မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါစမ်းသပ်မူများတွင် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာစေရန်အတွက် Good Neighbours International မှတစ်ဆင့် ကျန်းမာရေး စောင့်ရှောက်မူ လက်လှမ်းမီမှုရှိရေး ရန်ပုံငွေနှင့် အလှူရှင်များဖြစ်သည့် ဗြိတိန် ဆွီဒင် အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့က အမေရိကန်ဒေါ်လာ ခုနှစ်သိန်း တန်ဖိုးရှိ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
COVID-19 သံသယ လူနာများအား အမျိုးသားကျန်းမာရေး ဓါတ်ခွဲခန်းမှ ရောဂါရှိမရှိ စမ်းသပ်မူများလုပ်ဆောင်ရာတွင် စွမ်းရည်ပိုမိုကောင်းမွန်လာစေရေး အတွက် အမေရိကန်ဒေါ်လာ ခုနှစ်သိန်း တန်ဖိုးရှိ စမ်းသပ်ပစ္စည်းကရိယာများ ၊ ဓါတ်စမ်းပစ်စည်းနှင့် အခြားဓါတ်ခွဲခန်းသုံးပစ္စည်းများ ဝယ်ယူခဲ့သည်။
ပထမအသုတ်ပစ္စည်းများအဖြစ် (COVID-19 စမ်းသပ်ပစ္စည်း (real-time PCR tests) ၅၀၀၀ကျော် ၊ ဓါတ်ခွဲရန် နမူနာကို ပို့ဆောင်သည့် VTM ဖန်ချောင်း ၁၀၀၀၀ ၊ တို့သည် ရန်ကုန်လေဆိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ယင်းပစ္စည်းများအား အလျှင်အမြန် လွှဲပြောင်းပေးသွားမည်ဖြစ်သည်။ အစီစဥ်အရ စမ်းသပ်ပစ္စည်း စုစုပေါင်း ၂၀၀၀၀ ကိုလည်း ဝယ်ယူသွားမည်ဖြစ်သည်။
ထို့ပြင် Good Neighbours International သည် ၎င်းစီမံကိန်းလုပ်ဆောင်နေသည့် ရန်ကုန် ၊ ဒလနှင့် အပူပိုင်းဒေသများရှိ သုံးသောင်းကို ဦးတည်ပြီး COVID-19ကြောင့် ဘေးအန္တရယ်ရှိနိုင်မည့် အခြေနေများကို လူထုအတွင်း အသိနိုးကြားလာစေရေး လုပ်ဆောင်ချက်များပြုလုပ်သွားမည်ဖြစ်သည်။