Daw Aung San Suu Kyi, the State Counsellor of Myanmar, has pledged that no one will be left out from K40,000 assistance, the fourth batch of government financial assistance.
“We will never knowingly leave anyone [from the program]. If someone does not get the assistance, we will provide him or her. Therefore, I would like to implore our responsible citizens to help the process go smoothly as we want to make sure this fourth financial assistance is quick and complete,” she said in her address to the country regarding the COVID-19 pandemic.
She also suggested people report if not get the financial assistance by sending a complaint letter to the government.
“The government has ordered to open complaint resolution departments to address the data collection, disputes, and complaints starting from November 16 and will issue the phone numbers where you can report,” U Zaw Htay, spokesperson of the President Office, said.
The government will provide a total of K163.905 billion as the fourth batch of financial assistance to 6.1 million families across the country with K20,000 per household outside of the Stay-at-home area and K40,000 per household in the Stay-at-home area.
Written by Ko Myo
နိုင်ငံတော်မှ စတုတ္ထအကြိမ်ပေးသောထောက် ပံ့ကြေးလေးသောင်းအား ဘယ်သူ့ကိုမှ ချန်ခဲ့ ဖို့မရှိဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောသည်။
“ရည်ရွယ်ချက်နဲ့ ဘယ်သူ့ကိုမှ ကျွန်မတို့ ထားခဲ့ မှာမဟုတ်ပါဘူး။ အကယ်၍ကျန်ခဲ့ ရင်လည်း ပြန်ပြီးတော့ ပံ့ပိုးပေးမှာ ဖြစ်ပါတယ် ။ ဒါကြောင့် ကျွန်မတို့ရဲ့ အင်မတန်မှ တာဝန်သိတဲ့ ပြည်သူ လူထုဟာ အားလုံးဝိုင်းပြီးတော့ ဒီကိစ္စကို ချောချောမွေ့မွေ့နဲ့ ဖြေရှင်းနိုင်ဖို့အတွက် ပံ့ပိုး ကူညီစေချင်ပါတယ် ။ စတုတ္ထအကြိမ်မြောက် ပံ့ပိုးမှုတွေကို မြန်မြန်ဆန်ဆန်နဲ့ အားလုံး ပြည့်ပြည့်စုံစုံ လုပ်သွားချင်ပါတယ် “ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေ နှင့် စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အကြောင်းကြောင်းကြောင့် ကျန်ခဲ့သူများ ရှိပါက တိုင်စာဌာနတွင် တိုင်ကြားနိုင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။
“ပထမ၊ ဒုတိယ ၊ တတိယအကြိမ် အားလုံး ချောချော မွေ့မွေ့ ဖြစ်ခဲ့ပါတယ် ။ အခု စတုတ္ထ အကြိမ်မှာ တချို့နေရာတွေမှာ လူစုလူဝေး လုပ်ပြီးတော့ နည်းနည်းဆူပူတာတွေ ဖြစ်လာ တယ်ဆိုတာလည်း ကျွန်မတို့ တွေ့ရပါတယ်။ ဒါတွေဟာလည်း မလိုအပ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ဘယ်သူ့ ကိုမှချန်ခဲ့ဖို့ မရှိပါဘူး။ ဘယ်သူ့ကိုမှလည်း ချန်ခဲ့မှာမဟုတ်ပါဘူး။ အကြောင်းကြောင်း ကြောင့် ကျန်ခဲ့တယ်ဆိုရင် တိုင်ကြားနိုင်တဲ့ ဌာနကို စပြီးတော့ ဖွင့်ပါပြီ ။ အဲဒီတော့ တိုင်ကြားနိုင်ပါတယ် ။ ကိုယ့်မိသားစု ကျန်ခဲ့တယ်ဆိုရင်။ တစ်ယောက်တည်း သမားမို့လို့ကိုယ့်ရပိုင်ခွင့်ကိုမရဘူးဆိုရင်တိုင်လို့ရပါတယ် ။ အဲဒီတော့ အေးအေးဆေးဆေး နဲ့ တိုင်စာဌာနမှာ တိုင်ကြပါ။ အခြေအနေ ဘယ်လိုဖြစ်တာလဲဆိုတာကို ပြောကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
COVID-19 ကာလအတွင်း နိုင်ငံတော် အစိုးရမှ စတုတ္ထအကြိမ်မြောက်အဖြစ် နေထိုင်ရာ ရပ်ကွက်များ၌ အိမ်ထောင်စုစာရင်းရှိပြီး ပိုင်ဆိုင်မှုတစ်စုံတစ်ရာမရှိ၊ပုံ မှန်အလုပ်အကိုင်အတည်တကျမရှိသည့် သာမာန်လက်လုပ်လက်စား အခြေခံလူတန်းစား ပြည်သူများအတွက်တစ်အိမ် ထောင်လျှင် ကျပ်လေးသောင်းစီ ထောက်ပံ့ကြေး ကို အထွေထွေအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပေးရန် ကြေညာထားခြင်းဖြစ်သည်။
“လက်ရှိ ဖြစ်ပေါ်နေတဲ့ စာရင်းကောက်ယူတဲ့ကိစ္စ၊ အငြင်းပွားမှုတွေ၊ မကြေလည်မှုတွေနဲ့ ပတ်သက်လို့ မြို့နယ်အဆင့် တိုင်ကြားမှု ဖြေရှင်းရေးဌာနတွေကို နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီးဖွင့်လှစ်ဖို့၊ ပြည်သူတွေ အလွယ် တကူ ဆက်သွယ်တိုင်ကြားနိုင်မယ့် ဖုန်းနံပတ်တွေကို ထုတ်ပြန်ပေးဖို့ ညွှန်ကြား ထားကြောင်းသိရှိရပါတယ်” ဟု သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောသည်။
COVID-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ငွေကြေး ထောက်ပံ့ရာတွင် Stay at Home ပြင်ပ၌ ရှိသော အိမ်ထောင်စု (၁)စုလျှင် (၂၀၀၀၀) ကျပ်နှုန်း၊ Stay at Home အတွင်းရှိသော အိမ်ထောင်စု (၁)စုလျှင် (၄၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၆.၁)သန်းခန့် အတွက် ကျပ်(၁၆၃.၉၀၅)ဘီလီယံကို နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးသွားမည်ဟုသိရသည်။