CBM Suspends Acceptance of Mobile Payments from ‘Zero-Budget’ Tourists

0
286

In the wake of the government’s relaxation of visa rules allowing visitors of certain nationalities to obtain visa on arrival, Chinese travelers have poured into the country.
The number of Chinese tourist arrivals from January to October of this year reached 1.5 million, a 161 percent increase over the same period last year, making the Chinese the largest group of visitors to Myanmar. As they often spend the least among visitors of all nationalities, only stay in Chinese-owned hotels and eat at Chinese-owned restaurants, Chinese visitors are often called “zero-budget tourists” by those in the local tourism industry.
That some of them have been found to break Myanmar cultural rules during their visit has created an added headache for tourism operators and workers and the public at large.
These problems prompted Member of Parliament U Aung Kyaw Kyaw Oo to ask the government on December 10 if it has a plan to ban WeChat Pay and Alipay, which are mostly used by so-called “zero-budget” Chinese travelers.
“These payment methods are legal in China. The money spent in Myanmar through these platforms only goes back to China,” the MP pointed out.
In response to the question, Deputy Minister of Hotels and Tourism U Tin Latt said that the Central Bank of Myanmar had ordered local businesses to suspend accepting payments via WeChat Pay and Alipay from this group of tourists.
The minister went on to say that the government will monitor payments and receipts of payments in dollars for goods and services at local hotels, restaurants and souvenir shops that violate the order to accept payment only in Kyats.
As selling tour packages at low prices to so-called zero-budget tourists constitutes a violation of the Competition Law, the Ministry of Hotels and Tourism is in talks with other relevant government departments to explore taking action against such activities.
In March, the central bank started allowing WeChat Pay, which is popular among Chinese tourists, on a trial basis and in July extended the scheme for another three months.
The central bank is in talks with local banks, international organizations, mobile money transfer services and Myanmar Payment Union (MPU) representatives to set international EMV and MMQR Code standards in order to standardize payments via QR Code.


Myanmar Summary

ဇီးရိုးဘတ်ဂျက်တရုတ်ခရီးသွားများအသုံးပြုသည့် အွန်လိုင်းငွေပေးချေမှုစနစ်ဆိုင်းငံ့ရန်ညွှန်ကြား

လေကြောင်းဖြင့်လာသည့် တရုတ်နိုင်ငံသားခရီးသွားများကိုဗီဇာကင်းလွတ်ခွင့်ပြုပြီးနောက် တရုတ်နိုင်ငံသားခရီးသွားဝင်ရောက်မှှုသိသိသာသာမြင့်တက်လာခဲ့သည်။ ယခုနှစ်အစမှအောက်တိုဘာလအထိ ဗီဇာစနစ်ဖြင့်(လေကြောင်းဖြင့်လာရောက်သည့်) ခရီးသွား တစ်ဒသမငါးသန်း ကျော်ဝင်ရောက်ခဲ့ပြီး တရုတ်ခရီးသွားဝင်ရောက်မှှုသည် ငါးသိန်းကိုးသောင်းကျော်ဝင်ရောက်ခဲ့ကာ ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက သုံးသိန်းခြောက်သောင်းကျော် (၁၆၁%) ထိပိုမိုဝင်ရောက်ခဲ့သည်။ နိုင်ငံအလိုက် ခရီးသွားများဝင်ရောက်မှှုများအနက် တရုတ်နိုင်ငံသားခရီးသွားဝင်ရောက်မှှုသည် အများဆုံးဖြစ်သကဲ့သို့ စည်းကမ်းလိုက်နာမှှုမရှိခြင်း ၊ ပြည်တွင်းငွေကြေးကိုသုံးစွဲမှှုနည်းပါခြင်းနှင့် တရုတ်နိုင်ငံသားပိုင် ဟိုတယ်နှင့်စားသောက်ဆိုင်များတွင်သာ ရွေးချယ်အသုံးပြုခြင်း စသည့်ပြသနာများနှင့် ရင်ဆိုင်နေရသည်။ အဆိုပါကဲ့သို့ငွေပေးချေမှှုမှအစ သွားလာမှှုအားလုံးကို ပြည်တွင်းရှိနိုင်ငံသားပိုင်ဝန်ဆောင်မှှု ကို သုံးစွဲမှှုနည်းသဖြင့် ယင်းတို့ကို ပြည်တွင်းအတွက် ဝင်ငွေမရှိစေနိုင်သော ဇီးရိုးဘတ်ဂျက် ခရီးသွားများဟုလည်း သတ်မှတ်ကြသည်။

ဒီဇင်ဘာ ၁၀ ရက်တွင်ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လှိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ဇီးရိုးဘတ်ဂျက် တရုတ်ခရီးသွားများအသုံးပြုသော အွန်လိုင်းငွေပေးချေမှုစနစ်ဖြစ်သည့် We Chat Pay၊ Alipay တို့ကိုပိတ်ပင်ရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းကိုမေးမြန်းခဲ့သည်။

“ ဒီငွေပေးချေမှုစနစ်က တရုတ်နိုင်ငံမှာတရားဝင်သုံးလို့ရတဲ့စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကိုသုံးတဲ့အတွက် တရုတ်နိုင်ငံသားတွေသုံးတဲ့ ပိုက်ဆံဟာ တရုတ်နိုင်ငံကိုသာပြန်လည်ရောက်ရှိမှာဖြစ်ပါတယ် ” ဟု ဦးအောင်ကျော်ကျော်ဦးက ဆွေးနွေးခဲ့သည်။

၎င်း၏မေးမြန်းချက်ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးတင်လတ်က ပြန်လည်ဖြေကြားရာတွင် ဇီးရိုးဘတ်ဂျက်တရုတ်ခရီးသွားများ မြန်မာနိုင်ငံအတွင်းအသုံးပြုသည့် အွန်လိုင်းငွေပေးချေမှု စနစ် We Chat Pay နှင့် Alipay တို့ကို ဆိုင်းငံ့ထားရန် ညွှန်ကြားထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် QR Codeဖြင့်ပေးချေမှုများ တပြေးညီဖြစ်စေရန် International EMW Standardဖြစ်စေရေး၊ MMQR Code Standard သတ်မှတ်နိုင်ရန် ပြည်တွင်းဘဏ်များ၊ နိုင်ငံ တကာအဖွဲ့အစည်းများ၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုကုမ္ပဏီများ၊ MPUမှ ကိုယ်စားလှယ်များဖြင့် ညှိနှိုင်း ဆောင်ရွက်နေစဉ် Wechat Pay၊ Alipay စသော ငွေပေးချေမှုများကို ဆိုင်းငံ့ထားရန် ညွှန်ကြားထားကြောင်း ဒုတိယဝန်ကြီးက ရှင်းပြခဲ့သည်။

ထို့အပြင် နိုင်ငံအတွင်း ဝယ်ယူရောင်းချနေသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေပေးချေခြင်း၊ ဈေးနှုန်းဖော်ပြခြင်းများကို ကျပ်ငွေဖြင့်သာဆောင်ရွက်ရန် ညွှန်ကြားထားသော်လည်း လက်ရှိတွင် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းဆိုင်များက နိုင်ငံခြားငွေသာလက်ခံ ရရှိနေခြင်းကို ကြပ်မတ်ဆောင်ရွက်မည်ဟုလည်း ဒုဝန်ကြီးကဆိုသည်။

ဇီးရိုးဘတ်ဂျက်ခရီးသွားလာသည့် တရုတ်ခရီးသွားများကို ခရီးစဉ်များရောင်းချရာ၌ အမှန်တကယ် ကျန်ကျစရိတ်ထက် လျော့နည်းသောဈေးနှုန်းဖြင့် ရောင်းချပါက ယှဉ်ပြိုင်မှုဥပဒေနှင့် ငြိစွန်းမည်ဖြစ်ပြီး စီမံခန့်ခွဲမှုနည်းလမ်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေအရေးယူခွင့်ရှိသည့် သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်းမည်ဟု ၎င်းကဆိုသည်။

တရုတ်ခရီးသွားအသုံးများသော အွန်လိုင်းငွေပေးချေမှုစနစ်ဖြစ်သော We Chat Pay စနစ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၉ခုနှစ်မတ်လကုန်ပိုင်း၌ သုံးလစမ်းသပ်ကာလအဖြစ်စတင်ခွင့်ပြုခဲ့ပြီးနောက် ဇူလိုင်လတွင်ထပ်မံ၍ သုံးလသက်တမ်းတိုးခွင့်ပြုခဲ့ခြင်းဖြစ်သည်။