Home Business Local Construction to Resume Soon on Dawei SEZ

Construction to Resume Soon on Dawei SEZ

Construction at Dawei Special Economic Zone is set to resume soon as the government and developer Italian-Thai Development have made changes to the contractual arrangements for the development of the industrial estate that comprises the initial phase of the project.

The Dawei Special Economic Zone Management Committee revealed that a mutually beneficial outcome had been reached whereby improved conditions for the financing of the industrial estate as a phased development were accepted without the Government of Myanmar having to assume an increase in project risk or a decrease in overall financial benefit.

The committee said it will issue a notice to the company to proceed with the initial industrial estate once it has eceived further evidence from Italian-Thai Development about its capacity to meet the capital expenditure requirements of the project and once certain other procedural conditions are met. It is expected that the notice will be issued soon.

The agreements on contractual arrangements for the development of the initial industrial estate at Dawei underpins the development of the eight other initial-phase projects.

“We assume that the construction process will start in mid-2020,” Dr. Myint San, vice president of Dawei Special Economic Zone Management Committee, said in an interview with a state-run newspaper.

Occupying 196 square kilometers, Dawei SEZ is made up of two phases, a 27 square kilometer initial phase and a 169 square kilometer main phase.

Italian-Thai Development gained the approval to borrow 4.5 billion baht from Thailand to build a 138 k.m., two-lane road connecting the zone to Htee Khee on the Thai-Myanmar border.

The main phase includes such mega projects as a deep-sea port and industrial zone, and Myanmar, Thailand and Japan will collaborate on the project.

The Thai and Myanmar governments in 2008 signed an agreement to develop Dawei Special Economic Zone. Thailand’s Italian-Thai Development and local company Max Myanmar jointly formed Dawei Development Company with Max Myanmar holding a 25 percent stake. However, the project was halted due to financial shortfalls.

In July 2015, Myanmar, Thailand and Japan held talks and the Japanese government agreed to provide $800 million loans in support of the project.

Tanintharyi Region, where Dawei Special Economic Zone is located, isMyanmar’s southernmost gateway to the greater Mekong Region, and as such it plays a strategic role in the Southern Economic Corridor encompassing Myanmar, Thailand, Cambodia and Vietnam.

Myanmar Summary

စာချုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ဆောင်ရွက်ပြီးစီး၍ ထားဝယ်အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်မှု မကြာခင်ပြန်လည်စတင်နိုင်မည်

အီတာလျံ-ထိုင်းကုမ္ပဏီနှင့် စာချုပ်ပိုင်းဆိုင်ရာ အစီအစဉ်များအား ပြင်ဆင်ဆောင်ရွက်မှုပြီးစီးခြင်း ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်မှု မကြာခင်ပြန်လည်စတင်နိုင်တော့မည် ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကထုတ်ပြန်လိုက်သည်။

ကနဦးစီမံကိန်း၏ စာချုပ်အချက်အလက်များ ပြင်ဆင်ဆောင်ရွက်ရာတွင် မြန်မာအစိုးရအနေဖြင့် ငွေကြေးအကျိုးအမြတ် တစ်စုံတစ်ရာလျော့နည်းစေခြင်းမဖြစ်ပေါ်စေရန် အချက်များပါဝင်သည်ဟု အဆိုပါ ဇုန်ကော်မတီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးစက်မှုဇုန်နယ်မြေစီမံကိန်းအကောင်အထည်ဖော်ရေးအတွက် ငွေလုံးငွေရင်း အရင်းအနှီးနှင့် တိကျသောလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်အထောက်အထားများအား ယင်းကုမ္ပဏီထံမှရရှိပါက စီမံကိန်းစတင်ဆောင်ရွက်ရန် ပြန်လည်ပေးပို့သွားမည်ဖြစ်ဟု ဖော်ပြထားသည်။

ယင်းကနဦးစက်မှုဇုန်နယ်မြေစီမံကိန်း စာချုပ်ပြင်ဆင်ပြီးစီးမှုသည် အခြားကနဦးအဆင့် စီမံကိန်း(၈)ခု အကောင်အထည်ပေါ်လာရေးအတွက် အဓိကအခြေခံအချက်ဖြစ်စေသည်ဟု ကော်မတီကဆိုသည်။

“ခန့်မှန်းခြေအားဖြင့် ၂၀၂၀ပြည့်နှစ်လလယ်ပိုင်းလောက်မှာ စနိုင်မယ်လို့ယူဆပါတယ်”ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာမြင့်ဆန်းက နိုင်ငံပိုင်မီဒီယာတွေ့ဆုံမေးမြန်းမှု တွင် ဖြေကြားခဲ့ဖူးသည်။

၁၉၆စတုရန်းကီလိုမီတာအကျယ်အဝန်းရှိသော ထားဝယ်အထူးစီးပွားဇုန်တွင် အပိုင်း(၂)ပိုင်းခွဲခြား ထားပြီး ကနဦးစီမံကိန်း၌ (၂၇)စတုရန်းကီလိုမီတာပါဝင်ကာ ပင်မစီမံကိန်း၌ (၁၆၉)စတုရန်းကီလိုမီတာ ပါဝင်သည်။

အီတာလျံ-ထိုင်းကုမ္ပဏီသည် ကနဦးစီမံကိန်းအတွင်းပါဝင်သည့် ထားဝယ်အထူးစီးပွားရေးဇုန်မှ ထိုင်း-မြန်မာနယ်စပ်ထီးခီးအထိ ၁၃၈ကီလိုမီတာရှည်လျားသောနှစ်လမ်းသွားကားလမ်းတည်ဆောက်ရန် ထိုင်းနိုင်ငံမှ ချေးငွေထိုင်းဘတ် ၄ဒသမ၅ဘီလီယံချေးယူရန် ခွင့်ပြုချက်ရရှိထားသည်။

ပင်မစီမံကိန်းတွင် ဆိပ်ကမ်းတည်ဆောက်ခြင်း၊ စက်မှုဇုန်တည်ထောင်ခြင်းစသော စီမံကိန်းအကြီးစား များပါဝင်သောကြောင့် မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စတင်အကောင်အထည်ဖော်ရန် ၂၀၀၈ခုနှစ်တွင် ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရချင်းလက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းနိုင်ငံမှအီတလျံထိုင်းကုမ္ပဏီနှင့် ပြည်တွင်းမှမက်စ်မြန်မာကုမ္ပဏီတို့ ပူးပေါင်း၍ Dawei Development Companyအနေဖြင့် ဖွဲ့စည်းခဲ့ပြီး မက်စ်မြန်မာဘက်မှ အစုရှယ်ယာ(၂၅) ရာခိုင်နှုန်းထည့်ဝင်ခဲ့ကာ လုပ်ကိုင်ခဲ့ပြီးနောက် ဘဏ္ဍာရေးအခြေအနေကြောင့် ရပ်နားခဲ့သည်။

ဘဏ္ဍာရေးအခက်အခဲကြောင့်ရပ်နားထားသော ယင်းစီးပွားရေးဇုန်စီမံကိန်းကို ၂၀၁၅ခုနှစ်ဇူလိုင်လ၌ ပြန်လည်စတင်ရန် မြန်မာ-ထိုင်း-ဂျပန်သုံးနိုင်ငံအစိုးရချင်းဆွေးနွေးပြီး ဂျပန်အစိုးရက အဆိုပါစီးပွားရေးဇုန် အပါအဝင် ထားဝယ်ဒေသဖွံ့ဖြိုးရေးအတွက် ကန်ဒေါ်လာသန်း(၈၀၀)ကျော် ထုတ်ချေးရန် သဘောတူထား သည်။

ထားဝယ်အထူးစီးပွားရေးဇုန်တည်ရှိရာ တနင်္သာရီတိုင်းဒေသကြီးသည် မဟာမဲခေါင်၏ အနောက်ဖက် ဆုံး ဝင်ပေါက်သဖွယ်ဖြစ်နေပြီး ဒေသတွင်းနိုင်ငံများနှင့် တောင်ပိုင်းစီးပွားရေးစင်္ကြန်(Southern Economic Corridor-SEC)သို့ ချိတ်ဆက်နိုင်သည့် အရေးပါသောနေရာ၌ တည်ရှိနေသည်။

- Advertisment -

Must Read

Unveiling the Untold Story of Myanmar’s Fashion Icon

When the straight, long rays of the sun moved into her room, she started writing the first words on the yellowing tissue-thin paper –...