City Land Given to Farmland Owners in New Yangon City Project

0
490

The Land Settlement Committee of the New Yangon City Project has granted land plots in the new city area as compensation to owners of farmland requisitioned for the project.
The 2,400 sq.ft. plots allocated to farmland owners are from the 90 sq.km. Phase One. The committee organized a lottery drawing on December 11 to randomly determine the recipients of the land plots at Phayar Ngu village near the Yangon-Twante Road in Twante Township.
Phase One of the new city includes 18,390 acres of farmland. The New Yangon City Development Company (NYDC) has government approval for the compensation process. It will give 20 percent of land in the new city area to those whose land has been requisitioned. These plots are from areas one to five, as landowners proposed.
“The land returning process used in our land resettlement program is the very first of its kind in Myanmar,” U Theim Wai, CEO of NYDC, says in a company newsletter.
The NYDC has chosen two companies to carry out some of the six projects outlined in the pre-project documents and is now selecting contractors for the remaining projects.
According to the project’s masterplan, the New Yangon City will be both livable and productive, able to support a 1.2 million population and create around two million jobs. The project includes a logistics component that will connect the new city with nearby cities, to ensure land prices do not drop after the new city is completed.


Myanmar Summary

မြို့သစ်စီမံကိန်းတွင်ပါဝင်သော လယ်မြေအစား ပြန်လည်နေရာချထားရေး ကွင်းအမှတ်(၁) မြေကွက်များကို ပြန်လည်ပေးအပ်

ရန်ကုန်မြို့သစ်စီမံကိန်း၏ ပထမအဆင့်လုပ်ငန်းစဉ်တွင် ပါဝင်သောလယ်ယာမြေအစား ပြန်လည်နေရာချထားရေးအစီအစဉ်၏ ကွင်းအမှတ်(၁)မှ မြေကွက်များကို ဒီဇင်ဘာ (၁၁) ရက်၌ ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းဧရိယာကွင်းအမှတ်(၁)၏ မြေကွက်များကို ပေ၄၀ x ပေ၆၀ အကွက်များကို တွံတေးမြို့နယ်၊ ရန်ကုန်-တွံတေးလမ်းမဘေး၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာ၌ ကျင်းပခဲ့ပြီး မဲနှိုက်စနစ်ဖြင့် ရွေးချယ်ပေးခဲ့သည်။

စီမံကိန်း၏ပထမအဆင့်မှာ စုစုပေါင်းလယ်ယာမြေဧက(၁၈၃၉၀)ဧကခန့်ပါဝင်ပြီး ပထမအဆင့်တွင် ပါဝင်သည့် လယ်ယာမြေဧကများအတွက် မြေပိုင်ဆိုင်သူများဆန္ဒပြု သတ်မှတ်ထားသော ကွင်းအမှတ်(၅)ခုမှာ ပြန်လည်ပေးအပ်မည့်လုပ်ငန်းစဉ်များကို ၂၀၁၄ခုနှစ်နှင့်၂၀၁၈ခုနှစ်တွင် သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်ရရှိထား ကြောင်း NYDC ကဆိုသည်။

“ ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်နေရာချထားရေးအစီအစဉ်မှာ အသုံး ပြုတဲ့ပုံစံနဲ့လုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံးစတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေးပုံစံ တစ်ခုဘဲဖြစ်ပါတယ်”ဟု NYDC၏ အပတ်စဉ်စာစဉ်(၃၂)တွင် CEO ဦးသိမ်းဝေကပြောကြားထားသည်။

လယ်ယာမြေပြန်လည်ချထားရေးအစီအစဉ်အရ စီမံကိန်းတွင်ပါဝင်နေသည့် မြေများကို မြို့မြေအဖြစ် ၂၀ ရာခိုင်နှုန်းပြန်လည်ပေးအပ်သွားမည်ဖြစ်ပြီး ကွင်းအမှတ်(၁)မှ(၅)အထိ ပြန်လည်နေရာချထားရေး မြေကွက်များကို သတ်မှတ်ဧရိယာအကျယ်အဝန်းအလိုက်အသီးသီး သတ်မှတ်ထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်း၏ ပထမအဆင့် Pre-Project Documents ၌ ပါဝင်သော စီမံကိန်း(၆)ခုတွင် အချို့သောစီမံကိန်းများအတွက် ကုမ္ပဏီနှစ်ခုကိုရွေးချယ်ထားပြီး ကျန်ရှိသောစီမံကိန်းများ ဖော်ဆောင်မည့် ကုမ္ပဏီကိုရွေးချယ်နိုင်ရန် စိစစ်မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်း၏ Master Plan အရ လူမှှု-စီးပွားပင်မစီမံချက်ဦးရေ ၁ ဒသမ ၂ သန်းအတွက် လုံခြုံမှုရှိပြီး နေချင်စဖွယ်အပြည့်ရှိသည့် မြို့ပြစီမံကိန်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားပြီး အလုပ်အကိုင်အခွင့်နှစ်သန်းခန့်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ မြို့သစ်အတွင်းသာမက အနီးပတ်ဝန်းကျင်မြို့နယ်များနှင့်ပါ ချိတ်ဆက်ထားမည့် အများပြည်သူသယ်ယူပို့ဆောင်ရေး အကောင်အထည်ဖော်ရန်စီစဉ်လျက်ရှိပြီး လူနေမှှုအဆင့်အတန်းပိုမိုမြင့်မာလာသည်နှင့်စီမံကိန်းပြီးပါကလည်း မြေတန်ဖိုးမကျစေရေးNYDC ၏ အစီအစဉ်များတွင်ပါဝင်နေသည်။

SOURCEZin Thu Tun/Myanmar Business Today
Previous articleChaungtha Beach Beckons
Next articleMyanmar Sets K90,000 Billion Limit on Borrowing for Deficit Financing