Home Business DICA accepts visa extension

DICA accepts visa extension

English version available down below

DICA မှ ဗီဇာသက်တမ်းကုန်ဆုံးရန် ငါးရက်အထိ ကျန်ရှိနေသည့် နိုင်ငံခြားသား ကုမ္ပဏီ ၀န်ထမ်းများကို ဗီဇာ သက်တမ်းတိုးဆောင်ရွက်ပေးမည်

ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဗီဇာသက်တမ်းကုန်ဆုံးရန် ငါးရက်အထိ ကျန်ရှိနေသေးသည့် နိုင်ငံခြားသား ကုမ္ပဏီ၀န်ထမ်းများကို ဗီဇာ သက်တမ်းတိုးရန်အတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း DICA ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံခြားသား ကုမ္ပဏီ ၀န်ထမ်းများအနေဖြင့် ဗီဇာသက်တမ်းတိုးရန် တင်ပြပါက ကုမွဏီ၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအထောက်အထား (Contracts, Agreement, Invoice, လုပ်ငန်းလိုင်စင်၊ ခွင့်ပြုမိန့်) တို့ကို တင်ပြရမည်ဖြစ်သည်။

ထို့ပြင် ကုမ္ပဏီ Officer, Members နှင့် ၄င်းတို့ မိသားစု၀င်များအနေဖြင့် ဗီဇာသက်တမ်းတိုး ထောက်ခံချက်ရရှိရန်အတွက် ကုမွဏီ မှတ်ပုံတင်လက်မှတ်ဖြင့် တင်ပြနိုင်မည်ဖြစ်သည်။

ဗီဇာသက်တမ်းတိုး ထောက်ခံချက်ရရှိရန်အတွက် လျှောက်လွှာပုံစံများကို DICA Website မှ တစ်ဆင့်ရယူပြီး အချက်အလက်များ ပြည့်စုံစွာ တင်ပြလျှောက်ထားရမည်ဖြစ်ပြီး တင်ပြရာတွင် ကုမ္ပဏီ Officer ( Managing Director, Director, Authorized Officer, etc….) တစ်ဦ၏ လက်မှတ်ရေးထိုး၍ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

တင်ပြလာသည့် လျှောက်လွှာများအနက်မှ လက်ခံဆောင်ရွက်ပေးပြီးသော တင်ပြစာများအတွက် လိုအပ်သည့် စာအမှတ်ကို ရုံးသို့ လာရောက်ရန်မလိုဘဲ ကုမွဏီများအမည်အလိုက် နေ့စဉ်DICA ၀က်ဆိုဒ်တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလုပ်ဆောင်ပေးမည့် ဗီဇာ သက်တမ်းတိုးမြှင့်ပေးခြင်းသည် COVID-19 ရောဂါအတွက် နိုင်ငံတော်မှ ကြေငြာထားသည့် ကာလအထိသာ အကျုံး၀င်မည်ဖြစ်ကြောင်း သိရသည်။


DICA has accepted VISA extension of foreign staff and management experts that not later than five days prior to VISA expiry date.

The companies shall submit the application as follows;

  1. Fill the application form accordingly and the form shall be signed by the company officer (e.g., Managing Director, Director or Authorized officer, etc.). Application form can be downloaded here: https://www.dica.gov.mm/en/news/announcement-companies-0.
  2. Fill contact telephone number and email clearly.
  3. For the VISA extension of company officers/ members, and their family members, company registration certificate shall be submitted together with application form.
  4. For the first time appointment of foreign staff who do not have professional certificates, the application shall be submitted with the recommendation of company officer.
  5. For the VISA extension of employees of company, it will be required to submit documents relating to business operation (e.g., Contracts, Agreement, Invoice, License, Permit, etc.)
  6. Reference letter number of the submitted applications will be announced on https://www.dica.gov.mm/en/topic/list-recommended-companies-visa-ministry-labour

This announcement shall effect for the COVID-19 period prescribed by the government only.

- Advertisment -

Must Read

TrueMoney Cuts Transfer Rates by 30%

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည် TrueMoney, a mobile financial services provider, launched a campaign called “Tan Chat Ka Lan Htwat” reducing the domestic transfer rates for its...