Home Business Local Digital Payments Launched for SME Registration

Digital Payments Launched for SME Registration

Myo Sandar

The Directorate of Industrial Supervision and Inspection under the Ministry of Planning, Finance and Industry said that those applying for SME membership cards through its website www.msmewebportal.gov.mm/login can now pay registration fee online.
Applicants need to provide a passport-size photo taken against a blue background and fill out the application form in Unicode font in Myanmar language.
The registration fee of K5,000 for small enterprises and K10,000 for medium-size enterprises is payable using MPU, Visa, or MasterCard.
Myanma Economic Bank plans to provide JICA’s two-step loans totaling 10.5 billion yen (K140 billion) to registered SMEs. To date, over 73,000 SMEs have registered with the ministry.
Phase 1 of the loan scheme involved six local banks and the number will increase to 11 in Phase 2, namely Myanmar Citizen Bank, KBZ Bank, Myanma Economic Bank, CB bank, AYA Bank, First Private Bank, United Amara Bank, Myanmar Oriental Bank, SME Development Bank, Myanmar Apex Bank and Naypyidaw Municipal Bank.
Those eligible to apply for the loans are local SMEs that meet the requirements set under the SME Development Law enacted in 2015. They can borrow up to K500 million at 8.5 to 13 percent per annum, depending on collateral, with loan terms of 1-5 years.


Myanmar Summary

အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များအတွက် SME Member Card လျှောက်ထားခြင်းကို လျင်မြန်စွာဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာန ဝက်ဘ်ဆိုက် https://www.msmewebportal.gov.mm/login မှတဆင့် လျှောက်ထားရာတွင် အီလက်ထရောနစ် ငွေပေးချေမှုစနစ်ဖြင့် ငွေသွင်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

ယင်းသို့ အွန်လိုင်းစနစ်ကို အသုံးပြု၍ လျှောက်ထားနိုင်ရန် နောက်ခံအပြာရောင်ဖြင့် ရိုက်ထားသည့် ပတ်စ်စပိုပုံတစ်ပုံလိုအပ်ပြီး ဖြည့်စွက်ရန်လိုအပ်သည့်အချက်အလက်များကို မြန်မာဘာသာနေရာတွင် ယူနီကုတ်ဖြင့် ဖြည့်စွက်၍ အင်္ဂလိပ်ဘာသာနေရာတွင် အင်္ဂလိပ်ဖောင့်ဖြင့် ဖြည့်သွင်းရမည်ဖြစ်သည်။

MPU ကတ်နှင့် Visa Master ကတ်များအသုံးပြု၍ အွန်လိုင်းမှ အလွယ်တကူငွေပေးသွင်းနိုင်မည်ဖြစ်ပြီး လျှောက်ထားလိုသူများသည် အသေးစားစီးပွားရေးလုပ်ငန်းများ အတွက် (၅၀၀၀) ကျပ် နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် (၁၀၀၀၀၀) ကျပ် ပေးသွင်းရမည်ဖြစ်သည်။

လက်ရှိတွင် အသေးအစားအလတ်စားလုပ်ငန်းပေါင်း ခုနှစ်သောင်းသုံးထောင်ကျော်က SME လုပ်ငန်းများအဖြစ်မှတ်ပုံတင်ထားပြီး မှတ်ပုံတင်ထားသည့် လုပ်ငန်းများကို JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်(၂) အတွက် ဂျပန်ယန်း သန်း (၁၀၅၀၀) နှင့် ညီမျှသည့် မြန်မာကျပ် ၁၄၀ ဘီလီယံကျော်ကို အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များ (SMEs)ကို ထုတ်ချေးပေးသွားမည်ကြောင့် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်(၂) အတွက် ပြည်တွင်းဘဏ် (၁၁) မှထုတ်ချေးနိုင်ပြီး ယခင် စီမံကိန်းအဆင့်(၁) တွင် ပြည်တွင်းဘဏ် (၆) ခုမှတဆင့် ထုတ်ချေးခဲ့သည်။

ယခု စီမံကိန်းအဆင့်နှစ်တွင် ထုတ်ချေးနိုင်မည့် ပြည်တွင်းဘဏ်များမှာ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊မြန်မာစီးပွားရေးဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် နေပြည်တော်စည်ပင်ဘဏ်တို့က ထုတ်ချေးပေးသွားမည်ဖြစ်သည်။

အဆိုပါ ဘဏ်များတွင်  SMEs လုပ်ငန်းများသည် ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့သော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းဖွံ့ွဖြိုးတိုးတက်ရေးဥပဒေနှင့် ကိုက်ညီမှှုရှိပါကချေးငွေ လျှောက်ထားနိုင်ကြောင်း သိရသည်။

SMEs လုပ်ငန်းများသည် ကျပ် သန်း (၅၀၀) အထိ အများဆုံးထုတ်ချေးနိုင်ပြီး အတိုးနှုန်းမှာ အပေါင်ပစ္စည်းအပေါ်မူတည်ပြီး အနည်းဆုံး ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် အများဆုံး ၁၃ ရာခိုင်နှုန်း အသီးသီးသတ်မှတ်ထားကြောင်း သိရသည်။

ချေးငွသက်တမ်းကို အနည်းဆုံး ၁ နှစ်မှ အများဆုံး ၅ နှစ်အထိ သတ်မှတ်ထားပြီး ပုံသေရင်းနှီးငွေအတွက် ချေးငွေ၏ ၈၀ ရာခိုင်နှုန်းကို အသုံးပြုရမည်ဖြစ်ပြီး လည်ပတ်ရင်းနှီးငွေအတွက် ချေးငွေ၏ ၂၀ ရာခိုင်နှုန်းကို အသုံးပြုရမည်ဖြစ်သည်။

- Advertisment -

Must Read