by Myo Sandar
A two-lane road will be built connecting Dawei Special Economic Zone and Htee Khee on the Myanmar-Thai Border, funded with loans from Thailand. The road will form part of the initial phase of the megaproject, which has been more than 10 years in the making.
Road construction is set to begin this year and expected to be completed by 2023. Relevant authorities are working on a technical feasibility study. Upon completion of the study, the Ministry of Construction will sign a loan agreement with NEDA and launch a tender process to select the most suitable contractor.
Initiated by the military government in 2008, the Dawei SEZ project in the southernmost Tanintharyi Region was halted in 2013 and then resumed in 2015 with an invitation to bid. Tender winner Italian-Thai Development is working on the project.
“We will borrow from Thailand. The Ministry of Construction will implement the road project. The Italian-Thai company has built a two-lane earth road and we will take care of the design and safety issues of the road,” said an official from the Dawei Economic Zone Management Committee who declined to be named.
Road construction is expected to start within six months of completion of the tender process and will take up to three years.
Dawei Special Economic Zone will occupy 6,928 acres of land. The Tanintharyi Regional Government and the Ministry of Planning, Finance and Industry will pay out K68 billion in compensation to land owners for 6,624 acres of land taken for the project.
ထားဝယ်အထူးစီးပွားရေးဇုန်၏ ထိုင်း-မြန်မာနယ်စပ် ထီးခီးအထိ နှစ်လမ်းသွားကားလမ်း ၂၀၂၃ ခုနှစ်တွင်ပြီးစီးမည်
ထားဝယ်အထူးစီးပွားရေးဇုန်တွင် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းဟု အပိုင်းနှစ်ပိုင်းခွဲထားပြီး ကနဦးစီမံကိန်း၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထားဝယ်အထူးစီးပွားရေးဇုန်၏ ထိုင်း-မြန်မာနယ်စပ် ထီးခီးအထိ အဆင်မြှင့်တင်ဖောက်လုပ်မည့် နှစ်လမ်းသွားကားလမ်းဖောက်လုပ်ရေးအတွက် ထိုင်းနိုင်ငံမှ ချေးငွေယူဆောင်ရွက်မည်ဖြစ်သည်။
ယခုနှစ်တွင်စတင်ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်မှန်းထားသည့် လမ်းဖောက် လုပ်ရေးအတွက် ချေးငွေစာချုပ်မချုပ်ဆိုမီ နည်းပညာပိုင်းဆိုင်ရာ လေ့လာခြင်းအစီရင်ခံစာကို ပြုစုလျက် ရှိကြောင်း သိရသည်။ ယင်းနောက်တွင် အစီရင်ခံစာပြီးစီးပါက ထိုင်းနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများ ဖွံ့ဖြိုးရေးအေဂျင်စီ NEDA နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ချေးငွေသဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုး၍ သင့်တော်သော ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ရွေးချယ်တည်ဆောက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ရပ်တွင် ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်သည် စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းရပ်ဆိုင်းကာ ၂၀၁၅ ခုနှစ်တွင် ပြည်ပကုမ္ပဏီများကို စီမံကိန်းအကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်ခဲ့ သည့် အီတာလျှံထိုင်းကုမ္ပဏီမှ စီမံကိန်းအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ နှစ်လမ်းသွားကားလမ်းဖောက်လုပ်ရန် မြန်မာနိုင်ငံအစိုးရမှ ဦးဆောင်မှုဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ အိမ်နီးချင်းနိုင်ငံများဖံ့ွဖြိုးရေးအေဂျင်စီ NEDA နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ချေးငွေသဘောတူညီချက်စာချုပ်လက်မှတ်ရေးထိုးပြီးပါ က တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ဒုဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။
“ထိုင်းနိုင်ငံက ချေးငွေယူမယ်။ ဆောက်လုပ်ရးဝန်ကြီးဌာနက တာဝန်ယူ အကောင်အထည်ဖော်မယ်။ အခုဆိုရင် အဲဒီနှစ်လမ်းသွားကားလမ်း နဲ့ ပတ်သက်ပြီးတော့ အရင်တုန်းကတော့ အီတာလျံထိုင်းက နှစ်လမ်းသွားမြေသားလမ်းလုပ်ထားြ်ပီးသား အဲဒီအပေါ်မှာ ကျွန်တော်တို့က လမ်းရဲ့ ဒီဇိုင်းတို့ safety တို့ ကျွန်တော်တို့က ကြည့်ဖို့ လိုတာပေါ့နော်” ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ထို့သို့ နှစ်လမ်းသွားကားလမ်းဖောက်လုပ်ရန် တင်ဒါခေါ်ယူပြီးက လမ်းဖောက်လုပ်ခြင်းကို (၆) အတွင်းတွင် စတင်မည့်ဖြစ်ပြီး တည်ဆောက်ချိန် (၃) နှစ်ခန့်ကြာမြင့်နိုင်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော် မတီမှ သိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်း၏ စုစုပေါင်းအကျယ်အဝန်မှာ ၆၉၂၈ ဧကကျယ်ဝန်းပြီး မြေယာလျော်ကြေးပေးချေ ရန် စုစုပေါင်း ၆၆၂၄ ဧကကျန်ရှိပြီး တန်ဖိုး ကျပ် ၆၈ ဘီလီယံကျော်ပေးလျော်ရမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ မြေယာလျော်ကြေးပေးလျော်နိုင်ရန် တနင်္သာရီတိုင်းဒေသကြီး စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာ နမှ ဦးဆောင်လျက်ရှိကြောင်း သိရသည်။