HomeInvestment & FinanceCentral Bank urges local banks to meet the requirements

Central Bank urges local banks to meet the requirements

ဘဏ်များ၏ မတည်ရင်းနှီးငွေမပြည့်မီခြင်း၊ အရင်းအတိုးပေးဆပ်ရန်ပျက်ကွက်သောချေးငွေများဖြစ်ပေါ်နေခြင်း၊ ဘဏ်မှ အများဆုံးချေးနိုင်သည့် ငွေပမာဏထက်ပိုမိုထုတ်ချေးထားခြင်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီလိုက်နာရန် လိုအပ်ပြီး ယင်းသို့ ဖြစ်ပေါ်နေသည့်ဘဏ်များသည့် အဆိုပါကိစ္စများကို ၂၀၂၀ သြဂုတ်လတွင် နောက်ဆုံးထားဆောင်ရွက်ရန်၊ သတ်မှတ်ချက်အား ၂၀၂၃ ခုနှစ် သြဂုတ်လတွင် နောက်ဆုံးထား ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြင်ဆင်သတ်မှတ်လိုက်သည်။

ယင်းသို့ မတည်ရင်းနှီးငွေမပြည့်မီခြင်း၊ အရင်းအတိုးပေးဆပ်ရန်ပျက်ကွက်သောချေးငွေများဖြစ်ပေါ်နေခြင်း၊ ဘဏ်မှ အများဆုံးချေးနိုင်သည့် ငွေပမာဏထက်ပိုမိုထုတ်ချေးထားခြင်းများကို ၂၀၁၇ ခုနှစ် ဇူလိုင်တွင် သတိပေးစာထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် covid -19 ကြောင့် စီးပွားရေးဆိုးကျိုးများဖြစ်ပေါ်ခြင်းကို နိုင်ငံတော်မှ ကုစားသည့်အစီအစဉ်တွင် စီးပွားရေးလုပ်ငန်းများအရှိန်အဟုန်မပြတ်လည်ပတ်နိုင်ရန်အတွက် ယခုကဲ့သို့ ညွန်ကြားရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

အရင်းအတိုးပေးဆပ်ရန် ပျက်ကွက်သည့်ဘဏ်ချေးငွေများအတွက် ရရန်ရှိသော်လည်း အမှန်တကယ်
မရှိသေးသည့်အတိုးများကို ဘဏ်၏ ဝင်ငွေအဖြစ်ထည့်သွင်းတွက်ချက်ခြင်းမှ ရှောင်ကြည်ရန်နှင့် ရပိုင်ခွင့်များသတ်မှတ်ခြင်းနှင့်လျာထားချက်များကိုလည်း ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့်အညီတွက်ချက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွန်ကြားထားသည်။

ပြည်တွင်းပုဂ္ဂလိကဘဏ်များသည့် အဆိုပါစည်းမျဉ်းများကို အပြည့်အဝလိုက်နာရန်လိုအပ်ပြီး တိုးတက်မှုအခြေအနေများကို လစဉ်ပထမပတ်အတွင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ မပျက်မကွက်တင်ပြရန်နှင့် ဘဏ်တစ်ခုချင်းစီနှင့် ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံးအားကောင်းစေရန် အထူးအလေးထားဆောင်ရွတ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွန်ကြားထားသည်။
မျိုးစန္ဒာ

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img