China, Myanmar’s major trade partner, has closed all the border tradeposts on the Myanm-China border with the closure of Chin Shwe Haw border trade gate on October 6 with the excuses to curb the spread of COVID-19.
China has restricted imports from Myanmar through a $450 million Chin Shwe since five months ago. This time, China, in addition to banning the importation of goods from Myanmar, will not allow all exportation of Chinese goods to Myanmar except for the COVID-19 related medical products.
Through Chin Shwe Haw Border Trade Gate, Myanmar exports agricultural products such as rice, corn, sugarcane, and pulses while China exports industrial products, Household commodities, and agricultural inputs to Myanmar.
Myanmar’s foreign trade in 2020-2021 Fiscal Year, of which four months fall under civilian rule while the rest eight months fall under military rule, was only over $29.5 billion representing $7.146 billion drops compared to the previous fiscal year.
Myanmar’s exports in the 2020-2021 Fiscal Year totaled $14.927 billion compared to $17.681 billion in the 2019-2020 Fiscal Year.
ချင်းရွှေဟော် နယ်စပ်ဂိတ်ကို အောက်တိုဘာလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံဘက်က ကိုဗစ်အကြောင်းပြချက်ဖြင့် ပိတ်လိုက်ရာ ယခုအခါတွင် တရုတ်မြန်မာ နယ်စပ်ဂိတ်အားလုံး နီးပါး ပိတ်လိုက်သည့် သဘောဖြစ်နေသည်။
အမေရိကန်ဒေါ်လာ သန်း ၄၅၀ တန်ဖိုး ကုန်သွယ်မှု ပြုလုပ်နေသော ချင်းရွှေဟော်နယ်စပ်ဂိတ်ကို ပြီးခဲ့သည့် ငါးလကျော်ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် ကိုဗစ်ကာကွယ်ကုသရေးနှင့် ဆက်စပ် ပစ္စည်းများကလွဲလျင် မြန်မာနိုင်ငံဘက်သို့ တရုတ်က တင်သွင်းနေသည့် ကုန်စည်များအားလုံးကို ပိတ်လိုက်ခြင်းလည်းဖြစ်သည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာနိုင်ငံက ဆန်စပါး၊ ပြောင်း၊ ကြံ၊ ပဲ စသည့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့နေပြီ။ တရုတ်ဘက်က စက်မှုထွက်ကုန်များ၊ လူသုံးကုန်များနှင့် စိုက်ပျိုးရေး သွင်းအားစုများကို မြန်မာနိုင်ငံဘက်သို့ တင်ပို့ရောင်းချနေသည်။
၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂၉ဒသမ၅ ဘီလီယံသာရှိခဲ့ရာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်နှင့် နှိုင်းယှဥ်လိုက်လျှင် အမေရိကန်ဒေါ်လာ ၇ ဒသမ၁၄၆ ဘီလီယံ လျော့ကျသွားသည့် သဘောဖြစ်နေသည်။
၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပ ပို့ကုန်မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၉၂၇ ဘီလီယံ သာရှိပြီး ၂၀၁၉−၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆၈၁ ဘီလီယံ တင်ပို့ ရောင်းချနိုင်ခဲ့သည်။