Chin Lailenpi Airport to Be Completed in May

0
521
700 ft above the airstrip in Lailenpi town, Chin State.

Chin Lailenpi Airport in Matupi Township, Southern Chin State is expected to be completed in May, according to Khon Dee Ran, general manager of Mission Aviation Fellowship Myanmar, the airport’s developer.
The airport has an 800 meters long, 15 meters wide runway. The developer is in talks with the Department of Civil Aviation about flight services. Once completed, the airport is due to be handed over to the department.
“Upon completion, we will try to provide flight services to areas with travel difficulties using small planes, if government permission is forthcoming,” added the executive.
If the government chooses another organization to operate this comprehensive airport, MAF Myanmar will work with the chosen entity.
“As MAF Myanmar is a nonprofit organization, we will work with the operator by donating flight fare or providing low-cost flight fare for emergency patients,” he said.
Once completed, it will be the first airport to serve the area, Dr. Sasa, Founder of Health & Hope Myanmar (HHM), said.
MAF Myanmar, which provides support and aids to underdeveloped areas, chose local company New Asia Start Khat to build the airport by tender process.
Construction, monitored by MAF Myanmar and HHM, kicked off in May 2018. The $1.3 million airport, built with no government funding, will facilitate trips by heads of states, help boost tourism and regional development and bring better access to healthcare for locals.
MAF plans to provide flight services using three 10-passenger airplanes and to build more small airports in remote and hard-to-access areas in other states and regions.
The government is carrying out another airport project, Surbon Airport in Phalam, with completion dated set for September. ATR aircraft will be able to land at Surbon.


Myanmar Summary

လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့နယ်တွင် လိုင်လင်းပီ လေယာဉ်ကွင်းငယ်တည်ဆောက်မှှုကို လာမည့်မေလတွင် အပြီးသတ်သွားမည်ဖြစ်ကြောင်း အဆိုပါလေယာဉ်ကွင်းကို အကောင်အထည်ဖော်နေသော (Mission Aviation Fellowship) MAF Myanmar မှ General Manager ခေါင်ဒီးရမ်က ပြောသည်။

လေယာဉ်ကွင်းသည် အရှည်(၈၀၀)မီတာ၊ အကျယ်(၁၅)မီတာကျယ်ဝန်းပြီး လေယာဉ်ကွင်း တည်ဆောက်ပြီးနောက် လေယာဉ်ပျံသန်းပြေးဆွဲမှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် လေကြောင်းညွှန်ကြားမှု ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီ ယင်းနောက် လေကြောင်းညွှန်ကြားမှုဦးစီးဌာန(DCA)ထံ အပ်နှံမည်ဖြစ်ကြောင်း သိရသည်။

“ ဒီလေယာဉ်ကွင်းငယ်ပြီးသွားရင်တော့ ကျွန်တော်တို့နိုင်ငံတော်အစိုးရရဲ့ခွင့်ပြုချက်ရခဲ့ရင် MAFအဖွဲ့ အစည်းအနေနဲ့ လေယာဉ်ငယ်လေးတွေအသုံးပြုပြီးတော့ သွားလာရခက်ခဲတဲ့ဒေသတွေကို ပျံသန်းပြေးဆွဲခြင်း လုပ်ငန်းလုပ်ဆောင်သွားဖို့ ကြိုးစားနေပါတယ်”ဟု အထွေထွေမန်နေဂျာခေါင်ဒီးရမ်က ပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ယင်းဘက်စုံသုံးလေယာဉ်ကွင်းငယ်၏ လည်ပတ်လုပ်ကိုင်ခွင့်ကို အခြားသောအဖွဲ့အစည်းထံပေးအပ်ပါက ယင်းအဖွဲ့များ၏လုပ်ဆောင်ချက်အပေါ် တစ်စိတ်တစ်ဒေသအဖြစ် တွဲဖက်လုပ်ကိုင်သွားရန် စီစဉ်ထားသည်ဟု MAF Myanmar က ဆိုသည်။

“ ဘယ်လိုပါဝင်လုပ်ကိုင်မလဲဆိုတော့ ကျွန်တော်တို့ MAF Myanmarက စီးပွားဖြစ်အဖွဲ့အစည်း မဟုတ် တဲ့အတွက် ဝေးလံခေါင်ပါးတဲ့ကိုယ့်ဒေသက ကျန်းမာရေးနဲ့ပတ်သက်တဲ့ အရေးပေါ်လူနာတွေ အသုံးပြုတဲ့အခါ ကုန်ကျစရိတ်ကို လှူဒါန်းတာဖြစ်ဖြစ်၊ ဒါမှမဟုတ်သက်သာတဲ့ဈေးနှုန်းနဲ့ဖြစ်စေ တွဲဖက်လုပ်ကိုင်ဖို့ လျာထားပါတယ်” ဟု ခေါင်ဒီးရမ်က ပြောသည်။

နိုင်ငံတော်ဘတ်ဂျက်မပါဘဲ ဖော်ဆောင်သည့် အဆိုပါလေယာဉ်ကွင်းတည်ဆောက်ပြီးစီးပါက မြန်မာနိုင်ငံတွင် ပထမဆုံးလေယာဉ်ငယ်များ ပျံသန်း ပြေးဆွဲနိုင်သော ဒေသအဖြစ်မှတ်တမ်းဝင်မည်ဟု Health & Hope Myanmarဖောင်ဒေးရှင်းတည်ထောင်သူ ဒေါက်တာဆာဆာက ဆိုသည်။

ဖွံ့ဖြိုးမှုနိမ့်ကျသည့်ဒေသများ၌ ကူညီထောက်ပံ့ဆောင်ရွက်ပေးနေသော MAF Myanmarသည် နိုင်ငံတကာအဖွဲ့အစည်းများမှ လှူဒါန်းငွေများဖြင့် ပြည်တွင်းတွင်တင်ဒါခေါ်ယူခဲ့ပြီး နိုင်ငံသားပိုင် New Asia Star Khat ကုမ္ပဏီကို ရွေးချယ်ခဲ့သည်။

စီမံကိန်းအတွက် ပြည်ပကျွမ်းကျင်ပညာရှင်များအပါအဝင် MAF Myanmarနှင့် Health & Hope Myanmar ဖောင်ဒေးရှင်းတို့ကကြီးကြပ်၍ ၂၀၁၈ခုနှစ်မေလ၌ စတင်အကောင်အထည်ဖော်ခဲ့သည်။

အဆိုပါ လိုင်လင်းပီလေယာဉ်ကွင်းငယ်တည်ဆောက်မှုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁ဒသမ၃) သန်းကုန်ကျပြီး နိုင်ငံတော်အကြီးအကဲများ၏ခရီးစဉ်များ၊ ခရီးသွားကဏ္ဍနှင့် ဒေသတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဌာနေတိုင်းရင်းသားများ၏ ကျန်းမာရေးဝန်ဆောင်မှုများရယူခြင်းအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

လေယာဉ်ကွင်းငယ်စီမံကိန်းပြီးစီးပါက လူ၁၀ယောက်စီး၊ လေယာဉ်ငယ်သုံးစီးဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်ပြီး အစိုးရခွင့်ပြူချက်ရရှိပါက အခြားသောပြည်နယ်နှင့်တိုင်းအလိုက် ဝေးလံခေါင်သီသည့် ကျေးလက်ဒေသများတွင်လည်း လေယာဉ်ကွင်းငယ်များ ထပ်မံတည်ဆောက်သွားရန် အစီအစဉ်ရှိကြောင်း MAF ကို ကိုးကားပြီး အစောပိုင်းသတင်းများတွင်ပြောထားသည်။

ချင်းပြည်နယ်ရှိ ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်းသစ်ကိုလည်း ယခုနှစ် စက်တင်ဘာလ မတိုင်မီတွင် လေယာဉ်ဆင်းသက်နိုင်ရန် ဆောက်ရွက်နေကြောင်း သိရသည်။ အဆိုပါစီမံကိန်းသည် နိုင်ငံတော်ဘတ်ဂျက် ဖြင့်ဖော်ဆောင်နေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ကာ ATR လေယာဉ်များဆင်းသက်နိုင်ရန် ဖော်ဆောင်ထားကြောင်း သိရသည်။

SOURCEZin Thu Tun/Myanmar Business Today
Previous article
Next article11 Local Banks to Provide SME Loans