The Union of Myanmar Federation of Chamber of Commerce and Industry (UMFCCI) said that the Covid-19 testing for the truck drivers using Rapid Test Kits will not stop despite the new year holidays.
The authorities will conduct the covid-19 tests for truck drivers at the Myanmar Convention Center during the holidays aiming to streamline the flow of goods while making sure to prevent the spread of the virus.
U Phyo Min Thein, Chief Minister of Yangon, on December 28, met U Aye win, General Secretary of UMFCCI, and U Myo Thant and Dr. Win Si Thu, Joint General Secretaries of UMFCCI, to discuss the ongoing testing activities and how to make sure of a better testing process.
Moreover, with the instruction of the Yangon Regional Government to provide safer and cheaper essential goods, the mobile market program, which sells meat, fish, vegetables, and essential commodities on vehicles, will keep running during the new year holidays.
According to data from the Ministry of Health and Sports, there are a total of 123,740 reported cases with 106,121 recovered and 2,664 deaths.
နှစ်သစ်ကူးကာလပိတ်ရက်များရှိသော်လည်း ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များအား ကိုဗစ်ရောဂါပိုး ရှိ/မရှိ Test Kit များဖြင့် စစ်ဆေးပေးခြင်းကို ရပ်နားမည်မဟုတ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်း မှုချောမွေ့စေရေးနှင့် COVID-19 ရောဂါ ကူးစက် ပြန့်ပွားခြင်းမရှိစေရေးတို့အတွက် နှစ်သစ်ကူး ကာလပိတ်ရက်အချို့တွင်လည်း ရန်ကုန်မြို့တွင်း သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ (MCC) တွင် Rapid Test Kit ဖြင့် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စအတွက် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းနှင့် ကုန်သည်စက်မှု အသင်း ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဦးမျိုးသန့်၊ ဒေါက်တာဝင်းစည်သူတို့ တွေ့ဆုံကာ MCC တွင် Rapid Test Kit ဖြင့် ရောဂါပိုးရှိ/ မရှိ စစ်ဆေးပေးနေမှုအခြေ အနေ များ၊ Test Kitစစ်ဆေးရာတွင်အဆင်ပြေ ချောမွေ့ စေရေး ဆောင်ရွက်နေမှုများနှင့် လက်ရှိအခြေအနေများအား ဆွေးနွေး ခဲ့ကြသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုအရ ကိုဗစ်ကာလအတွင်း ပြည်သူ များ သက်တောင့် သက်သာစွာနှင့် ဈေးနှုန်း ချိုသာစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် မြို့နယ်များအတွင်းဈေးကားများဖြင့် သားငါး စားသောက်ကုန်များ ရောင်းချခြင်း (Mobile Market) အစီအစဉ်အား နှစ်သစ်ကူးကာလ ပိတ်ရက်အချို့တွင်လည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ဒီဇင်ဘာ ၂၉ရက်နေ့ ထုတ်ပြန်ချက် အရ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၇,၀၁၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၅၈၉) ဦး တွေ့ရှိရကြောင်း သိရသည်။
They are not for veterinary use. cialis They are certainly not for human use.