The Central Bank of Myanmar has legalized interbank money market transactions in a bid to boost development of the banking and finance industry.
Under the CBM’s directive, banks can carry out activities such as interbank lending, interbank savings and interbank trading in government securities.
Banks can provide interbank loans with terms of up to one year and accept savings in kyats and U.S. dollars under consensual agreement and in line with existing regulations. Rates can be set in accordance with the agreement between the two parties.
If a bank decides to use government securities as collateral, it must do so in keeping with the criteria set by the CBM.
Recipient banks are required to submit to the Central Bank information given by the bank that provides funds.
In addition, banks must submit a report of their interbank money market activities to the CBM or face legal action in accordance with Article 154 of the Financial Institution Law.
Myanmar Summary
ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍဖံ့ွဖြိုးတိုးတက်စေရန် ဘဏ်အချင်းချင်း ငွေကြေးဈေးကွက် ဆောင်ရွက်ချက် (Interbank Money Market Transaction) များကို ဆောင်ရွက်ခွင့်ပေးလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
ငွေကြေးဈေးကွက်ဖွံ့ွဖြိုးတိုးတက်စေရန် ငွေထုတ်ပေးခြင်း (Fund Providing) ဘဏ်အချင်းချင်း ငွေထုတ်ချေးခြင်း ၊ ဘဏ်အချင်းချင်းအပ်နှံငွေထားရှိခြင်းနှင့် အစိုးရငွေချေး သက်သေခံလက်မှတ်များ ဝယ်ယူခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ငွေလက်ခံခြင်း (Fund Receiving ) အပိုင်းတွင် ဘဏ်အချင်းချင်း ငွေချေးယူခြင်း ၊ ဘဏ်အချင်းချင်းအပ်ငွေလက်ခံခြင်း နှင့် အစိုးရငွေချေးသက်သေခံလက်မှတ်များရောင်းချခြင်းတို့ ပါဝင်သည် ။
ဘဏ်အချင်းချင်းငွေကြေးဈေးကွက်ဆောင်ရွက်ချက်များဆောင်ရွက်နိုင်ရန် သက်တမ်း(၁) နှစ်ထက်မပိုသည့် ငွေထုတ်ပေးခြင်းနှင့် ငွေလက်ခံခြင်းများကို မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာဆောင်ရွက် ခွင့်ပြုထားသည်။
ယင်းသို့ ဆောင်ရွက်ရန် နှစ်ဦးနှစ်ဘက်ပြန်လည်ဝယ်ယူရန် သဘောတူညီချက်အရ လုပ်ဆောင်ချက်များကို ဆောင်ရွက်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
ထ့ိုပြင် ဘဏ်အချင်းချင်းငွေချေးယူရာတွင် ချေးငွေထုတ်ပေးသည့် ဘဏ်နှင့် ချေးငွေထုတ်ယူသည့်ဘဏ်တို့ နှစ်ဦးနှစ်ဘက် ညှိနှိုင်းသဘောတူသည့်အတိုးနှုန်းဖြင့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ယင်းပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်တွင်ပါဝင်သည့် အစိုးရငွေချေး သက်သေခံ လက်မှတ်များကို အာမခံအဖြစ် အသုံးပြုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်းထည့်သွင်းထားသည်။ ဘဏ်အချင်းချင်းငွေကြေးဈေးကွက်ဖော်ဆောင်ရာတွင် ငွေလက်ခံသည့်ဘဏ်သည် ငွေထုတ်ပေးသည့်ဘဏ်မှ ဖြည့်သွင်းထားသည့် အချက်အလက်များမှန်ကန်မှု ရှိ မရှိကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရမည်ဖြစ်သည်။
ဘဏ်များသည်ဘဏ်အချင်းချင်းငွေကြေးဈေးကွက်ဖော်ဆောင်ခြင်းများနှင့်ပတ်သက်သည့် အစီရင်ခံစာကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရမည်ဖြစ်သည်။ ငွေရေးကြေးရေးအဖွဲ့အစည်းများသည် Interbank Reporting ပေးပို့ရန် ပျက်ကွက်ပါက ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ(၁၅၄) ပါစီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။