Zin Thu Tun
Chin State saw its first elephant foot yam processing factory open in Mindat Township on January 26. The factory, located on 6.7 acres of land, is operated by Chin Hills Treasure Company (CHTC), a farmers-owned-and-operated agricultural enterprise.
“This first-ever elephant foot yam processing factory in Chin State is creating employment opportunities and increasing income for local people and stands as a model for other investors to follow,” said Chin State Chief Minister Salai Lian Luai.
“We are ready to support investors interested in establishing similar agricultural enterprises in Chin State,” he added.
The new factory will produce diced and dried yam chips initially for the Chinese market and employ around 35 people. CHTC has already signed contracts with three farmers’ groups to purchase raw material from 63 villages.
A total of 800 farmers will initially supply the factory through collection centers in three townships. The factory’s products will receive market price, expected to range from K15,000-20,000 per viss (1.6 kg), a premium of at least 36 percent over the current K 11,000.
“It is a dream come true for me,” said 56-year-old U Kee Home, a farmer-shareholder of CHTC with more than 15 years’ experience cultivating elephant foot yam.
“I never expected I would own a factory, not in all my life,” he said.
The factory will process up to 12 tons of fresh yams per day and targets an output of 300 tons in 2020, increasing to 500 tons in subsequent years. In the coming years, CHTC intends to broaden its product lines to include flour and powdered food ingredients and plans to market its products to additional markets in nearby Asian countries.
CHTC has received financial and technical support from the Myanmar Fruit, Flower and Vegetable Producers and Exporters Association’s “CAEFY: Coffee, Avocado, and Elephant Foot Yam” project, which is funded by UK Aid through DaNa Facility.
Myanmar Summary
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၌ ပထမဦးဆုံးဝဥလွှာခြောက်ထုတ်လုပ်သည့် (Elephant Foot Yan-EFY)စက်ရုံကို ဇန်နဝါရီ(၂၆)ရက်က စတင်ဖွင့်လှစ်ခဲ့သည်။
ယင်းစက်ရုံသည် မြေ(၆ဒသမ၇)ဧကကျယ်ဝန်းပြီး စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသော တောင်သူအုပ်စုများပါဝင်သည့် ချင်းတောင်ရတနာကုမ္ပဏီ (Chin Hills Treasure Company)က လုပ်ငန်း လည်ပတ်ဆောင်ရွက်လျက်ရှိသည်။
“ ချင်းပြည်နယ်မှာ ပထမဆုံးဖြစ်တဲ့ ဝဥထုတ်လုပ်ရေးစက်ရုံဟာဆိုရင် ဒေသခံတွေအတွက် အလုပ် အကိုင်အခွင့် အလမ်းတွေကို ဖန်တီးပေရုံသာမက ဝင်ငွေကိုလည်းတိုးစေပါတယ်။ ဒါကြောင့် တခြားရင်းနှီး မြှုပ်နှံသူတွေ လိုက်လုပ်ဖို့အတွက် စံပြအဖြစ်ရပ်တည်နေပါတယ်” ဟု ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်က ပြောသည်။
အဆိုပါစက်ရုံမှ အခြောက်ခံထားသော ဝဥတုံးများကို အံစာတုံးပုံတုံး၍ ထုတ်လုပ်မည်ဖြစ်ပြီး ကနဦး အနေဖြင့် တရုတ်နိုင်ငံဈေးကွက်သို့ စတင်တင်ပို့ရောင်းချမည်ဖြစ်ကာ အာရှဈေးကွက်ချဲ့ထွင်နိုင်ရန် မျှော်မှန်းထားသည်။
စက်ရုံ၏လိုအပ်သော ကုန်ကြမ်းဖြစ်သည့် ဝဥအစိုများကို ရွာပေါင်း(၆၃)ရွာမှ တောင်သူအုပ်စုသုံးစုနှင့် ချင်းတောင်ရတနာကုမ္ပဏီက ဝယ်ယူရန်စာချုပ်ချုပ်ဆိုထားပြီး မြို့နယ်တစ်ခုစီတိုင်းတွင် ဝဥကောက်ယူမည့် စင်တာများထားရှိသွားမည်ဖြစ်သည်။
“ကျွန်တော့်အတွက်တော့ အိပ်မက်တွေအကောင်အထည်ပေါ်လာတာပဲ။ ဘဝတစ်လျှောက်လုံးမှာ စက်ရုံပိုင်ရလိမ့်မယ်လို့ တစ်ခါမှမမျှော်မှန်းခဲ့ဖူးဘူး”ဟု ချင်းတောင်ရတနာကုမ္ပဏီ၏ အစုရှယ်ယာရှင်တစ်ဦး ဖြစ်သလို ဝဥစိုက်ပျိုးထုတ်လုပ်မှု အတွေ့အကြုံ(၁၅)နှစ်ကျော်ရှိသူ ဦးခီးဟုမ်ကပြောသည်။
ယင်းစက်ရုံမှ တစ်နေ့လျှင် လတ်ဆတ်သော ဝဥ(၁၂)တန်အထိစတင်ထုတ်လုပ်မည်ဖြစ်ပြီး ၂၀၂၀တွင် တန်ချိန်ပေါင်း(၃၀၀)ခန့်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားပြီး နောက်နှစ်များ၌ တန်ချိန်(၅၀၀)အထိ တိုးမြှင့် ထုတ်လုပ်သွားရန် ကြိုးပမ်းသွားမည် ဖြစ်သည်။
ထို့အပြင် ဝဥနှင့်ဆက်စပ်သော အမှုန့်ပုံစံဟင်းခတ်အမယ်များထည့်သွင်း၍ ၎င်းတို့၏ထုတ်ကုန် လမ်းကြောင်းကို ကျယ်ပြန့်အောင်ပြုလုပ်ရန်စီစဉ်ထားသည်။
ချင်းတောင်ရတနာကုမ္ပဏီ(Chin Hills Treasure Company-CHTC)သည် UK aid က ငွေကြေး ထောက်ပံ့ထားသော DaNa Facility မှတဆင့် မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ “CAEFY-ကော်ဖီ၊ ထောပတ်သီးနှင့် ဝဥ(EFY)” စီမံကိန်းမှ ငွေကြေးနှင့် နည်းပညာပံ့ပိုးမှုများရရှိထားသည်။