HomeBusinessLocalCovid-19 ကာကွယ်တားဆီးရေးပစ္စည်းများအတွက် သွင်းကုန်လိုင်စင် လျှောက်ထားရန် မလို

Covid-19 ကာကွယ်တားဆီးရေးပစ္စည်းများအတွက် သွင်းကုန်လိုင်စင် လျှောက်ထားရန် မလို

Covid-19 ရောဂါ ကာကွယ်တားဆီးရေးတွင် လိုအပ်သည့် ပစ္စည်းများဖြစ်သည့် Surgical Mask၊  PPE ဝတ်စုံ တို့ကိုလည်းကောင်း၊ လူနာကုတင်၊ ဆေးရုံသုံး အသက်ရှုစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများကို တင်သွင်းမည်ဆိုပါက သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ တင်သွင်းခွင့်ပြုထားကြောင်း ကုန်သွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Covid-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ရောဂါကာကွယ်ရေးအတွက် လိုအပ်သော ဆေးဝါးများနှင့် ဆေးပစ္စည်းများ ပြည်တွင်း၌ လုံလောက်မှုမရှိသည့်အပြင် ပြည်ပမှ တင်သွင်းရာတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနအနေဖြင့် ကုန်ပစ္စည်းများ ပြည်ပမှ မှာယူတင်သွင်းရာတွင် လုပ်ငန်းလွယ်ကူလျင်မြန် ချော့မွေ့စေရန်အတွက် လိုင်စင်လျှောက်ထားရန် လိုအပ်သည့် ကုန်ပစ္စည်းစာရင်းကို ထုတ်ပြန်ထားကြောင်း သိရသည်။

လိုင်စင်လျှောက်ထားရန် လိုအပ်သည့် ဆေးပစ္စည်းများတင်သွင်းမည်ဆိုပါက လျင်မြန်စွာ တင်သွင်းနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဉီးစီးဌာန၏ သတ်မှတ်လုပ်လုပ်ထုံးလုပ်နည်းများနှင့်အညီ သွင်းကုန်လိုင်စင် လျှောက်ထားမှုကို ဧပြီလ ၁ရက်နေ့မှ စတင်၍ Full Online စနစ်ဖြင့် ဆောင်ရွက်ပေးနေလျက်ရှိသည်။

ထို့ပြင် ပြည်ပမှ ဆေးဝါးနှင့် ဆေးပစ္စည်းများ လှူဒါန်းလိုပါက အလွယ်တကူ တင်သွင်းနိုင်ရန် လိုအပ်သော တင်သွင်းခွင့် ထောက်ခံချက်များကို ဖြေလျော့ ဆောင်ရွက်ပေးနေလျက်ရှိသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img