HomeBusinessCommodity distribution allowed to prevent price fluctuation

Commodity distribution allowed to prevent price fluctuation

(English summary below)

စားသောက်ကုန်များ ဈေးမြင့်တက်မှုမရှိစေရန် ဖြန့်ဖြူးရောင်းချခြင်းအား ဆက်လက်လည်ပတ်ခွင့်ပြု

အခြေခံစားသောက်ကုန်နှင့်လူသုံးကုန်များ ပြတ်လတ်ခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်မှုမဖြစ်ပေါ်ရန် အဆိုပါ ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချနေသည့်ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များကို ကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းများ တားမြစ်ထားခြင်းမရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဧပြီ ၂၄ ကထုတ်ပြန်လိုက်သည်။

ထိုသို့ ကန့်သတ်ထားခြင်းမရှိသော်လည်း ကုန်ပစ္စည်းထုတ်လုပ်ရောင်းချဖြန့်ဖြူးသူများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်နှင့် အညီစစ်ဆေးမှုခံယူပြီးမှသာ လုပ်ငန်းကို ပုံမှန်လည်ပတ်ခွင့်ပြုမည်ဖြစ်ပြီး ယင်းသို့ စစ်ဆေးမှုခံယူထားကြောင်း အသိပေးရမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းပြင် ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများအဆင်ပြေချောမွေစွာတင်သွင်းနိုင်ရန်အတွက်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊လုပ်ငန်းရှင်များနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ချိတ်ဆက်၍ ဖြေလျော့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုပြင် covid -19 ကြောင့် ပြည်တွင်းဈေးကွက်အတွင်း အခြေခံစားသောက်ကုန်နှင့် မရှိမဖြစ်လူသုံးကုန်များ ပြတ်လတ်မှုမရှိစေရန် ၊ကုန်ဈေးနှုန်းတည်ငြိမ်စွာရောင်းချနိုင်ရန်အတွက် ပြည်နယ်နှင့်တိုင်းများရှိ လက်လီဆိုင်များနှင့် ဈေးများကို စနစ်တကျဖွင့်လှစ်ထားပြီး ကုန်စည်စီးဆင်းမှုအဆင်ပြေစေရန် ယာဉ်နှင့် လူပုဂ္ဂိုလ်များကိုလည်း သတ်မှတ်ချက်များနှင့်အညီသွားလာခွင့်ပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


 

The Ministry of Commerce has announced that it will let food and commodity production and distribution businesses keep operating in order to prevent shortage of commodity and price hike.

However, they will need to be examined to see if they meet the requirements set by the Ministry of Health and Sports.

Moreover, the ministry is relaxing rules for the imports as the country is trying to make sure there is enough supply.

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img