The Ministry of Health and Sports will allow the CMP factories as well as small and medium enterprises to resume the operation if they meet all the requirements of COVID-19 prevention and get an A-rating for preparedness.
To curb the spread of the COVID-19, the government issued a Stay-at-Home order for residences in Yangon Region on September 20 and extended until October 21 prohibiting workers from CMP factories from going to work.
However, the ministry said it does not want residents from the township with high reported cases, where stay-at-home measures need to be in place to flatten the curve of infection, to lose their jobs, and want to make sure the businesses run sustainably.
The factories or workshops that get an A-rating for COVID-19 prevention preparedness will be allowed to resume the operation starting from October 12 in line with the decision of the Yangon Regional Government.
The order from the Ministry of Health and Sports received a backlash for not giving workers and factories to prepare for the stay-at-home measure and workers not receiving any support.
“The order saying businesses can reopen on October 12 if they get an A-rating was issued on October 10. There was only one day for preparation. How would the authorities investigate the factories for preparedness?” an employee from a garment factory in Hlaing Tharyar Township said.
Written by Ko Myo
COVID-19 ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင် ထားရှိကြောင်းတွေ့ရှိပါက (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေး စား၊ အလတ်စား လုပ်ငန်း များအား ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပြု နိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၁၀ရက်တွင်ထုတ်ပြန် ကြေညာခဲ့သည်။
ကိုဗစ် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ် မပါ)တွင် နေထိုင်သည့် ပြည်သူ များကို နေအိမ် တွင်နေထိုင်ရေး (Stay at Home) အစီအစဉ် တွင် အကျုံးဝင်ကြောင်း စက်တင်ဘာလ၂၀ရက်နေ့တွင်လည်းကောင်း နေအိမ်တွင်သာ နေထိုင် ရန် စည်းကမ်းချက်မှ ခြွင်းချက်ဖြင့် ခွင့်ပြုသူ များတွင် ဖြည့်စွက်ချက်ကို စက်တင်ဘာ ၂၂ ရက်တွင်လည်းကောင်း ကုန်ကြမ်းယူ၊ ကုန်ချော ပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့် သူများအား အောက်တိုဘာ၈ ရက်နေ့မှ အောက်တိုဘာ ၂၁ ရက်နေ့အထိ လုပ်ငန်းခွင် သွား ရောက်ခွင့် မပြုကြောင်း အမိန့်များ အသီးသီး ထုတ်ပြန်ခဲ့သည်။
သို့သော် COVID-19 ရောဂါ ကူးစက်ပြန့်ပွား နေမှုများကို ထိရောက်စွာထိန်းချုပ်နိုင်ရန် အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှုများပြားနေသော မြို့နယ်များအား Stay at Home ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အဆိုပါဒေသများရှိ အလုပ်သမားများ၏ အလုပ် အကိုင်အခွင့် အလမ်းမဆုံးရှုံး စေရေးနှင့် စီးပွား ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ် လုပ်ကိုင်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကို ထိန်းညှိဆောင်ရွက် သွားရန် လိုအပ်ကြောင်း စိစစ်တွေ့ ရှိရသောကြောင့် ယခုကဲ့သို့ ထပ်မံထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန သည် COVID-19 ရောဂါကာကွယ်ရေးနှင့် ပတ် သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ သို့ လမ်းညွှန်ချက်နှင့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့်အချက်များကို ထုတ်ပြန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်ရှင်၊ အလုပ်သမား များအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ထား ခြင်း ရှိ/ မရှိကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စနစ်တကျကြီးကြပ် စိစစ်ပြီး COVID-19 ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထား ရှိကြောင်းတွေ့ရှိပါက ကုန် ကြမ်းယူ၊ ကုန်ချော ပေး ဆောင်ရွက်သော လက်ခစား လုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေး စား၊ အလတ်စားလုပ်ငန်းများအား အောက်တိုဘာ ၁၂ ရက်မှစ၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပြု နိုင်ကြောင်း ထပ်မံကြေညာခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့်အပေါ် ပြည်တွင်းရှိ လူမှု့ကွန်ရက် အသုံးပြုသူများအကြားတွင် ဝေဖန်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ကိုဗစ်ကာလတွင် CMP စက်ရုံအလုပ်သမားများ လစာတစ်ဝက်သာ ရရှိမှု၊ အမိန့်များထုတ်ပြန်သော်လည်း အလုပ်သမား များ အတွက် လုံလောက်သော ထောက်ပံ့မှုများ မရရှိမှုတို့အပေါ် အလုပ်သမားများက ဝေဖန်လျှက်ရှိသည်။
“အောက်တိုဘာ ၁၂ရက်နေ့ ဖွင့်လို့ရပြီလို့ အောက်တိုဘာ ၁၀ရက်နေ့ညမှာ အမိန့်ထုတ်တယ်။ ကြားထဲမှာ တစ်ရက်ပဲ အချိန်ရတယ်။ ဒီကာလအတွင်းမှာ ဘယ်လိုစစ်ဆေးစိစစ်ကြမလဲ။ ဒီကိစ္စက မဖြစ်သင့်ဘူး”ဟု လှိုင်သာယာအထည်ချုပ်စက်ရုံမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ယခုအမိန့်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်က သတိပေးမှုများရှိခဲ့ပြီး A အဆင့်မရမီ စက်ရုံဖွင့်ခြင်းများရှိလာပါက အလုပ်သမားများ၏ တိုင်ကြားမှုအပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေအရ အရေးယူပေးရန် တောင်းဆိုထား သည်။