After the government launched the COVID-19 funds inviting donations from citizens, the funds received over K10 billion and $2 million donations in a week, according to data from the COVID-19 Vaccine Fund Management Sub-committee.
Between January 6 and 12, 728 people living in the country and abroad have donated K10.126 billion and $2.673 million to purchase the COVID-19 vaccine.
The government forming the COVID-19 Vaccine Fund Management Sub-committee on December 30 launched the fund by putting $250 million and K1 billion to buy the COVID-19 vaccine.
Businessmen, business organizations, charity organizations, and individuals have donated to the funds.
Moreover, the Tatmadaw, Myanmar Army, also donated K1 billion to the fund on January 7.
Meanwhile, Myanmar and Indian pharmaceutical company Serum Institute have signed an agreement to buy vaccines, according to the press release by the India Embassy to Myanmar.
In addition, the Chinese vaccine is also expected to ship to Myanmar earlier this year and the two countries are in talks on the matter, according to Myanmar Embassy in Beijing.
The government also announced that people can donate to the COVID-19 Vaccine Fund through mobile wallets such as CB-Pay, KBZ-Pay, and OK$ in addition to private banks such as KBZ Bank, CB Bank, AYA Bank, UAB Bank, and MAB Bank.
Moreover, funds can be donated by cash at supermarkets such as City Mart, Market Place, Sein Gay Har, Aeon Orange; mini-marts and stores such as Denko Mini Market, Fun Fun Mart, ABC Convenience Store, and Oasis; agents of mobile wallets such as M-Pitesan, True Money, and MyTel Pay; mobile phone shops such as Any Call, e-City, Lu Gyi Min and Mr.Fone; and Wai Yan Electronics.
Written by Ko Myo
ကိုဗစ် ၁၉ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေများ ထည့်ဝင်ခဲ့ကြရာ တစ်ပတ်အတွင်း အလှူငွေအဖြစ် မြန်မာကျပ်ငွေ သန်းပေါင်း တစ် သောင်းကျော်နှင့် ကန်ဒေါ်လာ နှစ်သန်းကျော် ရရှိကြောင်း ရန်ပုံငွေ ရရှိရေးစီမံခန့်ခွဲမှု ဆပ်ကော် မတီက သိရသည်။ ကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေများ ထည့်ဝင်ရာတွင် ပြည်တွင်းပြည်ပမှ အလှူရှင် ၇၂၈ ဦးက ဇန္နဝါရီလ ၆ ရက်မှ ၁၂ ရက်အထိ ကျပ် ၁၀၁၂၆ ဒသမ ၈၅၄ သန်းနှင့် အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၇၃ သန်းကို ထည့်ဝင်ခဲ့ခြင်း ဖြစ်သည်။
COVID 19 ကာကွယ် ထိန်းချူပ်၊ကုသရေး အမျိုး သားအဆင့် ဗဟိုကော်မတီသည် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးအတွက် ရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်ကနေဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မတီမှ ရန်ပုံငွေ အဖြစ် အမေရိကန်ဒေါ်လာ သန်း ၂၅၀ နှင့် မြန်မာကျပ်ငွေ သန်း ၁၀၀၀ ကို ကနဦး မတည်ခဲ့သည်။
ထို့နောက် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်ကြီး များ၊ စီးပွားရေးအသင်းအဖွဲ့များ ၊ လူမှုရေး အဖွဲ့အ စည်းများ၊ တစ်ဦးတည်းအလှူရှင်များက အလှူ ငွေများကို ထည့်ဝင်ခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် တပ်မတော်မှလည်း ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် ဇန္နဝါရီလ ၇ ရက်နေ့ တွင် ပထမအကြိမ်အဖြစ် အလှူငွေ ကျပ်သန်း တစ်ထောင်ကို ထည့်ဝင်လှူဒါန်းထားကြောင်း သိရသည်။
လက်ရှိတွင် အိန္ဒိယဆေးကုမ္ပဏီ Serum Institute နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ တို့ အကြား ကာကွယ်ဆေးဝယ်ယူရန် နှစ်ဘက် သေဘာတူ လက်မှတ်ရေးထိုးထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်း ထုတ်ပြန် ထားသည်။
ထို့အပြင် တရုတ်နိုင်ငံမှ ထုတ်လုပ်သော ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေးမှာလည်းယခုနှစ်နှစ်ဆန်း ပိုင်းတွင် ရောက်ရှိမည်ဟု သိရပြီး နှစ်နိုင်ငံကြား ဆွေးနွေးမှုများ ဆက်လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံရှိ ပေကျင်းမြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။
ရန်ပုံငွေအတွက် လှူဒါန်းလိုသူများအနေဖြင့် Mobile Wallet များဖြစ်သည့် CB-pay, KBZ-pay, OK$ တို့၏ QR Code မှတစ်ဆင့် ငွေပေး ချေလှူဒါန်းနိုင်ကြောင်း အခြား Mobile Wallets များဖြင့်လည်း လှူဒါန်းနိုင်စေရန် ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။
ထို့အပြင် ပုဂ္ဂလိက ဘဏ်များမှတဆင့် လှူဒါန်း လိုပါက KBZ ဘဏ်၊ CB ဘဏ်၊ AYA ဘဏ်၊ UAB ဘဏ်၊ MAB ဘဏ္မ်ား၏ Internet/Mobile Banking App များမှတစ်ဆင့် ငွေပေး ချေ လှူဒါန်းနိုင်ပြီး အျခား ကျန်ရှိနေသော Internet/ Mobile Banking App များဖြင့် အလှူငွေ ထည့်ဝင်နိုင်စေရန်အတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
အလားတူ ပြည်တွင်းဘဏ်အသီးသီးမှထုတ်ထား သည့် MPU Debit/Credit Cardများဖြင့်လှူဒါန်း ခြင်း၊ ပြည်တွင်းဘဏ် အသီးသီး မွ ထုတ်သော Visa/Master Credit Cardများဖြင့်လှူဒါန်းခြင်း၊ ပြည်ပဘဏ်အသီးသီးမှ ထုတ်သော Visa/Master Debit & Credit Card များဖြင့် လှူဒါန်းခြင်းတို့လည်း ပြူလုပ်နိုင်ကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်းရှိ City Mart, Marketplace, Sein Gay Har, Aeon Orange စသည့် စူပါမား ကက်များ၊ Denko Mini Market, Fun Fun Mart, ABC Convenience Store, Oasis စသည့် မီနီမတ်နှင့် စတိုးဆိုင်များ၊ M-Pitesan, True Money, MyTelPay စေသာ မိုဘိုင်း ဝေါလက်အေးဂျင့်များ၊ Any Call, e-City, Lu Gyi Min, Mr. Fone စသည့် မိုဘိုင်းဖုန်းဆိုင်များ၊ Wai Yan Electronics ဆိုင်နှင့် Near Me logo ဖြင့် လက်ခံသောဆိုင်များတွင်လည်း Over-the-Counter အဖြစ် ငွေသားဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။
Roche officially released isotretinoin in the United States in as Accutane, and later released the drug in Europe in as Roaccutane. vgrmalaysia.net The drug was marketed for those with severe acne as a treatment option once all other methods had failed.