HomeBusinessCovid-19 fund မှ စီးပွားရေးလုပ်ငန်း (၁၁၁) ခုကို ကျပ်ဘီလီယံ ၃ ဘီလီယံကျော် ထုတ်ချေး

Covid-19 fund မှ စီးပွားရေးလုပ်ငန်း (၁၁၁) ခုကို ကျပ်ဘီလီယံ ၃ ဘီလီယံကျော် ထုတ်ချေး

Covid-19 ၏ သက်ရောက်မှုကြောင့် ထိခိုက်နစ်နာမှုရှိသည့် စီးပွားရေးလုပ်ငန်းများကို အစိုးရက ကျပ် ဘီလီယံ (၁၀၀) ထုတ်ချေးပေးမည်ဟု ကြေညာပြီးနောက်တွင် တတိယအသုတ်အဖြစ် လုပ်ငန်း (၁၁၁) ခုကို ကျပ် ၃ ဒဿမ ၅၄၆၆ ဘီလီယံထုတ်ချေးထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

အဆိုပါ ချေးငွေထုတ်ချေးခြင်းကို ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်၍ ချေးငွေလျှောက်ထားခြင်းကို ဧပြီ ၉ ရက်အထိ နောက်ဆုံးထားလျှောက်ထားခွင့်ပြုခဲ့သည်။

ယခု ထုတ်ချေးသည့် လုပ်ငန်း (၁၁၁) ခုအပြင် ချေးငွေလျှောက်ထားသည့်လုပ်ငန်းများကျန်ရှိနေသေးပြီး အဆိုပါလုပ်ငန်းများ၏ချေးငွေလျှောက်ထားခွင့်ကို ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်မှ စိစစ်၍ ချေးငွေထုတ်ချေးပေးနေကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

အဆိုပါ အစိုးရ၏ စီးပွားရေးပြန်လည်ထူထောင်ရေး Covid-19 fund ထဲမှ ပထမအသုတ်အဖြစ် ချေးငွေ ကျပ် ၆ ဘီလီယံခန့်ထုတ်ချေးခဲ့ပြီး ဒုတိယအသုတ်တွင် ထုတ်ချေးထားသည့် ငွေကြေးပမာဏအား ကုန်သည်စက်မှုအသင်းချုပ်မှ ပြောကြားခြင်းမရှိပေ။

Exposing yourself to the sun or to temperatures higher than 25C degrees DOES NOT prevent the coronavirus disease (COVID-19)

ယင်းသို့ ချေးငွေလျှောက်ထားရာတွင် Covid-19 ၏ အကျိုးသက်ရောက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများကို ထုတ်ချေးမည်ဖြစ်ပြီး အတိုးနှုန်းမှာ ၁ ရာခိုင်နှုန်းသတ်မှတ်ထားကာ ချေးငွေသတ်တမ်းမှာ တစ်နှစ်ကြာမြင့်မည်ဖြစ်သည်။
အဆိုပါ ချေးငွေကို အွန်လိုင်းဖြင့်လည်း လျှောက်ထားနိုင်ပြီး အွန်လိုင်းမှ ချေးငွေလျှောက်ထားခြင်းကို ဧပြီ ၂ ရက်မှ စတင်လျှောက်ထားခွင့်ပြုခဲ့သည်။

ယင်းချေးငွေကို CMP လုပ်ငန်းများ၊ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊အထည်ချုပ်လုပ်ငန်းများနှင့် SME လုပ်ငန်းများကို ထုတ်ချေးပေးသားမည်ဖြစ်သည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img