(English text below)
CHID Bank မှ အိမ်ရာချေးငွေရယူထားသူများအနေဖြင့် သတ်မှတ်ထားသည့် ရက်အတိုင်း ချေးငွေပြန်လည် ပေးသွင်းရန်အတွက် အခက်အခဲရှိပါက ပေးသွင်းရမည့်ရက်ကို ၁၅ရက် ရွှေ့ဆိုင်းပေးထားကြောင်း CHID Bank၏ ထုတ်ပြန်ချက်အရ သိရသည်။
လတ်တလောဖြစ်ပွားနေသည့် COVID 19 ရောဂါကြောင့် အိမ်ရာချေးငွေ ရယူထားသူများအနေဖြင့် သတ်မှတ်ရက် မတိုင်မီ ပေးသွင်းရန် အခက်အခဲရှိနိုင်သည့်အတွက် နောက်ဆုံးပေးသွင်းရမည့်ရက်ကို ထပ်တိုး၍ ၁၅ရက် ရွှေ့ဆိုင်ျးလက်ခံပေးခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် ချေးငွေရယူထားသူများအနေဖြင့် ဧပြီလအတွက် အိမ်ရာချေးငွေပေးသွင်းခြင်းကို သတ်မှတ်ထားသည့် ရက်၏ ၁၅ရက် နောက်ကျ၍ ပေးသွင်းရမည်ဖြစ်ပြီး အဆိုပါ ၁၅ရက်အတွက် နောက်ကျကြေးပေးသွင်းရမည်မဟုတ်ကြောင်း သိရသည်။
ယခင်က အိမ်ရာချေးငွေအတွက် ချေးငွေပြန်လည်ပေးသွင်းရာတွင် သတ်မှတ်ထားသည့်ရက်ကို နောက်ဆုံးထား၍ ပေးသွင်းရပြီး သတ်မှတ်ထားသည့် ရက်ကိုကျော်လွန်မှ ပေးသွင်းပါက အရစ်ကျငွေ၏ အရင်းပမာဏအပေါ်တွင် နောက်ကျကြေးအဖြစ် တစ်ရက်လျှင် ၀.၁% ကောက်ခံလျက်ရှိသည်။
CHID Bank has delayed due loan repayments for its home-loan borrowers for 15 days after the due date if they have difficulties paying back the loans amid COVID-19 outbreak without requiring to pay any overdue fines.
Before, the bank charges 0.1 percent of the loan per day as fine for overdue payment.