Central Bank of Myanmar has now allowed Authorized Dealer license holding banks and non-bank financial institutions to buy and sell Chinese yuan and Japan Yen, according to the notice issued on October 12.
It has already allowed the US dollar, Euro, Singapore Dollar, Baht, and Ringgit to be traded in the local exchange market.
“Allowing these currencies are a good thing. But there is no significant impact in the market at the moment. And there is no foreign visitor,” Dr. Soe Tun, owner of Wakeman Money Exchange, said.
The Central Bank of Myanmar the Chinese yuan and Japanese yen to the list of official settlement currencies for banks in international payments and transfers in 2019 aiming to promote international payment and settlement.
In addition to allowing Yuan and Yen to be traded, the Central Bank, on October 3, also ordered exporters to deposit the foreign currency earnings from the exports into the exporter’s foreign currency account or sell the earning to the bank, which holds Authorized Dealer (AD) license, within thirty days, in an attempt to stabilize the dollar rate against Myanmar Kyat.
နိုင်ငံခြားငွေ တရားဝင်ရောင်းဝယ်ခွင့်ရထားသည့် ဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်းအနေဖြင့် တရုတ်ယွမ်နှင့် ဂျပန် ယန်းတို့ကို ဝယ်ယူ ရောင်းချခွင့်ပြုကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကြေညာလိုက်သည်။
ယခင်က အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်နှင့် မလေးရှားရင်းဂစ်တို့ကိုလည်း အရောင်းအဝယ် ပြုလုပ်ခွင့်ပြုထားသည်။
“ဒီလို ခွင့်ပြုလိုက်တာတော့ ကောင်းပါတယ်။ အခုလောလောဆယ် အနေအထားကတော့ ဘာမှ သက်ရောက်မှုမရှိသေးဘူး။ နိုင်ငံခြားသားလည်း မလာဘူးဆိုတော့လေ။ ဒါက money changer တွေပြောတာပေါ့။”
နိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် တရုတ်ယွမ်နှင့် ဂျပန်ယန်းတို့အား နိုင်ငံတကာ ငွေပေးချေမှုများ၊ ငွေလွှဲပြောင်းမှုများတွင် တရားဝင် အသုံးပြုနိုင်သော ငွေကြေးအဖြစ် ၂၀၁၉ ခုနှစ်က စာရင်းသွင်းခဲ့သည်။