အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Central Bank of Myanmar, who has purchased a total of $173.4 million from the market as of today since January 2 this year, said that its auctions are not intended to manipulate the currency market; instead, the purpose of the auctions is to stabilize the currency market, reduce rapid price fluctuation and increase foreign currency reserve.
Moreover, CBM stated that is auctions are inline with the aims of Foreign Exchange Operation, which are to reduce sudden foreign currency exchange rate fluctuation in a short period and increase foreign currency reserve.
The central bank conducted currency auctions with 3 state-owned banks, 19 local banks, and 13 foreign banks/ branches, who hold authorized dealer (AD) license.
The central bank, using the real-time dealing platform by Refinitiv (former Thomson Reuters), purchases currency considering the proposals by the AD banks, which are between the highest rate and the lowest rates announced by the CBM.
The central bank would hold auctions to sell or buy dollar if Myanmar currency drops lower or increase higher than the benchmark.
Written by Tayzar Bhone Myint/ Translated by Min Thu Aung
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖွင့်လှစ်ဆောင်ရွက်နေသည့် နိုင်ငံခြားငွေ ဈေးပြိုင်လေလံသည် ငွေလဲလှယ်နှုန်းကို နှုန်းထားတစ်ရပ်တွင် ရှိနေစေရန်ဖြစ်စေ၊ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်စေရန်ဖြစ်စေ သို့မဟုတ် ကျဆင်းစေရန်ဖြစ်စေ ရည်ရွယ်ဆောင်ရွက်ခြင်း မဟုတ် ကြောင်း ဇူလိုင်လ ၂၄ ရက်က ကြေညာသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်နေခြင်းမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် နှင့် နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန်အတွက် ဆောင်ရွက်ခြင်းဖြစ် ကြောင်းဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အချက် (၂) ချက်အား အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင် လေလံအား ဆောင်ရွက်လျက်ကြောင်းလည်း ဗဟိုဘဏ်ကဆိုသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ် ထားပြီး အဆိုပါစည်းမျဥ်းညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer – AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ် (၃) ဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် (၁၉) ဘဏ် နှင့် နိုင်ငံခြား ဘဏ်၊ ဘဏ်ခွဲ (၁၃) ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ရောင်းခြင်းတို့ကို ဆောင်ရွက်ကြောင်း သိရသည်။
စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့် ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များကတင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချ ရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်း အဝယ်စနစ် (Real Time Dealing Platform) ကို အသုံးပြု၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ဝယ်ယူ၊ရောင်းချကြောင်းလည်းသိရသည်။
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသည့် ရာခိုင်နှုန်း၊ မြင့်တက်သည့် နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ရောင်းချရန်/ ဝယ်ယူရန် စျေးပြိုင်လေလံကို ဗဟိုဘဏ်က ဆောင်ရွက်သည်။