HomeBusinessChina Approves 43 Myanmar Companies to Export

China Approves 43 Myanmar Companies to Export

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

After collaborations between Myanmar’s Ministry of Commerce, Ministry of Agriculture, Livestock and Irrigation, Myanmar Embassy to China, and General Administration of Customs of the People’s Republic of China-GACC, China has approved 43 Myanmar rice exporting companies enabling them to export wholegrain rice and broken rice to China. Before, there were only 11 Myanmar companies approved by Chinese authorities.

Myanmar authorities, having inspected the information of the applicant companies per SPS Protocol, sent the Inspection Report on 43 companies and 79 rice mills to GACC through the diplomatic channel on July 1 this year.

The Ministry of Agriculture, Livestock and Irrigation, and China’s AQSIQ signed an agreement on inspection and food safety on September 24.

During Chinese President Xi’s state visit to Myanmar on January 17-18, China’s customs authority and Myanmar’s Ministry of Agriculture, Livestock, and Irrigation signed the agreement on January 17.
According to data from the Ministry of Commerce, Myanmar exported 1.8366 million tons of whole grain rice and 0.5193 million tons of broken rice in the 2018-19 Fiscal Year and 1.3758 million tons of whole grain rice and 0.7908 million tons of broken rice in the 2019-20 Fiscal Year.

Written by Tayzar Bhone Myint/ Translated into English by Min Thu Aung


တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲများ တင်ပို့မည့်ကုမ္ပဏီ ၄၃ ခုကို တရုတ်နိုင်ငံဘက်မှ အရည်အသွေးကြီးကြပ်စစ်ဆေးရေးဆိုင်ရာအချက်များ လက်ခံအသိအမှတ်ပြုကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မှသိရသည်။ ယခင်က တရုတ်နိုင်ငံဘက်မှ ခွင့်ပြုခဲ့သည့် ကုမ္ပဏီ  ၁၁ ခုသာ ရှိခဲ့သည်။ 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China – GACC)နှင့် ချိတ်ဆက်ညှိနှိုင်းမှုများကြောင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၀ ရက်တွင် တရုတ်နိုင်ငံသို့  မြန်မာ့နိုင်ငံမှ ဆန်နှင့်ဆန်ကွဲများတင်ပို့မည့် ကုမ္ပဏီ ၄၃ ခုအား တရုတ်နိုင်ငံဘက်မှ အရည်အသွေးကြီးကြပ်စစ်ဆေးရေးဆိုင်ရာအချက်များ လက်ခံအသိအမှတ်ပြုကြောင်း GACC မှ ၎င်း၏ website တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရန်အတွက် မှတ်ပုံတင်လျှောက်ထားသည့် ကုမ္ပဏီများ၏ အချက်အလက်များအား SPS Protocol နှင့်အညီ စနစ်တကျစစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံသို့ ဆန်တင်ပို့မည့် မြန်မာကုမ္ပဏီ ၄၃ ခုနှင့် ဆန်စက် ၇၉ လုံးတို့အား စစ်ဆေးထားသည့် Inspection Report ကို သံတမန်လမ်းကြောင်းမှတစ်ဆင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်နေ့တွင် တရုတ်နိုင်ငံ GACC သို့ပေးပို့နိုင်ခဲ့သည်။ 

ဆန်များကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ရောင်းချနိုင်ရန်အတွက် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်တွင် မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ကုန်ပစ္စည်းအရည်အသွေး ကြီးကြပ်စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေးအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (AQSIQ)တို့အကြား စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက် အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတမစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည့်ခရီးစဉ်အတွင်း မြန်မာ နိုင်ငံမှ ဆန်နှင့်ဆန်ကွဲများ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ခွင့်ရရှိရန် စစ်ဆေးခြင်းနှင့်ပိုးမွှားကင်းစင်ရေးသဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေအထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ ဝန်ကြီးတို့က လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

     လက်ရှိတွင် တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံဘက်မှ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်စာရင်းများအရ ဆန်တန်ချိန်မှာ ၁၈ ဒသမ ၃၆၆ သိန်းနှင့် ဆန်ကွဲတန်ချိန် ၅ ဒသမ ၁၉၃ သိန်းနီးပါး တင်ပို့နိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဇူလိုင်လ ၇ ရက်အထိ) စာရင်းအရ ဆန်တန်ချိန်မှာ ၁၃ ဒသမ ၇၅၈ သိန်းနှင့် ဆန်ကွဲတန်ချိန် ၇ ဒသမ ၉၀၈ သိန်းကျော် တင်ပို့နိုင်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် လေးသောင်းကျော် လျော့နည်းတင်ပို့ခဲ့ပြီး ဆန်ကွဲတန်ချိန် လေးသိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img