရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။ အဆိုပါ ချေးငွေကို အွန်လိုင်းဖြင့်လည်း လျှောက်ထားနိုင်ပြီး အွန်လိုင်းမှ ချေးငွေလျှောက်ထားခြင်းကို...
Lockdown ချထားခြင်ကို မလိုက်နာပါက အသေပစ်ခိုင်းရန် စစ်သားများကို အမိန့်ပေးဖို့ ဝန်မလေးကြောင်း ဖိလစ်ပိုင် သမ္မတ Rodrigo Duterte က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။  အစိုးရ၏ စားနပ်ရိက္ခာအကူအညီပေးမှုများနှင့် ပတ်သက်၍ ဖလစ်ပိုင်မြို့တော်မနီလာမြို့ရှိ ပြည်သူများက ဆန္ဒပြခဲ့ကြပြီးနောက်တွင် သူက တီဗီမိန့်ခွန်းတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မနီလာမြို့မှာ မတ်လ ၁၅ ရက်နေ့ကတည်းက lockdown ချကာ အသွားအလာတားမြစ်ထားခြင်းဖြစ်သည်။ "ပြဿနာရှာတာ၊ ပစ်တာခတ်တာ၊ သတ်တာဖြစ်တာတွေရှိလာရင် လုပ်တဲ့လူကို သေနတ်နဲ့ပစ်မိန့်ပေးဖို့ ဝန်လေးနေမှာမဟုတ်ပါဘူး။ ဖမ်းဆီးထိန်းသိမ်းဖို့ ရဲတွေကို အမိန့်ပေးဖို့လည်း ဝန်လေးနေမှာမဟုတ်ပါဘူး။ အဖမ်းခံရတယ်ဆိုရင်တော့ စားစရာကို ကိုယ့်ဘာသာကိုယ် ရအောင်လုပ်ခိုင်းမှာပါ" ဟု ၎င်းက ပြောသည်။ ထိုကဲ့သို့ ခြိမ်းခြောက်ပြောကြားခဲ့သည့်အပေါ် သမ္မတ Duterte ကို...
The most difficult times imaginable As the novel coronavirus continues to spread, commercial flights have all but stopped. The situation is so dire that the head of the trade group representing the world’s airlines called the last few months “its deepest crisis ever.” A Reuters analysis of data from FlightAware, which...
By Asha Sistla March 31 (Reuters) - Gold prices fell on Tuesday as the dollar firmed and as shares rose on hopes of a rebound in China economic activity, while safe-haven demand amid concerns over the coronavirus outbreak kept the metal on track for its sixth straight quarterly gain. Spot...
ue to raw material shortages caused by the coronavirus outbreak, eight factories have closed down, six others suspended operations and another two laid off workers in the period from the beginning of the year to March 10. The Ministry of Labor, Immigration and Population said it had helped more...