HomeBusinessLocalCOVID-19 အတွက် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါတုန့်ပြန်ရေး မဟာဗျူဟာဦးစားပေး လေးရပ် EU ချမှတ်

COVID-19 အတွက် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါတုန့်ပြန်ရေး မဟာဗျူဟာဦးစားပေး လေးရပ် EU ချမှတ်

လတ်တလော ဖြစ်ပွားလျှက်ရှိနေသော COVID-19 အတွက် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတုန့်ပြန်ရေး မဟာဗျူဟာ အတွက် ဦးစားပေးချက် လေးရပ်ကို ဥရောပသမဂ္ဂ (EU)က ချမှတ်ခဲ့သည်။

ပထမဦးစွာ ကုသနည်းသစ်များနှင့် ကာကွယ်ဆေးထုတ်လုပ်ရန် အရင်းအမြစ်များကို စုပေါင်း အသုံးချရမည်ဖြစ်ပြီး ရလဒ်များကို တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် အများပိုင်အဖြစ် သက်မှတ်သင့်ကြောင်း၊ ဒုတိယအချက်အနေဖြင့် ဘဏ္ဍာရေးနှင့် ငွေကြေးသုံးစွဲမှုကို လှုံ့ဆော်နှိုးရန် နည်းလမ်းများကို ညှိနှိုင်းလုပ်ဆောင်၍ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကို ကာကွယ်ခြင်းဖြင့် စီးပွားရေးထိခိုက်မှုကို ကန့်သတ်လျှော့ချရန် လိုအပ်ကြောင်း၊ တတိယအချက်အနေဖြင့် ကျန်းမာရေးအာဏာပိုင်များ၏ သဘောတူညီချက်ရသည်နှင့်တစ်ပြိုင်နက် နယ်စပ်များကို စနစ်တကျ ပြန်လည်ဖွင့်ပေးရန် ညှိနှိုင်း၍ အစီအစဉ်ချမှတ်ထားသင့်ကြောင်း၊ နောက်ဆုံးအနေဖြင့် သတင်းအချက်အလက်မှားများ ဖြန့်ဝေနေခြင်းကို ဆန့်ကျင်တိုက်ဖျက်ရန် ပူးပေါင်းရန်လိုကြောင်း ဥရောပသမဂ္ဂကဆိုသည်။

ကမ္ဘာပေါ်ရှိနိုင်ငံများစွာသည် COVID-19 ကပ်ရောဂါနှင့် စတင်ကြုံတွေ့ရချိန်တွင် အန္တရာယ်ကိုညွန်ပြနေသည့် သတိပေးလက္ခဏားများအား လျစ်လျူရူကာ တစ်ဦးတည်းဖြေရှင်းခဲ့ကြပြီး ကမ္ဘာသူကမ္ဘာသားများအနေဖြင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်း မရှိခဲ့ပေ။ ယခုအချိန်တွင်မူ အတူတကွပူးပေါင်းခြင်းဖြင့်သာ အဆိုပါ ကပ်ရောဂါကို ကျော်လွားနိုင်မည်ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီဖြစ်သည်။

ထို့ကြောင့်စည်းလုံးစွာဖြင့် မရှိမဖြစ်အရေးကြီးသော ဆေးဘက်ဆိုင်ရာပစ္စည်းများ ပူးတွဲဝယ်ယူရေး ၊ အဆိုပါ COVID-19 အား ထိန်းချုပ်ရန် ဘုံမဟာဗျူဟာတစ်ရပ်ရေးဆွဲချမှတ်ရန် အရှိန်အဟုန်မြင့် လုပ်ဆောင်ရေး ၊ အစိုးရများအကြား ပူးပေါင်းဆောင်ရွက်ခြင်းအပြင် သိပ္ပံ ပညာရှင်များ စီးပွားရေးပညာရှင်များနှင့် မူဝါဒ ချမှတ်သူများကြား ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်း ဥရောပသမဂ္ဂကဆိုသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img