Home Business Covid-19 Pushes E-commerce in Myanmar

Covid-19 Pushes E-commerce in Myanmar

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Written by Tayzar Bhone Myint

The government is trying to give a boost to the country’s e-commerce industry as the COVID-19 stalled businesses, U Aung Htoo, Deputy Ministry of Commerce, said.

It is also developing a guideline for the e-commerce industry and works on e-commerce registration.

Daw Win Win Tin, Managing Director of City Mart Holding, said that the industrial stakeholders felt encouraged to see the government is trying to leapfrog the e-commerce industry and build a payment platform.

She pointed out the need to upgrade the markets as conventional shops owner prefer the conventional market while shifting to the digital platform.

During the stay-home period, people go online to buy products they want and love door-to-door delivery creating opportunities for the country’s nascent e-commerce industry to boom in a short time. However, the payment methods are still not there.
Currently, the e-commerce sector is still less than 0.01 percent of Myanmar’s GDP while in the developed markets, the likes of the US, e-commerce sector represent approximately 2 percent of the country’s GDP. If the e-commerce sector grows to 0.1 percent, the market will worth $68 million.

Translated by Min Thu Aung


မြန်မာနိုင်ငံတွင် အွန်လိုင်းစီးပွားရေး e-commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ကပြောသည်။

COVID-19 နှင့် ကုန်သွယ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများကိုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန် ဆွေးနွေးခြင်းအစီအစဉ်တွင်ဒုတိယဝန်ကြီး ဦးအောင်ထူး ကပြောကြားခြင်းဖြစ်သည်။ e-commerce လုပ်ငန်းများမှတ်ပုံတင်ရေးနှင့် guideline ထွက်ပေါ်လာရေးကို လုပ်ဆောင်နေကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင်ရာတွင် e-commerce လုပ်းငန်းများက ပူးပေါင်းပါဝင်လာကြောင်းလည်း ဦးအောင်ထူးကပြောသည်။

e-commerce ပိုမိုဆောင်ရွက်နိုင်ရန်နိုင်ငံတော်အနေဖြင့်ရှိနေသည့် Infrastructure အပေါ်မူတည်ပြီးလုပ်ငန်းများကို Leapfrogging လုပ်ချင်သည့်အနေအထားကို အားတက်မိကြောင်းCity Mart Managing Director  ဒေါ်ဝင်းဝင်းတင့်ကဆိုသည်။

မိရိုးဖလာရောင်းချသူအများစုသည် စျေးများတွင်ရောင်းချသည့်အတွက် စျေးများကို အဆင့်မြှင့်တင်ရန်လိုအပ်ပြီး ယခုအခာ Digital  ပုံစံအွန်လိုင်းမှ တစ်ဆင့် ဆောင်ရွက်သင့်ကြောင်းလည်း ၄င်းကပြောသည်။

Digital စီးပွားရေးနှင့်ပတ်သက်ပြီး အခြေခံလိုအပ်နေသော ငွေပေးချေမှုနှင့် လုပ်ငန်းအစီအမံပိုင်း အများအပြားပါဝင်နေသည့်အတွက် ၀မ်းသာကြောင်း၊ မြေပြင်တွင်ကြုံတွေ့နေရသည့် အခက်အခဲများကို အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များကပူးပေါင်းမည်ဆိုပါက  Leapfrogging Opportunity အခွင့်အလမ်းရရှိမည် ဟုလည်း ဒေါ်ဝင်းဝင်းတင့်ကသုံးသပ်သည်။

မြန်မာနိုင်ငံတွင်လက်ရှိ COVID-19 ကာလ ပြည်သူများတွင် Stay Home နေထိုင်မှုတွင် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူမှုများရှိခဲ့ပြီး အိမ်တိုင်ရာရောက်ပို့ဆောင်မှုများကို ပြည်သူများသဘောကျခဲ့သည်။

ဖွံ့ဖြုးမှုနည်းပါးနေသေးသော e-commerce ကဏ္ဍသည် COVID-19 ကပ်ရောဂါအတွင်း သုံးစွဲသူများမှာ နေအိမ်တွင် နေထိုင်ရင်း အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူမှုများ ပိုမိုပြုလုပ်လာကြသောကြောင့် တဟုန်ထိုး ဖွံ့ဖြိုးလာနေသည်။ သို့သော် အဆိုပါ ဝန်ဆောင်မှုများအတွက် ငွေပေးချေရေးနည်းလမ်းများမှာ အဆင်သင့်မဖြစ်သေးပေ။

လက်ရှိတွင် မြန်မာနိုင်ငံ၏ e-commerce ကဏ္ဍမှာ နိုင်ငံ့ ဂျီဒီပီ၏ သုည ဒသမ ၀၁ ရာခိုင်နှုန်းသာရှိပြီး ဖွံ့ဖြိုးပြီးဈေးကွက်များတွင်တော့ နိုင်ငံ့ ဂျီဒီပီ၏ ၂ ၇ာခိုင်နှုန်းရှိနေသည်။ အကယ်၍ မြန်မာနိုင်ငံ၏ e-commerce ကဏ္ဍသည် သုညဒသမ ၁ ရာခိုင်နှုန်းအထိတိုးတက်လာပါက အမေရိကန် ဒေါ်လာ ၆၈ သန်းအထိ တန်ဖိုးရှိလာနိုင်သည်။

- Advertisment -

Must Read

Myanmar bank atm mastercard visa kbz (2)

Myamar Consumers Are into Contactless Payment: Visa Survey

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည် Nearly three in four (72 percent) of Myanmar consumers have expressed a clear interest in adopting contactless card payments, according to the...