Central Bank Cuts Interest Rates by 0.5%

0
173

by Zin Thu Tun

The Central Bank of Myanmar on March 12 cut interest rates for savings and loans by 0.5 percent in a bid to boost economic growth. The new rates come into effect April 1.
In accordance with the rate cuts, the minimum rate for savings, saving bonds and fixed savings will be lowered to 7.5 percent from 8 percent while the maximum lending rate will be lowered to 12.5 percent for collateralized loans and 15.5 percent for noncollateralized loans.
Collateralized loans are loans that have security – such as property, gold, diamonds, jewelry, saving bonds, government treasury bonds or credit guarantee – attached to then.
Business leaders welcomed the rate cuts. A local real estate developer, however, said the bank should cut the rate for collateralized loans by 2 percent.


နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အထောက်အကူပြုစေရန် ရည်ရွယ်၍ ဘဏ် အပ်ငွေအတိုးနှုန်းများကို လျှော့ချသတ်မှတ် ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကမတ် လ (၁၂)ရက်၌ ထုတ်ပြန်လိုက်သည်။
ပြင်ဆင်သတ်မှတ်လိုက်သော အတိုးနှုန်း များမှာ ဘဏ်အပ်ငွေအပေါ်ပေးသည့် အတိုး နှုန်းနှင့်ချေးငွေအပေါ်တောင်းခံသည့် အတိုး နှုန်းကို (ဝဒသမ၅)ရာခိုင်နှုန်းအထိလျှော့ ချခဲ့သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တစ်နှစ်အတိုးနှုန်းသတ်မှတ်ချက်ကို ယခင်က ၁ဝ ရာခိုင် နှုန်းဟု သတ်မှတ်ခဲ့ရာမှ ယခုအခါ ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲလိုက်ခြင်း ဖြစ် သည်။
အဆိုပါ အတိုးနှုန်းပြင်ဆင်သတ်မှတ်ချက် များသည် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလ(၁) ရက် မှစတင် အကျိုးသက်ရောက်စေရမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ကြောင့် ဘဏ်အပ်ငွေအမျိုးအစားဖြစ် သော ငွေစုစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှပေးရမည့်အပ်ငွေအပေါ် အနည်း ဆုံးအတိုးနှုန်းကို (၇ ဒသမ ၅ ) ရာခိုင်နှုန်း ထက် မနည်းစေရဟုသတ်မှတ်ထားပြီး ဘဏ် များမှအာမခံပစ္စည်းရယူပြီး ထုတ်ချေးသည့် ငွေအတွက် အတိုးနှုန်းကို (၁၂ဒသမ၅)နှုန်းထက်ကျော်လွန်ပြီး ကောက်ခံခြင်းမပြုရန် သတ်မှတ်ထားသည်။
ဘဏ်များက အာမခံပစ္စည်းရယူပြီး ထုတ် ချေးငွေအမျိုးအစားတွင် မြေနှင့် အဆောက် အအုံ၊ ရွှေနှင့်ရွှေထည်ပစ္စည်း၊ စိန်နှင့် အဖိုး တန်ကျောက်မျက်ရတနာများ၊ ငွေစုလက် မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေ အပ်ငွေအပါအဝင် ချေးငွေလက်မှတ်၊ စာချုပ် စာတမ်းများ၊ ချေးငွေအာမခံ (ဃမနိငအ ွကေ-မညေအနန)ဖြင့် ထုတ်ချေးသောချေးငွေများပါဝင် သည်။
ယင်းအပြင် အာမခံပစ္စည်းရယူခြင်းမပြု ဘဲဖြစ်စေ၊ အခြားအာမခံပစ္စည်းယူပြီးချေး ယူခြင်းဖြစ်စေ အဆိုပါနှစ်မျိုးစလုံးအတွက် အတိုးနှုန်းမှာ (၁၅ ဒသမ၅)ရာခိုင်နှုန်းထက် ကျော်လွန် ကောက်ခံခြင်းမပြုရန် ဖော်ပြ ထားသည်။
ယခုကဲ့သို့ အတိုးနှုန်းများ လျှော့ချပြင်ဆင် သတ်မှတ်လိုက်ခြင်းကို ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ ကြိုဆိုလျက်ရှိပြီး အာမခံ ပစ္စည်းယူပြီးချေးယူခြင်း အတွက်ပေးရသည့် အတိုးနှုန်းကို(၂)ရာခိုင်နှုန်းအထိ လျှော့ချ သတ်မှတ်ပေးသင့်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

SOURCEZin Thu Tun/Myanmar Business Today
Previous articleMido’s Ocean Star Tributes Mark Collection’s 75th Anniversary
Next articleHealth Certificate Required for Visitors from South Korea