အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
The Ministry of Health and Sports has relaxed its restriction on public gatherings by allowing up to 30 people to gather starting from August 16 as Yangon, the most important commercial city in Myanmar, has not reported any new locally transmitted COVID-19 cases for other three months. This is the second time it relaxed the restriction.
On July 29, it first relaxed the restriction on gathering allowing up to 15 people crowd from no more than five people, which was in place since April 19.
The Ministry’s announcement also urged people to follow the guidelines and orders set forth by the government or will face legal punishments in accordance with the Prevention and Containment of Disease Law.
According to the Ministry of Health and Sports, Myanmar has 369 confirmed cases with 6 deaths and 318 recovered patients.
Written by Tayzar Bhone Myint/ Translated into English by Min Thu Aung
ကိုဗစ်-၁၉ ရောဂါ လက်ရှိဖြစ်ပွားမှု အခြေအနေအရ ဩဂုတ်လ ၁၆ ရက်မှစတင်ကာ လူ ၁၅ဦးအစားလူ၃၀ဦးဖြစ်စေ၃၀ဦးထက်ပို၍ဖြစ်စေစုဝေးခွင့်မပြုကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဩဂုတ် ၁၂ ရက်နေ့က ထုတ်ပြန်သည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေအရဧပြီလ ၁၆ ရက်က စပြီး လူ ၅ ဦးဖြစ်စေ လူ ၅ ဦးထက်ပို၍ ဖြစ်စေ စုဝေးခွင့်မပြုဟုစတင်ကြေညာခဲ့ပြီ ဇူလိုင်လ ၂၉ တွင် လူ ၁၅ ဦးဖြစ်စေ လူ ၁၅ ဦးထက်ပို၍ ဖြစ်စေ စုဝေးခွင့်မပြုဟုထုတ်ပြန်ထားခဲ့သည်။
ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ထုတ်ပြန်ထားသော အမိန့်တွေ၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှာ ဩဂုတ် ၁၄ ရက်မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း (၃၆၉) ဦး ရှိပြီဖြစ်သည်။
သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၁၈ဦး၊ ရောဂါပျောက်ကင်း၍ဆေးရုံက ဆင်းခွင့်ပြုခဲ့သူ ၃၁၀ ဦးရှိပြီး စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိသည်။