Home Business Local CBM Issues Rules for Cross-Border Money Transfers

CBM Issues Rules for Cross-Border Money Transfers

Myo Sandar/Myanmar Business Today

In a move to counter illegal money transfers, the Central Bank of Myanmar on November 15 issued rules for cross-border remittances.

Under the directive, only local companies registered in accordance with the Myanmar Companies Act who have placed a certain amount of deposit can apply for a cross-border remittance license. They have to provide documents of fund deposits to prove they are taxed and legal.

In addition, the applicants need to provide documents proving the experience and skills of the executives of the cross-border remittance business as well as criminal clearance certificates for the owners, executives and shareholders with over 10 percent ownership of the company.

Moreover, employees of cross-border money transfer companies are required to attend training provided by the Financial Intelligence Unit, Myanmar Police Force, Special Intelligence Department and the Central Bank of Myanmar in accordance with anti-money laundering and anti-terrorism laws. Certificates of training completion must be submitted along with the license application.

Successful applicants will have to pay K1 million for a three-year cross border remittance license plus a K100,000 annual fee.

The maximum amount for a single transaction is $1,000 and the monthly transaction cap is set at $5,000 per person. Penalties for delaying or failing to transfer funds or deceiving clients can include a suspension or withdrawal of license.

The Central Bank has the authority to supervise license holders and force them to comply with the instructions, rules and regulations on cross-border money transfers.

Most migrant workers from Myanmar go to Thailand in search of work opportunities and their second most popular destination is Malaysia. Allowing authorized cross-border fund transfer services can benefit Myanmar migrant workers and overseas employment agencies. Hundi money transfer services will likely try for a license as well.

တရားမဝင်ငွေလွှဲလုပ်ငန်းများ လျော့နည်း ပြီး တရားဝင်ငွေလွှဲလုပ်ငန်းများ ဖွံ့ဖြိုးလာ စေရန် ပြည်ပငွေလွှဲလုပ်ငန်းများလိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်းများကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ နိုဝင်ဘာ ၁၅ ရက်က ထုတ်ပြန်လိုက်သည်။
ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထား သူများသည် လိုင်စင်ရရှိရန် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရဖွဲ့စည်းထားသည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်ကာ လုပ်ငန်းအတွက် အာမခံငွေထားရှိရမည်ဖြစ်သည်။ အဆိုပါ ငွေသည် တရားဝင်လုပ်ငန်းများမှ ရရှိထား သည့် ငွေဖြစ်ကြောင်း အခွန်ထမ်းဆောင် ထားသည့် အထောက်အထားပြရမည်ဖြစ် သည်။
ထို့ပြင် ပြည်ပငွေလွှဲလုပ်ငန်း စီမံခန့်ခွဲမည့် ပုဂ္ဂိုလ်၏အမည်၊ အတွေ့အကြုံနှင့်ကျွမ်းကျင် သည့် လုပ်ငန်းနယ်ပယ်၊ ကုမ္ပဏီ၏အကျိုးခံ စားခွင့်ရှိသူပိုင်ရှင်နှင့် စီမံခန့်ခွဲမည့်ပုဂ္ဂိုလ် များ၊ ကုမ္ပဏီ၏ အစုရှယ်ယာ ၁ဝ ရာခိုင်နှုန်း နှင့် အထက်ပိုင်ဆိုင်သည့် အစုရှယ်ယာရှင် များ၏ ပြစ်မှုကင်းရှင်းကြောင်း အထောက် အထားတင်ပြရမည်ဖြစ်သည်။
ယင်းပြင် ငွေကြေးဆိုင်ရာစုံစမ်းထောက် လှမ်းရေးအဖွဲ့ (Financial Inrelligence Unit- FIU)
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာနအပါအဝင် ဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပါ ပြဌာန်း ချက်များကို လိုက်နာ ဆောင်ရွက်မှုရှိရေးဆိုင် ရာသင်တန်းတက်ရောက်ပြီးစီးကြောင်း အထောက်အထားလက်မှတ်ကို ပြည်ပငွေလွှဲ လုပ်ငန်းလိုင်စင်လျှောက်ထားသည့်အချိန် တွင် တင်ပြရမည်ဖြစ်သည်။
ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ကြေးမှာ ကျပ် တစ်သန်းဖြစ်ပြီး လိုင်စင်သက်တမ်းမှာ သုံး နှစ်ဖြစ်ကာ တစ်နှစ်လျှင် နှစ်စဉ်ကြေး ကျပ် တစ်သိန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးသွင်းရမည်ဖြစ်သည်။
အဆိုပါ ပြည်ပငွေလွှဲလုပ်ငန်းများမှ တစ် ဆင့် အများဆုံးငွေလွှဲပြောင်းပေးနိုင်သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ဝဝဝ အထိ ဖြစ်ပြီး တစ်လလုံးတွင် အမေရိကန်ဒေါ်လာ ၅ဝဝဝ ထက် ပိုမိုလွှဲပြောင်းခွင့်မပြုကြောင်း သိရသည်။
အဆိုပါ ပြည်ပငွေလွှဲလုပ်ငန်းများသည် လွဲပြောင်းပေးရမည့် ငွေကြေးများကို လွဲ ပြောင်းပေးရန် ကြန့်ကြာခြင်း၊ပျက်ကွက်ခြင်း၊ လိမ်လည်ခြင်း (သို့) မရိုးမသား ဆောင်ရွက် ခြင်းကို တွေ့ရှိပါက လိုင်စင်ပြန်လည်ရုပ်သိမ်း ခြင်းနှင့် ဆိုင်းငံ့ခြင်းတို့ ပြုလုပ်မည့်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်ပ ငွေလွှဲလုပ်ငန်းလိုင်စင်ရရှိသူများကို ကြီး ကြပ်စစ်ဆေးခွင့်ရှိပြီး ပြည်ပငွေလွဲလုပ်ငန်း ဆိုင်ရာ ညွန်ကြားချက်၊ စည်းမျဉ်း၊စည်းကမ်း များကို လုကိနာရမည်ဖြစ်ပြီး လိုက်နာရမည့် စည်းမျဉ်းများကို ဖောက်ဖျက်ပါက တည်ဆဲ ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

- Advertisment -

Must Read

Yangon’s New City Project receives 16 proposals from nine countries

New Yangon City Development Project has received 16 Expressions of Interests (EOI) submitted by companies and consortiums from nine countries in the Swiss Challenge...