Zin Thu Tun/Myanmar Business Today
The Central Bank of Myanmar (CBM) recently issued a reminder to local banks not to accept untaxed cash or open accounts for people with no identifiable income source. It also urged banks to take precautions with customers with suspicious sources of income.
The move is a bid to fight money laundering and terrorism financing, according to the CBM.
Local banks are required to provide complete data on wire and digital transfers upon request of the Myanmar Financial Intelligence Unit or if the recipient bank makes an inquiry. Data must be stored for at least five years from transaction date.
The Internal Revenue Department levies various taxes including income tax, commercial tax, special item tax, stamp tax and lottery tax. Of these, income and commercial taxes generate the most revenue.
During the 2019 fiscal year, the department collected K6,748.5 billion in revenue, with K2,833.9 billion coming from income tax.
The CBM’s directive came after the government reduced the percentage of tax levied on cash that has not been assessed and taxed for the 2020 fiscal year.
Myanmar Summary
ဝင်ငွေရလမ်းဖော်ပြခြင်းမရှိသော၊ တနည်း အားဖြင့်ဆိုသော် အခွန်ဆောင်ထားခြင်းမရှိ သော ငွေကြေးများကို ဘဏ်စာရင်းဖွင့်လှစ် ခြင်း၊ အပ်ငွေလက်ခံခြင်း၊ ထိန်းသိမ်းခြင်းများ လက်ခံဆောင်ရွက်ခြင်းမပြုရန် ဗဟိုဘဏ် က(အမှတ် ၁၈/၂ဝ၁၉) ညွှန်ကြားချက်တစ် ရပ် ထုတ်ပြန်ထားသည်။
အဆိုပါညွှန်ကြားချက်တွင် ဝင်ငွေအရင်း အမြစ်များ ရှင်းလင်းမှုမရှိသောဆက်သွယ် ဆောက်ရွက် သူများ၊ သိသာထင်ရှားစွာ စီးပွားရေးမဆန်သော၊ အလွန်အမင်းရှုပ် ထွေးသော(သို့)ပုံမှန်မဟုတ်သော အခြေအ နေများ အပေါ်၌ဘဏ်များအနေဖြင့် အလေး ထားစိစစ်ခြင်းများကို ဆောင်ရွက်ရန်ပါဝင် သည်။
ယခုညွှန်ကြားခြင်းသည် ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးဆိုင်ရာကိစ္စရပ်အပေါ် ပူး ပေါင်းပါဝင်လိုခြင်းဖြစ်သည်ဟု ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။
ထို့အပြင် ပြည်တွင်း၌ ကြေးနန်းဖြင့် (သို့မဟုတ်)အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေကြေးလွှဲ ပြောင်းခြင်း သတင်းအချက်အ လက်များကို ငွေကြေးဆိုင်ရာစုံစမ်းထောက် လှမ်းရေးအဖွဲ့(သို့)ငွေလွှဲ လက်ခံသည့် ဘဏ် မှ လိုအပ်ပါက ပြည်စုံစွာရရှိစေရန် ပံ့ပိုးပေး ရမည်ဖြစ်သည်။
အထက်ပါသတ်မှတ်ချက်များအားလုံးကို စတင်သတင်းပေးပို့သည့်နေ့မှစ၍ ငါးနှစ် အထိ ထိန်းသိမ်းထားရန်လိုအပ်မည်ဟု ညွှန် ကြားချက်၌ ပါဝင်သည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနစာရင်းများ အရဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေ သိန်းဆုခွန်တို့ကို အဓိက ကောက်ခံမှုများရှိပြီး ယင်းတို့အနက် တစ်ဦး ချင်းပေးဆောင်သည့်ဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံရရှိမှု ပမာဏသည် အများဆုံးဖြစ်သည်။
ယမန်နှစ်ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် ပြည် တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန် ကောက်ခံရရှိသည့်အခွန် ကျပ် ၆၇၄၈ ဒသမ ၅ ဘီလီယံကောက်ခံရရှိခဲ့သည်။ ယင်းပ မာဏတွင်ဝင်ငွေခွန် ကျပ် ၂၈၃၃ ဒသမ ၉ ဘီလီယံကျော်ကောက်ခံရရှိခဲ့သည်။ အစိုးရ အနေဖြင့်ဝင်ငွေခွန်မှ လွတ်ကင်းနေသာ စည်းကြပ်ဝင်ငွေခွန်သတ်မှတ်ချက်ကို ယခု ဘဏ္ဍာနှစ် တစ်နှစ်လုံးစာအတွက် ယမန်နှစ် များထက်လျှော့ချကောက်ခံမည်ဟု သတ် မှတ်ခဲ့ပြီး ဘဏ္ဍာနှစ်အစောပိုင်း နှစ်လတာအ တွင်း ထွက်လာသည့် ယခုထုတ်ပြန်ချက်က ဝင်ငွေ ခွန်မှ လွတ်ကင်းနေသော ဘဏ်အပ် ငွေများအပေါ် သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။