Coca-Cola was nearly 130 years old when it entered the Myanmar market in 2013 by partnering with local beverages company Pinya to form Coca Cola Pinya Beverages.
With a $223 million investment, the company employs 1,400 workers and produces more than 60 beverages at its two factories in Hlaing Thar Yar and Hmawbi. It has plans to increase investment and expand business to meet consumer demand, according to sale director Daw Shirley Aung, who sat down with Myanmar Business Today recently to talk about the company’s operations and outlook.
“Coca-Cola always runs marketing campaigns globally,” she said. “Share a Coke, for example, was a successful campaign. Now we are doing a marketing campaign with pictures on the bottle to generate interest among young people. You will see it in the market. We are also doing a TV campaign.”
Daw Shirley Aung went on to talk about the Swan Yee program, which empowers women by equipping them with management skills, and Let-li program, which provides capacity building training.
“In partnership with Pact Myanmar, we organized Swan Yee to empower women and help them learn how to manage money, and so far it has benefited over 40,000 people,” she said. “The other program, Let-Li, focuses on how to manage retail businesses and be profitable. It benefits a great number of retail business owners across the country. Interestingly, 70 percent of these owners are women.”
Coca Cola, she explained, has a target it calls 5/20: Empowering five million people around the world in 2020. To date, it has provided training to 4.6 million women. Those who have received training are now implementing initiatives such as forming savings groups to provide loans to members to help them grow their businesses.
“Even if their business is not big, they are no longer dependent on their family and they are starting to make money. Thanks to the training program, they know how to keep stock, boost sales and manage their shop.”
She explained that Coca Cola crafts its marketing campaigns with consumers in mind and produces products with flavors that will attract the target consumers. The company’s manufacturing operations strictly comply with both FDA and inhouse rules, she said.
နှစ် ၁၃၀ ကျော်အခြေခိုင်ခဲ့တဲ့အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ကိုကာကိုလာဟာ မြန်မာနိုင်ငံကို ၂၀၁၃ လောက်မှာ စတင်ပြီးဝင်ရောက်ခဲ့ပါတယ်။ ပြည်တွင်းကအချိုရည်ထုတ်လုပ်တဲ့ ပင်းယကုမ္ပဏီနဲ့ပူးပေါင်းပြီး Coca Cola Pinya Beverages Myanmar ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ပါတယ်။ လှှိုင်သာယာနဲ့ မှော်ဘီမှာ စက်ရုံနှစ်ရုံတည်ထားပြီး ဝန်ထမ်း ၁၄၀၀ ကျော်နဲ့ လည်ပတ်နေပါတယ်။ အချိုရည်အမျိုးအစား ၆၀ ကျော်ထုတ်လုပ်နေပြီးတော့ ရင်းနှီးမြှုပ်နှံမှု ပမာဏက စပြီးတော့ အမေရိကန်ဒေါ်လာ ၂၂၃ သန်း ရှိပြီဖြစ်ပါတယ် ။ နှစ်တိုင်းလည်း ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်ပြီးပြုလုပ်သွားဖို့ ရှိသလို လက်ရှိလုပ်နေတဲ့ လုပ်ငန်းကိုပဲ ဒီထက်ပိုပြီးကျယ်ပြန့်အောင် စားသုံးသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် တိုးချဲ့သွားဖို့ ရှိတယ်လို့ Coca Cola Pinya Beverages Myanmar ရဲ့ Sale Director ဒေါ်ရှယ်လီအောင်က Myanmar Business Today နဲ့တွေ့ဆုံမေးမြန်းတဲ့အခါ ဆိုပါတယ်။ ဒီနှစ်အတွက် ဈေးကွက်ရည်မှန်းချက်နဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေ အကြောင်းနဲ့ ပတ်သက်လို့ သူနဲ့တွေ့တော့ သေချာလေးရှင်းပြပါတယ်။
ဒီနှစ်မှာတော့ (ထုတ်ကုန်) အသစ်ထပ်ပြီး ထုတ်လုပ်ဖို့ မရှိတဲ့အကြောင်းနဲ့ ရှိနေတဲ့ပစ္စည်းကို စားသုံးသူတွေရဲ့ လက်တစ်ကမ်းအကွာကို ရောက်ဖို့ ဦးတည်ပြီး ဆက်ပြီးဖြန့်ချိသွားမယ်ဆိုတဲ့အကြောင်းကို ဒေါ်ရှယ်လီအောင်က ပြောပြပါတယ်။
” ကိုကာကိုလာက နှစ်တိုင်းနှစ်တိုင်း ဈေးကွက်ပရိုမိုးရှင်းနဲ့ ပတ်သက်ရင် ကမ္ဘာနဲ့ ချီပြီး လုပ်ခဲ့တာပေါ့ ။ ဒီလို Share & Coke ဆိုရင် ကမ္ဘာမှာ တစ်ကယ်ကို ပိုမိုအောင်မြင်ခဲ့တဲ့ စားသုံးသူတွေနဲ့ လိုက်လျောညီထွေတဲ့ ပရိုဂရမ်လေးပဲ ဖြစ်ပါတယ်။ လက်ရှိအနေအထားမှာဆိုရင် လူငယ်တွေကို စိတ်ဝင်စားစေနိုင်တဲ့ အရုပ်လေးတွေနဲ့ တွဲပြီးတော့ Active လုပ်တဲ့ ကမ်ပိန်းလေးရှိပါတယ်။ ဈေးကွက်မှာလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ တီဗီ ပရိုဂရမ်လေးတွေလည်း လုပ်နေပါတယ်” လို့ ဆိုပါတယ်။
စွမ်းရည်လို့အမည်ပေးထားတဲ့ မြန်မာအမျိုးသမီးများရဲ့ စီမံခန့်ခွဲမှုကိုတိုးမြှင့်နိုင်မယ့် ပရိုဂရမ်အကြောင်းနဲ့ လက်လီလုပ်ငန်းဆိုင်တွေကို စွမ်းရည်မြင့်သင်တန်းပေးနေတဲ့ လက်လီလို့ အမည်ရှိတဲ့ ပရိုဂရမ်တွေအကြောင်းကိုလည်း ရှင်းပြပါတယ်။
စွမ်းရည် ပရိုဂရမ်နဲ့ပတ်သက်လို့ ဆိုရာမှာတော့ ” အဲဒါက Pact Myanmar (ပက်မြန်မာ) နဲ့ တွဲဖက်ပြီးတော့ မြန်မာပြည်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ သူတို့ရဲ့ ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို စွမ်းရည်ဘယ်လို တိုးမြှင့်ပေးရမလဲဆိုတဲ့ပရိုဂရမ်လေးလုပ်ခဲ့တယ်။ အခုဆိုရင်ဒီပရိုဂရမ်နဲ့ လုပ်ပေးခဲ့တာ အမျိုးသမီးပေါင်း လေးသောင်းကျော်လောက်ရှိနေပြီဖြစ်ပါတယ်။ အဲဒီအစီအစဉ်က ကိုယ့်မှာရှိတဲ့ ကိုယ့်ရဲ့ ဝင်ငွေကို ဘယ်လိုထိန်းသိမ်းမလဲဆိုပြီး ဘယ်လိုပိုပြီးတော့ ပွားအောင်လုပ်ဆောင်ရမလဲ ဆိုပြီး လုပ်ငန်းတွေမှာ ကိုယ့်ရဲ့ အိမ်တွင်းမှုလုပ်ငန်း တွေမှာ ဘယ်လိုသုံးစွဲရမလဲ ။ ဘယ်လိုအကျိုးရှိအောင်လုပ်ရမလဲဆိုပြီး ဒီသင်တန်းလေးတွေ ပေးခဲ့တာရှိပါတယ်” လို့ သူက ပြန်ပြောပြပါတယ်။
လက်လီဆိုတဲ့ ပရိုဂရမ်နဲ့ပတ်သက်ပြီး ရှင်းပြရာမှာတော့ ” နောက်တစ်ခုက လုပ်ငန်းနဲ့ တိုက်ရိုက်ထိစပ်မှုရှိနေတဲ့ လက်လီဆိုတဲ့ ပရိုဂရမ်လေးလည်း ရှိပါတယ်။ အဲဒါကတော့ အသေးစားအလတ်စား လုပ်ငန်းတွေရယ် လက်လီဆိုင်လေးတွေမှာရှိတဲ့ ဒီဆိုင်ရှင်တွေကို ဒီလုပ်ငန်းကို ဘယ်လိုပိုပြီးတော့ အကျိုးအမြတ်ရှိအောင် လုပ်ရမလဲဆိုတဲ့ စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ စွမ်းရည်မြင့်သင်တန်းလေးဖြစ်ပါတယ်။ ဒါကိုလည်း မြန်မာတစ်နိုင်ငံလုံးအနှံ့လိုက်ပြီးတော့ ဖွင့်ခဲ့ပြီး ဒီလုပ်ငန်းရှင်တွေကို ပညာပေးခဲ့တာ ဖြစ်ပါတယ်။ ဒါလည်း တော်တော်လေးထိရောက်အောင်မြင်ခဲ့တာရှိပါတယ်။ ဒီလုပ်ငန်းကို ဘယ်လိုပိုပြီးတော့ အကျိုးအမြတ်ရှိအောင် သုံးရမလဲဆိုပြီးတော့ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီးတော့ စွမ်းရည်မြင့် သင်တန်းလေးလုပ်တာဖြစ်ပါတယ်။ ဒါကလည်း မြန်မာနိုင်ငံ တစ်ခုလုံးလိုက်ပြီး သင်တန်းလေးပေးခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ငန်းပိုင်ရှင်တွေရဲ့ ၇၀ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ပါတယ်။ ကိုကာကိုလာမှာ 5/20 ဆိုတဲ့ ရည်မှန်းချက်လေးရှိတယ်။ ဒါက တစ်ကမ္ဘာလုံးအန့ှံမှာ အကုန်ရောက်ပြီဆိုရင် အမျိုးသမီး ၅ သန်းကို စွမ်းရည်မြှင့်ပေးနိုင်ရမယ် ဆိုတဲ့ Target လေးထားပါတယ်။ ၂၀၁၉ နှစ်ကုန်မှာ ဆိုရင် ၄ ဒသမ ၆ သန်းအထိ မြှင့်တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ပြည့်မီဖို့ နောက်ထပ်ခြောက်သိန်းလုပ်သွားဖို့ရှိပါတယ်။ ဒီနှုန်းကလည်း နှစ်မကုန်ခင်ကျော်သွားမှာပါ ” လို့ ဒေါ်ရှယ်လီအောင်က ရှင်းပြပါတယ်။
အခုဆိုရင် ဒီစွမ်းရည်မြင့် သင်တန်းတွေတက်ထားတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အခြားအမျိုးသမီးတွေနဲ့ ပူးပေါင်းပြီး အသေးစားငွေအသင်းလေးတွေထောင်ကြတယ်။ အဲဒီငွေစုအသင်းလေးတွေကမှ တစ်ဆင့် တစ်လှည့်စီ ငွေချေးပြီးတော့ အိမ်တွင်းမှုလုပ်ငန်းလေးတွေ တစ်နိုင်တစ်ပိုင်လုပ်လို့ရတဲ့ လုပ်ငန်းလေးတွေကနေ ငွေချေးပေးပြီးတော့ အဲဒီကနေ အိမ်မှာထိုင်နေတာမျိုး မဟုတ်တော့ဘဲနဲ့ ကိုယ်ပိုင်လုပ်ငန်းလေတွေ လုပ်လာနိုင်တယ်ဆိုတဲ့အကြောင်း သူက ဆိုပါတယ်။
” အကြီးကြီးမဟုတ်ရင်တောင်မှ စုထားတဲ့ ငွေလေးနဲ့ ပြန်ပြီးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်ပြီးတော့ ကိုယ့်ရဲ့ မိသားစုကိုလည်း ပြန်ပြီးတော့ဝင်ငွေဖြည့်ပေးနိုင်တာမျိုးတွေကို ဆောင်ရွက်နိုင်လာခဲ့ပါတယ်။ လက်လီလုပ်ငန်းရှင်တွေကို သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဘယ်လိုထိန်းသိမ်းရသလဲ။ အရောင်းတက်လာအောင် ဘယ်လို လုပ်ဆောင်ရသလဲ ။ ဝင်လာတဲ့ငွေကိုလည်း ဘယ်လိုလုပ်ရမလဲဆိုတာ ထိန်းသိမ်းရမလဲ။ စီမံခန့်ခွဲရမလဲဆိုတာ တတ်ပြီးတဲ့သူတိုင်း သူတို့ရဲ့လုပ်ငန်းတွေမှာ ပြန်လည် အသုံးချနိုင်တယ် ” သူက ပြန်ရှင်းပြပါတယ်။
နောက်ဆုံးအနေနဲ့ ကိုကာကိုလာရဲ့ ဆက်လက်လုပ်ဆောင်မယ့်အကြောင်းတွေကိုလည်း အခုလို ရှင်းပြပါတယ်။ လုပ်ဆောင်ချက်မှန်သမျှမှာတော့ စားသုံးသူကို အခြေခံထားပြီး ဖော်ဆောင်သွား တာများပါတယ်။ မြန်မာပြည်မှာရှိတဲ့ စားသုံးသူတွေ နှစ်ခြိုက်မယ့် သူတို့နဲ့ သင့်တော်မယ့် ပစ္စည်းတွေနဲ့ အမျိုးအစားတွေကို လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အရသာမျိုးတွေ ကို ဆက်လက်ပြီးဖေါ်ဆောင်သွားဖို့ ရှိပါတယ်လို့ ဒေါ်ရှယ်လီအောင်က ပြောပါတယ်။ ဒါ့အပြင် ကုမ္ပဏီအတွင်းမှာ တကယ့်ကိုတင်းကျပ်တဲ့ QC (Quality Control) ရှိပြီး ထုတ်လုပ်တဲ့ ပစ္စည်းများက ကုမ္ပဏီအတွင်းမှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာထားသော အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေဖြစ်သလို မြန်မာမှာဆိုရင်လည်း မြန်မာရဲ့ လိုအပ်ချက်အရ FDA ကန့်သတ်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်လျောညီထွေတဲ့ တိတိကျကျ လိုက်နာထားတဲ့ စနစ်တွေနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ် လို့ ရှင်းပြပါတယ်။
ကိုကာကိုလာအနေနဲ့ ဈေးကွက်အတွင်းမှာ လူငယ်များစိတ်ကြိုက်တွေ့စေနိုင်မယ့် ကမ်ပိန်းတွေလည်း ထပ်မံပြီးရောက်ရှိလာဦးမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။